A Star Is Born ဇာတ်ကား အစမ်းပြပွဲ ကို တက်ရောက်ခဲ့တဲ့ ဘရက်ဒလေကူးပါး နဲ့ လေဒီဂါဂါ

0
174

ပရိသတ်တွေ မျှော်လင့်တကြီး စောင့်မျှော်နေကြတဲ့ A Star Is Born လို့ အမည်ပေးထားတဲ့ ဂီတ နောက်ခံအချစ် ရုပ်ရှင်ဇာတ်ကား သစ်အစမ်းပြပွဲကို ဒါရိုက်တာအနေ နဲ့ရော ထုတ်လုပ်သူသာမက သရုပ် ဆောင်အနေနဲ့ပါ ပါဝင်ထားတဲ့ ဘရက်နဲ့အဆိုပါဇာတ်ကားရဲ့ အဓိက အမျိုးသမီးသရုပ်ဆောင်အဖြစ် ပါဝင် ထားတဲ့ လေဒီဂါဂါတို့အတူ တက် ရောက်ခဲ့ကြပါတယ်။

ထိုရုပ်ရှင်ဇာတ်ကားကို ကမ္ဘာ ကျော် ဝါနာဘရားသားရုပ်ရှင်ကုမ္ပဏီ ကြီးကစီစဉ်ရိုက်ကူးတာဖြစ်ပြီး ဇာတ် ကားစတင်တည်ချိန်ကတည်းက ပရိ သတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံနေ ရတာလည်းဖြစ်ပါတယ်။ ဒီဇာတ်ကား မှာ ဘရက်က အရက်နွံထဲ နစ်နေတဲ့ နာမည်ကြီးအဆိုတော် တစ်ယောက် အဖြစ် သရုပ်ဆောင်ထားပြီး လေဒီ ဂါဂါရဲ့ ဇာတ်ရုပ်က တော့ညဘားဆိုင်တွေမှာ ရုန်းကန်နေရတဲ့ တေးရေး၊ တေးဆို တစ် ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။

A Star Is Born ရဲ့ ထူးခြားချက် ကတော့ ပထမဦးဆုံးအကြိမ်အဖြစ် ၁၉၃၇ ခုနှစ်၊ ဒုတိယအကြိမ်အဖြစ် ၁၉၅၄ ခုနှစ်၊ တတိယအကြိမ်အဖြစ် ၁၉၇၆ ခုနှစ်အထိ အကြိမ်ကြိမ်ရိုက်ကူးခဲ့ပြီး ယခုအကြိမ်က ၄ ကြိမ် မြောက်ပြန်လည်ရိုက်ကူးထားတာကိုက အင်မတန်စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။

အဆိုပါဇာတ်ကားကို ယခုနှစ် ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့မှာ စတင်ရုံတင်ပြသမှာဖြစ်ကြောင်းလည်း သိရပါတယ်။

Ref:INDEPENDENT


LEAVE A REPLY

Please enter your comment!
Please enter your name here