ရုရှားနိုင်ငံမှာ မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာတွေကိုပြသနိုင်ဖို့ ကြိုးစားသွားမယ့် မြန်မာကျောင်းသား၊ ကျောင်းသူများ

0
160

 

PTA (Private Teachers’ Association) မှ စီစဉ်သည့် ရုရှား နိုင်ငံ လေ့လာရေးခရီးစဉ်ကို ထွန်း ဝီရ၊ နေမိုးဝင်း၊ဟန်ထူးဈာန်၊ ကောင်း စစ်မင်း၊ လေပြည်သွေးတို့ အပါအဝင် Private ကျောင်းများမှ ကျောင်း သား၊ ကျောင်းသူ ၁၅ ဦးနဲ့အတူ ဦးမိုး ဝင်း၊ ပတ္တမြားကေခိုင်တို့က ဇူလိုင်လ ထဲမှာ သွားရောက်ကြမှာဖြစ်ပါတယ်။

အဆိုပါခရီးစဉ်က ၂၁ ရက်ကြာ မြင့်မှာဖြစ်ပြီး မြန်မာကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ပြိုင်ပွဲတွေကို ပါဝင်ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ့ယဉ်ကျေးမှု အနုသု ခုမပညာရပ်တွေဖြစ်တဲ့ မြန်မာအက၊ ရုပ်သေးစတာတွေကိုလည်း တင် ဆက်ကြရမှာဖြစ်ပါတယ်။

”ကျွန်တော်တို့အနေနဲ့ အ ကောင်းဆုံးဖြစ်အောင်တော့ ကြိုး စားသွားမှာပါ။ ရုပ်သေးပညာတွေ၊ မြန်မာအကတွေနဲ့ပတ်သက်လို့ ကျွန် တော်အများကြီးလေ့လာသွားမှာပါ။ မြန်မာနဲ့သက်ဆိုင်တဲ့အနုပညာတွေအားလုံးတင်ဆက်ကြမယ်။ ဘာ ကြောင့်လဲဆိုတော့ နိုင်ငံပေါင်းစုံ ဆို တော့ အရေးကြီးတယ်လေ။ ပြီးတော့ ကျွန်တော်က ဟိုမှာဘတ်စကက်ဘော လည်း ကစားမယ်။ ဘောလုံးလည်း ဝင်ကန်လို့ရရင်ကန်မယ်။ ဘော် လီဘောလည်း ဝင်ကစားလို့ရရင် ဝင်ကစားမယ်”လို့ ခရီးစဉ်နဲ့ပတ်သက် ပြီးပြင်ဆင်နေမှုများအကြောင်းကို နေမိုးဝင်းက ပြောပြပါတယ်။ ဒီရုရှား နိုင်ငံခရီးစဉ်ဟာ အရင်ကတည်းက မြန်မာကျောင်းသားတွေကို ဖိတ်ခေါ် နေခဲ့ပေမယ့် မသွားရောက်ဖြစ်ခဲ့ကျ ဘဲ အခုကျမှသာ သွားရောက်ဖြစ်ကြ ခြင်းဖြစ်ပါတယ်။

သဘင်အစည်းအရုံး (ဗဟို) မှ ဒုတိယဥက္ကဋ္ဌ ဦးမိုးဝင်းနဲ့ ပြန်ကြား ရေးမှူး ပတ္တမြားကေခိုင်တို့လည်း လိုက်ပါသွားကြမှာဖြစ်တဲ့အတွက် မြန်မာ့အနုပညာနဲ့ပတ်သက်လို့ ကလေးတွေကို အနီးကပ်သင်ကြား ပြသပေးသွားမှာလည်း ဖြစ်ပါတယ်။

”ညီမတို့ကတော့ ရုပ်သေးကို အဓိကပြမယ်။ ပြီးတော့ အိုးစည်၊ ဆိုင်းဝိုင်းတွေကိုလည်း ပြသွားမယ်။ သူတို့တွေအနေနဲ့ မြန်မာအနုပညာ တွေကို သိအောင်ပြသွားဖို့ စီစဉ်ထား တယ်။ ရုရှားမှာ သွားပြီးတော့ နိုင်ငံ တကာက ကျောင်းသားတွေနဲ့ ယဉ် ကျေးမှုဖလှယ်တာပဲဖြစ်ဖြစ်၊ sport တွေမှာ ဝင်ကစားတာပဲဖြစ်ဖြစ် မြန် မာတွေဘက်ကလည်း အားမလျှော့ ဘူးဆိုတာသိရအောင် ကြိုးကြိုးစား စားနဲ့ ဒီမှာကတည်းက ပြင်ဆင်သွား မှာပါ”လို့ ခရီးစဉ်မှာလိုက်ပါသွားမယ့် ပန်းနုပျိုမေက ပြောပါတယ်။

သူတို့ တွေအနေနဲ့ အခုအချိန်မှာ မြန်မာ အက၊ ရုပ်သေးစတာတွေကို ပညာ ရှင်ကြီးတွေဆီကနေ သင်ယူလေ့လာ နေပြီး အားကစားပိုင်းမှာလည်း လေ့ ကျင့်နေလျက်ရှိပါတယ်။ မြန်မာ ကျောင်းသားတွေအနေနဲ့ ရုရှားနိုင်ငံ မှာ မြန်မာဆိုတာကို နိုင်ငံတကာက သိအောင် ကြိုးစားလုပ်ဆောင်သွား ကြဖို့ အာသီသတွေ ပြင်းထန်နေကြ ပြီး မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) ကလည်း မြန်မာ့ရိုးရာတွေနဲ့ ပတ်သက်လို့ ကူညီလုပ်ဆောင်ပေး လျက်ရှိနေပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here