Trio Showဂီတ ဖျော်ဖြေပွဲမျိုးလိုဂီတ ဖျော်ဖြေပွဲမျိုးထပ် မံ ကျင်းပဖို့အစီအစဉ်ရှိ နေ တဲ့ ဇော်ပိုင်

0
242

ဇော်ပိုင်၊ ဝေလနဲ့ ထွန်းအိန္ဒြာဗိုလ်တို့ ၃ယောက်သီဆိုထားကြတဲ့ Trio Show ကို ပြီးခဲ့တဲ့ မေလအစောပိုင်းမှာ ကျင်းပဖြစ်ခဲ့ပါတယ်။ နာမည်ကြီးအဆိုတော်တွေ ဖြစ်တာကြောင့် လာရောက် အားပေးကြည့်ရှုကြတဲ့ ပရိသတ်တွေအနေနဲ့လည်း ကိုယ်အားပေးချင်တဲ့ အဆိုတော်ကို အားပေး ကြရင်း၊ ဂီတကို ငြိမ့်ငြိမ့်ညောင်းညောင်း ခံစားခဲ့ကြရတဲ့ ဖျော်ဖြေပွဲလေးပါ။ အဆိုတော် ဇော်ပိုင်က နောက်ထပ်အဲဒီလိုမျိုး ဖျော်ဖြေပွဲလေးတွေ ထပ်မံ ပြုလုပ်ဖို့လည်း အားခဲနေတယ်လို့ ဆိုပါတယ်။

“အဲဒီတုန်းက သိပ်အချိန်မရလိုက်လို့။ သီဆိုဖျော်ဖြေရတာကတော့တစ်ယောက် သီချင်း ၁၅ ပုဒ်လောက် ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော် ၁၂ပုဒ်ဆိုဖြစ်တယ်။ တအားလည်း ပျော်ဖို့ကောင်းပါတယ်။ ပြီးတော့ အေးအေးဆေး ဆေးလည်း ရှိတယ်။ ၃ယောက်တည်း ဆိုတော့ သိပ်ပြီး ယောက်ယက်မခတ် ကြဘူး။ ကိုယ့်တီးဝိုင်းနဲ့ကိုယ် ကိုယ့်ပရိသတ်နဲ့ ကိုယ်ဆိုတော့ အေးအေးဆေးဆေး ရှိတာပေါ့။ နောက် ထပ်လည်း အဲဒီလိုမျိုး ၃ယောက်ပဲဖြစ်ဖြစ်၊ ၂ယောက်ပဲ ဖြစ်ဖြစ် သီဆိုဖျော်ဖြေဖို့ စီစဉ်ထားတာရှိပါ တယ်။ ကျွန်တော်တို့ Plan တွေ သေချာဆွဲထားပါတယ်”လို့ ဇော်ပိုင်က ပြောပါတယ်။

စီးရီးခွေမထွက်တာကြာပြီဖြစ်တဲ့ ဇော်ပိုင်က တေးစီးရီးခွေ အသစ်အတွက် အသံသွင်းတာတွေ ပြုလုပ်ဖို့ စီစဉ်နေကြောင်းနဲ့ ပတ်သက်ပြီး …

“ဟိုးအရင်တုန်းကဆိုရင် Hall တွေ၊ Theatre တွေ သိပ်မရှိတဲ့အတွက် မိုးတွင်းဆို ပွဲက နည်းတယ်လို့ ပြောလို့ရတယ်။ အခုကတော့ အဲဒီလိုမဟုတ်တော့ပါဘူး။ ဟိုတယ်ထဲမှာလည်း တခြားပွဲ တွေလုပ်ကြတယ်ဆိုတော့လေ။ အခုမိုးတွင်းမှာကတော့ ကျွန်တော့်စီးရီးခွေသစ်အတွက် အသံသွင်းနေ ပါတယ်။Recordingလုပ်စရာရှိတယ်။ စီးရီးခွေမထွက်ဖြစ်တာလည်း နည်းနည်းအချိန် ကြာသွား ပြီလေ”လို့ ဇော်ပိုင်က ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here