Vagabond ဇာတ်ကားမှာ အဓိကဇာတ်ဆောင် မင်း သားက Lee Seung Gi လို့ သိရပါတယ်။ ဇာတ်လမ်းထဲမှာ မင်းသားဟာ ကမ္ဘာမှာ နာမည်ကြီးအက်ရှင်မင်းသားဖြစ်ဖို့ ကြိုးစားနေသူဖြစ်ပြီး accident တစ်ခုကြောင့် ဘဝအချိုး အကွေ့ပြောင်းလဲသွားရပုံကို ရိုက်ကူးထားတာပါ။ မင်းသမီး ကတော့ မိသားစုကို ထောက်ပံ့ဖို့ အလုပ်တစ်ခုကို ကြိုးစား လုပ်ကိုင်နေသူအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ Lee Seung-Gi နဲ့ Bae Suzy တို့ဟာ ၂ဝ၁၃ ခုနှစ် က ရိုက်ကူးခဲ့တဲ့ Gu Family Book မှာအတူ ပါဝင် သရုပ်ဆောင်ခဲ့ပြီး ဇာတ်လမ်းတွဲရဲ့ ဇာတ်ညွှန်းဖတ် တာကိုတော့ ဇွန်လ ၂ ရက်နေ့က စတင်ပြုလုပ်ခဲ့ဖြစ် ပါတယ်။ ဇာတ်လမ်းတွဲကို ဒါရိုက်တာ Yu In- Sik က ရိုက်ကူးမှာဖြစ်ပြီး SBS ကပဲ ပြသမယ်လို့ သိရပါတယ်။