သီလရှင်ဝတ်မယ့် မင်းသမီးကြီး နန်းခင်ေ်မွှး

0
357

မင်းသမီးကြီး နန်းခင်မွှေးရဲ့ သားကြီးဖြစ်တဲ့ သဘင်မင်းသားဘွန်း က သာသနာ့ဘောင်ကို မေလက ၁၂ ရက်ကြာ ဝင်ရောက်ကာ မိဘကျေးဇူး ဆပ်ခဲ့ပြီး ရဟန်းခံခဲ့တဲ့ နေရာက လည်း ဖခင်ဖြစ်သူရဲ့မွေးရပ်မြေ မြိုင် မြို့မှာပါ။ သားရဟန်းကို မြင်တဲ့ အချိန်မှာ မိခင်ဖြစ်သူ နန်းခင်မွှေးက ပီတိဖြစ်လွန်းလို့ ဘာစကားမှတောင် မပြောနိုင်ခဲ့ဘူးလို့လည်း သိရပါတယ်။

”ပထမကတော့ သားကြီးနဲ့ သားငယ်အတူတူ ဘုန်းကြီးဝတ်ဖို့ စီစဉ်ထားတာ။ ဒါပေမဲ့ သားငယ်က အသက်မပြည့်သေးဘူးလေ။ ၁၉ ဆို ရင်တော့ ဝတ်လို့ရပြီ။ ဒါပေမဲ့ ဖေဖေ က အသက် ၂ဝ ပြည့်မှဝတ်ပါ ဆို တာနဲ့ သားငယ်က မဝတ်ဖြစ် ဘူး။ ရဟန်းဝတ်တယ်ဆိုတာကလည်း သားကြီးက သူစုဆောင်းထားတဲ့ အနုပညာကြေးလေးတွေရယ်၊ အန် တီမွှေး စုဆောင်းထားတဲ့ အနုပညာ ကြေးတွေကို စုပြီး အလှူလုပ်ကြတာ ပါ။ အန်တီမွှေးတို့က ဆိုတာ၊ အကပဲ ကတတ်တာလေ။ အဲဒီက ရရှိတဲ့ အနုပညာကြေးတွေစုပြီး လှူကြတာ ပါ” လို့ သားရဟန်းနဲ့ပတ်သက်ပြီး အန်တီမွှေးက ပြောပြပါတယ်။

ဇွန် ၇ ရက်နေ့က မန္တလေးတိုင်း ဒေသကြီး သဘင် လူမှုကူညီစောင့် ရှောက်ရေးမှ ကြီးမှူးကျင်းပတဲ့ အလှူပွဲမှာ မင်းသမီးကြီး နန်းခင် မွှေးက သီလရှင်ဝတ်မှာဖြစ်ပါတယ်။ သီလရှင်ဝတ်ဖြစ်ခြင်းကလည်း သီလ ဆောက်တည်ချင်တာကြောင့်ဖြစ်ပြီး စစ်ကိုင်းမှာ တရားအားထုတ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ ၇ ရက် တာ သီလရှင်ဝတ်မှာဖြစ်ပြီး ကုသိုလ် ကောင်းမှုတွေကိုပဲ အောက်မေ့သွား မယ်လို့ သူက ပြောပါတယ်။

မင်းသမီးကြီး နန်းခင်မွှေးမှာ ဘွန်းနဲ့ သွန်းဆိုတဲ့ သားနှစ်ယောက်ရှိ ပြီး သားကြီးဘွန်းကတော့ တင်မောင် ဆန်းမင်းဝင်းတို့ရဲ့ ရွှေမန်းသဘင် ဇာတ်မှာ မင်းသားအဖြစ် ကပြလျက် ရှိနေပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here