နာမည်ရ အဆိုတော်တိုင်းသီဆို ပေးသင့်တဲ့ သီချင်းက ဘယ်လို သီချင်းမျိုးလဲဆိုတာ မနော ဖွင့်ဟ

0
206

မြန်မာသံစဉ်လိုင်းနဲ့ ပရိသတ်အားပေးမှု ရရှိ ထားသူ အဆိုတော် မနောကတော့ သူ့ရဲ့ အဓိက အားသန်တဲ့ မြူးဇစ်လိုင်းက ရော့ခ်ဂီတလိုင်းလို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။ ဒါဆို ဘာကြောင့် မြန်မာ သံစဉ်တွေကို သီဆိုဖြစ်နေတာလဲလို့ မေးစရာရှိလာ ပါတယ်။ မနောသီဆိုတဲ့ မြန်မာသံစဉ် သီချင်းတွေက အချစ်သီချင်းတွေနည်းပြီး လူသားအကျိုးပြု သီချင်း တွေ များပါတယ်။ မြန်မာသံစဉ်သီချင်းတွေနဲ့ ပတ်သက် ပြီး မနောက သူ့ခံယူချက်ကိုပြောပြရာမှာတော့…

“မြူးဇစ်ပိုင်းမှာ ‘ခေါ်ပါ ပြောပါ နှုတ်ဆက်ပါ’ တို့၊ ‘ကမ်းစပ်ဒဏ္ဍာရီ’တို့၊ ‘မင်းလွန်တယ်’တို့ ဒီလိုင်း တွေကတော့ ကျွန်တော့်ရဲ့ မေဂျာပဲပေါ့။ ကျွန်တော် အမြဲတမ်းသွားမယ့် လိုင်းတွေ။ မြန်မာသံစီးရီးခွေ ထုတ်ဖြစ်တယ်ဆိုတာက တကယ်တမ်းကျတော့ ပုဒ် ရေ ယှဉ်လိုက်လို့ ရှိရင် စတီရီယိုသီချင်းက များတာ။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာသံကို ကျွန်တော်က ပရဟိတသီချင်းတို့၊ လူသားအကျိုးပြုသီချင်းတို့က အခွေ မစောင့်နိုင်ဘူး။ အဲဒါတွေက ကျွန်တော်တို့ အဆိုတော်တွေအနေနဲ့ သီဆိုပေးသင့်တဲ့ သီချင်းလို့ ကို ခံယူထားတာ။

ကျွန်တော်သီချင်းဆိုရင်းနဲ့ ပရဟိတ လုပ်နေတာပဲလေ။ ကလေးတွေအတွက် ပညာပေးလား၊ လူသားတွေအတွက် ပညာပေးလား၊ ဘာသာရေး အကျိုးပြုလား၊ အဓိကကတော့ ဒီသီချင်းတွေကို နာမည်ရှိသွားတဲ့ အဆိုတော် တိုင်း သီဆိုပေးသင့်တယ်လို့ မြင်တာပေါ့နော်။ ကျွန်တော့်ရဲ့ ဆန္ဒကတော့ ကျွန်တော် အဲဒီလို ကြောင့် သီချင်းဆိုနေတာ။ ကျွန်တော် အဲဒီ သီချင်းလေးတွေ တစ်ပုဒ်ချင်း၊ တစ်ပုဒ်ချင်း အွန်လိုင်းပေါ်တင်နေတာ။ တကယ်တမ်း မြန်မာသံစီးရီးခွေက တစ်ခွေပဲ ထွက်ရသေး တာ။ ‘ချမ်းမြေ့ပါစေ အမေ’ ရယ်၊ အခု ကျွန်တော် အွန်လိုင်းပေါ် တင်ပေးထားတဲ့ သီချင်းတွေရယ်ဆို ပုဒ်ရေက ဘယ်လောက်မှ မရှိဘူး။ ကျွန်တော်ထွက်ရှိထားတဲ့ သီချင်းက ပုဒ်ရေ ၅ဝ ကျော်တယ်လေ။ စတီရီယို သီချင်းက များပါတယ်” လို့ မနောက ပြောပြ ခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here