ဆေးကုသမှုခံယူနေရတဲ့ သရုပ်ဆောင် ကစ်ကစ်

0
208

ဂီတပညာရှင်နိုင်ဇော်က ရန်ကုန်ဆေးရုံကြီး အခန်း၁၇/၁၈မှာ တက် ရောက်ဆေးကုသနေတဲ့ ဟာသသရုပ်ဆောင် မကစ်ကစ်အား အနယ်နယ်အရပ် ရပ်မှ အလှူရှင်များပေးအပ်တဲ့ အလှူငွေ ၁ဝ သိန်း ၇ သောင်းနဲ့ ၃ဝဝ ကျပ်ကို ကစ်ကစ်ရဲ့ သမီးဖြစ်သူလက်ထဲ ကိုယ်တိုင်ကိုယ်ကျ ပေးအပ်လှူဒါန်းခဲ့ ပါတယ်။

”သူနဲ့တွေ့ချိန်အနုပညာရှင်တွေကရော၊ ပြည်သူတွေကပါ သူ့ကို ဇာတ်ရံ ဟာသသရုပ်ဆောင်ဆိုပေမယ့် ပစ်မထားဘဲ အားလုံးက နေကောင်းစေဖို့၊ သက်သာစေဖို့ facebook ပေါ်မှာရော၊ အပြင်မှာပါ ဆုတောင်းပေးကြပါ တယ်ဆိုတာပြောပြခဲ့ပါတယ်။ အလှူရှင်တစ်ယောက်ဆို ဖုန်းနဲ့လှူလို့ သူနဲ့ပေး ပြောခဲ့ပါတယ်။ ကျွန်တော်ကတော့ ဂီတသမားပေမယ့် မင်းသားမင်း သမီးရော၊ ဇာတ်ရံရောလူကြမ်းရောအားလုံးဘဝတူပါ။ ဒုက္ခဖြစ်ခဲ့ရင် အတူတူခံစားရလို့ ပစ်မထားဘဲ ကိုယ်တတ်နိုင်သမျှ ကူညီကြတာပါလို့ပြောခဲ့ပါတယ်” လို့ ကိုယ် စားသွားရောက်လှူဒါန်းခဲ့တဲ့ နိုင်ဇော်က ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here