အသစ်တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် မြတ်နိုးအေး ရဲ့ အခက်အခဲ

0
236

 

ဒါရိုက်တာထူးပိုင်ဇော်ဦးရဲ့ ‘ည’ ရုပ်ရှင်ဇာတ်ကားထဲက လက်ရွေးစင် သရုပ်ဆောင်သစ်တွေထဲမှာ မြတ်နိုးအေးလည်း တစ်ယောက်အပါအဝင်ဖြစ်ပါ တယ်။ လတ်တလောသူ့ရဲ့ အနုပညာလှုပ်ရှားမှုကတော့ ဒါရိုက်တာ ထူးပိုင်ဇော် ဦး ရိုက်ကူးမယ့် ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားအတွက် ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

”ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ အန်တီထွန်းအိန္ဒြာဗိုလ်ရယ်၊ မဖွေးဖွေးရယ် ပါဝင်တယ်။ ပြီးတော့ ညီမတို့အသစ်တွေလည်း ပါဝင်ပါတယ်” လို့ ပါဝင်ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားအကြောင်း မြတ်နိုးအေးက ပြောပါ တယ်။

မျက်နှာသစ်အနုပညာရှင်တစ်ယောက်အနေနဲ့ အတွေ့အကြုံ နုနယ် သေးပေမယ့် ကိုယ်တိုင်သရုပ်ဆောင်ချင်တဲ့ ကာရိုက်တာတချို့လည်း ရှိသေး ကြောင်းကိုတော့ …

”ညီမတို့ ‘ည’ ရုပ်ရှင်ဇာတ်ကားပြီးတော့ ကြားထဲမှာ ရိုက်ကူးမယ်ဆို ပြီးတော့ မရိုက်ကူးဖြစ်လိုက်တဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကား ရှိသေးတယ်။ ကိုထူး ပိုင်နဲ့ပဲပေါ့။ ညီမတို့ Training ၆ လလောက် ဆင်းခဲ့ရတယ်။ အဲဒီ Training မှာ Basic Acting တွေ အားလုံးကို လုပ်ခိုင်းတာပေါ့နော်။ အဲဒီမှာ ညီမက ဒရာမာတို့၊ ငိုတဲ့အခန်းတို့ကို ပိုင်နိုင်တယ်လို့ ထင်တယ်။ အဲဒီအတွက်ကြောင့် ဒရာမာဇာတ်ကားလေးတွေ၊ အချစ်ဇာတ်ကားလေးတွေ၊ အဲဒီလိုမျိုး လေးတွေ ကို ပါဝင်သရုပ်ဆောင် ရိုက်ကူးဖူးချင်သေးတယ်။ ဘာဖြစ် လို့လဲဆိုတော့ ညီမ ပထမဆုံးရိုက်ကူးခဲ့တဲ့ ”ည” ဇာတ်ကားကလည်း Psychological Thriller ပေါ့နော်။ နောက်ပြီး ကိုထူးပိုင်နဲ့ ပြောထားတဲ့ ဒုတိယဇာတ်ကားကလည်း Suspence Horror ပေါ့နော်။ သည်းထိတ်ရင်ဖိုကားတွေချည်းပဲ။ အဲဒါ ကြောင့် ညီမဒရာမာလေးတွေရော၊ ရိုမန့်လေးတွေ ရော အစုံရိုက်ကူးဖူးချင်တယ်” လို့ ပြော ပါတယ်။

ရုပ်ရှင်လောကမှာ မျက်နှာ သစ် အနုပညာရှင်တွေ တောက် လျှောက် ပေါ်ထွက်လာသလို ကိုယ်တိုင်ကလည်း အသစ်ဆို တော့ အသစ်တွေအတွက် ရပ် တည်ရတဲ့ အခက်အခဲက ဘာလဲလို့ မေးမြန်းတဲ့အခါမှာတော့ … ”ညီမတို့ အသစ်တွေက နေရာပေး မခံရဘူး။ လက်တွဲ ခေါ်ဖို့အတွက် မယုံ ကြည်ကြဘူး။ ဒါပေမဲ့ Good Old Days Production ကရော၊ ကိုထူးပိုင်ဇော်ဦးကရော ညီမကို ယုံယုံကြည် ကြည်နဲ့ လက်တွဲ ခေါ်တယ်။ အလုပ် တွေလည်း ပေး တယ်။ အဲဒီအတွက် ကြောင့် လူတွေနဲ့ ဆက်ဆံရတာတို့၊ အလုပ်လုပ်ရတာတို့နဲ့ ပတ်သက်ပြီးတော့ ညီမကိုယ်တိုင် အတွေ့ အကြုံကောင်းတွေ ရခဲ့ တယ်။ ညီမရဲ့ အသစ် တစ်ယောက်အနေနဲ့ ဖြတ်သန်းမှုကတော့ အဲဒီလောက်ပါပဲ” လို့ မြတ်နိုးအေးက ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here