မန္တလေးရောက် ရှမ်းလူငယ်များက စိုင်းဆိုင်မောဝ်အား ဂုဏ်ပြုသည့် ရန်ပုံငွေဂီတဖျော်ဖြေပွဲ ကျင်းပမည်

0
257

အသစ်တစ်ယောက်ရဲ့ အမန္တလေးရောက် ရှမ်းလူငယ် များဖွဲ့စည်းထားသော မောက်ကွမ် တိုင်း(ရှမ်းချယ်ရီ)ပရဟိတအဖွဲ့မှ ရှမ်းတိုင်းရင်းသားအဆိုတော် စိုင်း ဆိုင်မောဝ်ကို ဂုဏ်ပြုသည့် ‘ချယ်ရီ တွေ ဝေဆာလှပစွာပွင့်မည့် မန္တလာည’ ရန်ပုံငွေတေးဂီတဖျော်ဖြေပွဲကို ဇွန် လ ၁၄ ရက်၊ ညနေ ၄ နာရီတွင် မန္တ လေးမြို့တော်ခန်းမ၌ ကျင်းပပြုလုပ် မည်ဖြစ်ကြောင်း သိရှိရသည်။

”နိုင်ငံကျော်တေးသံရှင် ရှမ်း တိုင်းရင်းသားအဆိုတော် စိုင်းဆိုင် မောဝ်ကို ဂုဏ်ပြုတဲ့ ရန်ပုံငွေဂီတ ဖျော်ဖြေပွဲဖြစ်ပါတယ်။ စိုင်းဆိုင် မောဝ်က ကျန်းမာရေးကြောင့် သူ ကိုယ်တိုင်မလာနိုင်တဲ့အတွက်Video Call ခေါ်ပြီး သူနဲ့စကားပြောပါမယ်။ စိုင်းဆိုင်မောဝ်ရဲ့ အစ်ကိုတီးဝိုင်းနဲ့ အတူ ရန်ကုန်၊ မန္တလေး၊ မူဆယ်၊ နမ့်ခမ်းတို့က ရှမ်းတိုင်းရင်းသား အဆို တော်တွေ သီဆိုဖျော်ကြမှာဖြစ်ပါ တယ်။ ဒီဂီတဖျော်ဖြေပွဲက ရရှိလာ မယ့် အကျိုးအမြတ်အားလုံးကို ဆေး ကုသဖို့လိုအပ်နေတဲ့ စိုင်းဆိုင်မောဝ်နဲ့ ဒေသအတွင်းမှာနေရာတွေကို လှူ ဒါန်းသွားမှာဖြစ်ပါတယ်”ဟု မောက် ကွမ်တိုင်း (ရှမ်းချယ်ရီ)ပရဟိတအဖွဲ့ ဥက္ကဋ္ဌကိုစိုင်းလျန်းဆိုင်ဖက ပြော သည်။

‘ချယ်ရီတွေ ဝေဆာလှပစွာပွင့် မည့် မန္တလာည’ ရန်ပုံငွေ တေးဂီတ ဖျော်ဖြေပွဲ ကြိုတင်လက်မှတ်များကို မှာယူဝယ်လိုပါက ဝ၉-၂၅၆၂၆၂၆ ၄၂ ၊ ဝ၉- ၇၉၈ဝ၆၇၂၂၆၊ ဝ၉-၉၅၁ ၈၁၁၆၆၃ တို့ကို ဆက်သွယ်မှာယူ ဝယ်နိုင်ကြောင်းသိရသည်။

ချမ်းသာ


LEAVE A REPLY

Please enter your comment!
Please enter your name here