မန္တလေးပရိသတ်များနဲ့ ပျော်ပျော်ပါးပါး အောင်ပွဲခံလိုက်တဲ့ J-ME

0
154

ဟစ်ဟော့ပ်အဆိုတော် J-ME ရဲ့ တတိယမြောက် တစ်ကိုယ်တော် Album’အမွေစားအမွေခံ’ တေးစီး ရီးထွက်ရှိခြင်းအထိမ်းအမှတ် “J-ME MANDALAY PROMO PARTY” ကို ဇွန်လ ၁ ရက် ညနေ ၆ နာရီက မန္တလေးမြို့၊ ၅၃လမ်း၊ ၃၅ လမ်းနှင့် ၃၆ လမ်းကြားရှိ BRAVE BAR မှာ ကျင်းပခဲ့ပါတယ်။

ဒီပွဲမှာ J-ME နဲ့အတူ KYAT PHA, X-BOX,T-ZIN, MG MOE AUNG, BLOODY SATURN, STONER’S BOOK, DJ FREDDY. THE WOOKIES တို့ က ဟစ်ဟော့ပ်သီချင်းအမိုက်စားများ နဲ့ ပရိသတ်ကို သီဆိုဖျော်ဖြေခဲ့ကြ ပါတယ်။ J-ME FAN ပရိသတ်များ ကလည်း ပျော်ပျော်ပါးပါး သီချင်း များကို လိုက်သီဆိုကြကာ J-ME အ တွက် အောင်ပွဲခံခဲ့တဲ့ အမှတ်တရပွဲ ဖြစ်ခဲ့ပါတယ်။

J-ME ရဲ့ ‘အမွေစားအမွေခံ’ တေးစီးရီးမှာ သီချင်း ၁၁ ပုဒ်ပါ ဝင်ပြီးTHE SUN MUSIC PRODUCTION က ဖြန့်ချိပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here