ပခုက္ကူ ဂုဏ်ဆောင် သီဟိုဠ်ရှင် နယုန်ပွဲတော်ကြီး ချမ်းသာ ဆပ်ကပ်၊ မိုးကြိုး ရုပ်သေးအပြင် သဘင်အလှဆင်သူများ ပါဝင်ဆင်နွှဲမည်

0
205

အညာဒေသ၏အကြီးမားဆုံး နှင့် ဆယ့်နှစ်ပွဲဈေးသည်များအား ထားရာ ပခုက္ကူနယုန်ပွဲတော်ကြီး သည် ယခုနှစ်တွင် ၁၃၈ဝ ပြည့်နှစ် နယုန်လဆန်း ၈ရက်နေ့မှ စတင်ပြီး ကျင်းပမည်ဖြစ်ရာ အမြိုမြို့ အနယ် နယ်မှဈေးသည်များ စုံညီစွာ ရောက် ရှိနေကြောင်းသိရသည်။

”ဒီနှစ်က ပွဲရက်ရှည်မှာဖြစ်ပါ တယ်။ အရင်ဆုံး ဆပ်ကပ်ဝင်မယ်။ ဆပ်ကပ် ကတော့ ၁၁ ညထိကပြ မယ်။ လဆန်း၁၄ ရက်မှာ ရွှေမန်း ချမ်းသာ ဇာတ်ကပြမယ်။ ရွှေမန်း ချမ်းသာကတော့ နယုန်လပြည့်ကျော် ၄ ရက် ထိကပြမယ်။ သူပြီးရင် လပြည့်ကျော် ၆ ရက်ကနေ ၈ ရက် နေ့ထိရန်ကုန်က ရုပ်သေးဝင်မယ်၊ မိုးကြိုးငှက်ငယ်ကလည်းမေလ ၂၈ ရက်ကနေ ဇွန်လ ၈ရက်နေ့ထိဖြေ ဖျော်ကပြမယ်။နောက်ဆုံး အနေ နဲ့ ပခုက္ကူမှာတည် ဆောက်မယ့် သဘင့် ဘိုးဘွားများအတွက် နယုန် လပြည့် ကျော် ၁ဝရက်မှ ၁၄ရက်နေ့ထိ ကြယ်စင်ဆန်းခေတ် သဘင်ရယ်၊ မန္တလေးကမြန်မာ့ သဘင်အလှဆင် သူများ ပရဟိတသဘင်ပညာရှင် တွေရယ်၊ ပခုက္ကူ သဘင်ပညာရှင်များ ရယ်၊ ဖိုးချစ်၊ တင်မောင်ဆန်းမင်းဝင်း၊ ဟန်ဇာမိုးဝင်း၊ ရွှေညာမြေမှ ကြယ်ပွင့်များ အငြိမ့်ရယ်၊ ဝင်းနောင်၊ လွှမ်းဝေယံ ဦး၊ ချစ်စွမ်းသာတို့ ကပြဖျော်ဖြေတင် ဆက်ကြမှာပါ” ဟု ဘုရားကြီး အကျိုး ဆောင်တစ်ဦး ကပြောသည်။သီဟိုဠ် ရှင်နယုန်လ ပွဲတော်ကြီးသည် တစ်လ တာ ဈေး ပွဲတော် ခင်းကျင်းပပြုလုပ်ပြီး ဈေး သည်ပေါင်း ၅ထောင်နီးပါး လာ ရောက်ရောင်းဝယ်ဖောက်ကား ကြ သည့် ဘုရားပွဲတော်ကြီးပင် ဖြစ် သည်။ သီဟိုဠ်ရှင် ဘုရားကြီး နှစ် ၉ဝဝ ပြည့်မဂ္ဂဇင်းကိုလည်း ထုတ် ဝေဖြန့်ချိသွားမည်ဟု သိရသည်။

မောင်နန်းဝေ


LEAVE A REPLY

Please enter your comment!
Please enter your name here