ထိုင်းအသားကင်ဆိုင် ဖွင့်လှစ်လိုက်တဲ့ သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းရဲ့ ခင်ပွန်း ကိုလှမျိုးမြင့်

0
254

သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းရဲ့ ခင်ပွန်းဖြစ်သူ ကိုလှမျိုးမြင့်နဲ့ သူ့ရဲ့ သူငယ်ချင်းတွေဦးစီးပြီး ထိုင်းအသား ကင်တံဆိပ်တစ်ခုဖြစ်တဲ့ AKA BBQ & BUFFET Myanmar အသားကင် ဆိုင်ကို ဇွန်လ ၉ ရက်နေ့က ၈ မိုင်ံHot Pot City အပေါ်ထပ်မှာ ဖွင့်လှစ် ခဲ့ပါတယ်။ အစားအသောက်ဆိုင်တွေ ကို ဖွင့်လှစ်ရခြင်းနဲ့ပတ်သက်ပြီး သရုပ် ဆောင်သဉ္ဇာနွယ်ဝင်းရဲ့ ခင်ပွန်းဖြစ်သူ ကိုလှမျိုးမြင့်က “အစားအသောက်ဆိုင်ဆိုပြီးတစ်ခုတည်းပဲ ဖွင့်တာမဟုတ်ပါ ဘူး။ စီးပွားရေးဆိုရင် အကုန်လုံး စိတ်ဝင်စားတယ်။

ကိုယ်က စီးပွားရေးလုပ်နေ တဲ့အတွက် ကိုယ့်စိတ်ကပဲ ငါဘယ်လိုမျိုးလေး လုပ်ရင်တော့ အဆင်ပြေမယ်။ ဘယ် ဆိုင်လေးဖွင့်ရင်တော့ လာစားတဲ့ သူတွေ စိတ်ဝင်စားလား။ အဲဒီလိုမျိုး ကိုယ့်အတွေးနဲ့ ကိုယ် အမြဲတမ်းတွေး နေရတာပေါ့။ အခုဆိုရင်လည်း ဒီဆိုင် လေးကို ဖွင့်ခဲ့တယ်။ အရင်ကHot Pot City ဆိုပြီး ဟော့ပေါ့ဆိုင်ဖွင့်ထား တယ်။ အဲဒီမှာလည်း အားပေးတဲ့ဧည့်သည်တွေ များတယ်။ သူတို့အကြိုက် ဘယ်လိုမျိုးလေးတွေ လုပ်ပေးရမလဲ။ စားသုံးသူတွေအတွက် ဈေးနှုန်းကို သင့်တင့်အောင်လို့ အမြဲတမ်းစဉ်းစားရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ စားသုံးတဲ့သူတွေ တော်တော်များများဆီကနေ အဆင်ပြေတယ်ဆိုတဲ့ အသံ ကြားလို့ဝမ်းသာမိတယ်။ အခုဒီအသား ကင်ဆိုင်လေးကိုလည်း ၈မိုင်ံHot Pot City အပေါ်ထပ်မှာပဲ ထပ်ဖွင့်ဖြစ် တယ်။ ဒီဆိုင်လေးမှာလည်း ယိုးဒယား အသားကင်တွေ အကုန်ရတယ်။ ဈေး နှုန်းတွေကလည်း အသင့်အတင့်ပါပဲ။အခု ဆိုင်စဖွင့်တဲ့အချိန်မှာ လာစားတဲ့ ဧည့်သည်တွေအတွက် ပရိုမိုးရှင်းတွေ ပေးထားတယ်။

အဲဒီအတွက် အရမ်း တန်ပါတယ်။ လာစားကြပါ ” လို့ ပြော ပါတယ်။ ခင်ပွန်းဖြစ်သူက စီးပွားရေး တွေလုပ်နေတဲ့အတွက် ကိုယ်တိုင်ကော စီးပွားရေးတွေ လုပ်ချင်လားလို့ မေးကြည့်တဲ့အခါမှာတော့ သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းက …

“သဉ္ဇာက အခုတော့ စီးပွားရေးလုပ်ဖို့က အဝေးကြီးလိုသေး တယ်။ မလုပ်လည်း မလုပ်တတ်သေးဘူး။ အခုမှ တစ်ကနေပဲစရမှာဆိုတော့ သင်ယူနေတုန်းပဲရှိသေးတယ်။ သူလုပ်နေတဲ့ စီးပွားရေးတွေမှာတော့ ကူညီပေး ဖြစ်တယ်။ ဘေးကပဲသူ့ရဲ့စာရင်းဇယား တွေကိုလိုက်လုပ်ပေးပြီးတော့ သင်ယူ ဖြစ်တယ်။ သူများတွေ စီးပွားရေး လုပ်တာတွေ အောင်မြင်နေတဲ့အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်တွေမြင်ရင် အရမ်းအားကျတယ်။ အဲဒီအတွက် သင်ယူ နေရတယ်။ နောက်ပိုင်းတော့ ကိုယ်ပိုင်စီးပွားရေးလေး တစ်ခုလုပ်ဖြစ်ဖို့ အတွက် ကြိုးစားနေပါတယ်”လို့ ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here