သဘင်လူမှုကူညီစောင့်ရှောက်ရေး ကော်မတီ(ဗဟို)၏ ရန်ပုံငွေ လျော့နည်းလာမှုကြောင့် ဇာတ်အဖွဲ့များ အလှူငွေကောက်ခံပေးကြရန် သဘင်လူကူက အကူအညီတောင်း

0
245

သဘင်လူမှု ကူညီစောင့်ရှောက်ရေးကော်မတီ (ဗဟို)အနေနဲ့ သဘင်လောကသားတွေရဲ့ အခက်အခဲ တွေကို ကူညီထောက်ပံ့ပေးလျက်ရှိပါတယ်။ ဒီနှစ်ပိုင်း တွေမှာဆိုရင် မြန်မာပြည်အနှံ့မှာ လှည့်လည် ကပြ လျက်ရှိကြတဲ့ ဇာတ်အဖွဲ့တွေ၊ ဆိုင်းအဖွဲ့တွေအနေနဲ့ ယာဉ်တိမ်းမှောက်မှုတွေ အဖြစ်များနေပါတယ်။ ဒီလို ယာဉ်တိမ်းမှောက်မှုတွေ ဖြစ်ပေါ်လာတဲ့အခါမှာတော့ သဘင်လူကူအမှုဆောင်အဖွဲ့တွေအနေနဲ့ ဖြစ်ပွားရာ နေရာဒေသအထိ သွားရောက်ပြီး ကူညီထောက်ပံ့ ပေးလျက်ရှိနေပါတယ်။

ဒီလိုကူညီထောက်ပံ့ပေးရမှု တွေများလာတဲ့အတွက် သဘင်လူကူ ကော်မတီ (ဗဟို) မှာ ရန်ပုံငွေနည်းလာပြီဖြစ် ကြောင်း သိရပါတယ်။ ဒီအကြောင်းနဲ့ပတ်သက် ပြီးလည်း သဘင်လူမှုကူညီစောင့်ရှောက်ရေး ကော်မတီ(ဗဟို)မှ ဒုတိယဥက္ကဋ္ဌ ဦးဟန်ဇာ မိုးဝင်းက…

”ရန်ပုံငွေဟာ လျော့နည်းလာတယ်။ အဲဒီတော့ အားလုံးက ကူညီပြီးတော့ အလှူ ငွေကောက်ခံပေးပါ။ ဒီငွေတွေဟာ ကျွန်တော် တို့သုံးတာ မဟုတ်ပါဘူး။ သဘင်ထုအတွက် သုံးကြတာပါ။ ကျွန်တော်တို့မှာ စာရင်းတွေ လည်း ရှိပါတယ်။ ဇာတ်အဖွဲ့တွေ ကား မှောက်တာတွေ၊ သဘင်သည်တွေ မကျန်းမာ တာတွေ၊ သဘင်သည်တွေရဲ့ ပညာရေးတွေကို ကူညီ ပေးဖို့အတွက် ရန်ပုံငွေလိုအပ်လို့ အကူအညီတောင်းတာပါ။ အတင်းအကျပ်လုပ်ခိုင်းတာ ဘာတစ်ခုမှ မရှိပါဘူး” လို့ ပြောပါတယ်။

သဘင်လူမှု ကူညီစောင့်ရှောက်ရေးကော်မတီကနေ ပြီးတော့ ပြည်နယ်တိုင်းဒေသကြီးတွေမှာလည်း သဘင် လူကူကော်မတီများ ထပ်မံဖွဲ့စည်းထားကာ သဘင်လောက သားများနဲ့ ပြည်သူတွေကို ကူညီပေးလျက်ရှိနေပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here