ရဲ​နောင်​ရဲ့သက်​ဆိုင်​သူကိုအားနာ​နေမိတဲ့ပိုးမီ

0
231

ရဲ​နောင်​နဲ့အတွဲများတဲ့အခါမှာ ချစ်​သူ​တွေဖြစ်​​နေကြပြီလို့ဝိုင်း​ပြောကြတဲ့အတွက်​ သက်​ဆိုင်​သူ​တွေကိုအားနာမိပါတယ်​လို့ ပိုးမီက​ပြောပါတယ်​။ ပိုးမီက အစ်​မကြီးတစ်​​ယောက်​လိုပဲဆို​တော့​လေ။

“တစ်​ခါတစ်​​လေကျ​တော့ကိုယ်​​တွေက သူတို့​တွေအရမ်းသ​ဘောတူမှန်းသိ​တော့ စကြတယ်​။ ​နောက်​ကြတယ်​​ပေါ့။ အဲ့ဒီစကြတဲ့​၊ ​နောက်​ကြတဲ့အ​ပေါ်မှာ ပရိသတ်​ ​တွေကလည်း တကယ်​ထင်​ပြီး သူတို့​တွေကအရမ်း​ကျေနပ်​​နေတဲ့အခါမှာ တစ်​ခါတ​လေအရမ်းလည်း အားနာမိပါတယ်​” လို့ပိုးမီက​ပြောပါတယ်​။

မြန်​မာအိုင်​​ဒေါမှာကတည်းက တစ်​​ယောက်​နဲ့တစ်​​ယောက်​ အတွဲညီခဲ့ကြတဲ့ပိုးမီ ၊ ရဲ​နောင်​ အတွဲက တကယ်​​တော့ ချစ်​သူ​တွေမဟုတ်​ပါဘူးဆိုတာကို ပိုးမီကရှင်းပြသလို သူတို့နှစ်​​ယောက်​ကြားထဲက သံ​ယောဇဉ်​ ​တွေကိုလည်း ပိုးမီက …

“ပိုးမီတို့ Top Ten ထဲမဝင်​ခင်​ Group Song ပြိုင်​ကတည်းက သူနဲ့က တစ်​ဖွဲ့ထဲကျခဲ့တာဆို​တော့ အားလုံးထဲမှာမှ သူနဲ့ပိုပြီးရင်းနှီးတယ်​။ ​နောက်​တစ်​ချက်​အ​နေနဲ့ ပိုးမီတို့နှစ်​​ယောက်​မှာက ဘဝတူကြတယ်​။ မပြည့်​မစုံနဲ့ ဘဝ​လေး​တွေက​နေ တက်​လာကြရတာဆို​တော့ တစ်​​ယောက်​နဲ့တစ်​​ယောက်​ ပိုပြီးရိုင်းပင်းတယ်​။ ပိုပြီးချစ်​တယ်​။ ပိုးမီရဲ့​မောင်​ငယ်​​လေးတစ်​​ယောက်​လိုပဲ သူ့အ​ပေါ်မှာ ​စေတနာ ၊ ​မေတ္တာ ထားတယ်​။ ကိုယ်​လုပ်​​ပေးနိုင်​တဲ့ အတိုင်းအတာထဲမှာ သူ့အ​ပေါ်ဘာလုပ်​​ပေးနိုင်​မလဲ။ အမြဲတမ်းဆိုဆုံးမတယ်​။ မကြိုက်​ရင်​လည်းမကြိုက်​ဘူးပဲ။ သူဆိုရင်​လည်းပိုးမီကို အစ်​မတစ်​​ယောက်​လိုပဲ လုပ်​စရာရှိတာ လုပ်​​ပေးတယ်​ ။ သူတိုင်​ပင်​စရာရှိတာတိုင်​ပင်​တယ်​။ တကယ့်​ကို​မောင်​နှစ်​မအရင်းအချာလိုမျိုး သံ​ယောဇဉ်​ ဆို​တော့ သူများ​တွေထက်​ပိုတာ​ပေါ့ ” လို့ ​ပြောပြခဲ့ပါတယ်​။


LEAVE A REPLY

Please enter your comment!
Please enter your name here