သားလေးအတွက် တာဝန်ကျေတဲ့ မိခင်ကောင်းတစ်ယောက် ဖြစ်ချင်တယ် သရုပ်ဆောင် မိုးယုစံ

0
248

အနုပညာလောကထဲမှာ ပရိသတ်တွေရဲ့ အားပေးမှုကြောင့် နေရာတစ်နေရာရရှိလာခဲ့တဲ့ သရုပ်ဆောင်မိုးယုစံ က အိမ်ထောင်မကျခင်အထိ အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့ပြီး အိမ်ထောင်ကျပြီးတဲ့ အချိန်မှာတော့ အနုပညာအလုပ်တွေနဲ့ ဝေးကွာခဲ့ပါတယ်။ အနုပညာလောကထဲကို ပြန်လည်မဝင်ရောက်လာနိုင်တာကလည်း မိသားစုကို အချိန်ပေးနေတာကြောင့်လို့ သိရပါတယ်။ သားဦးလေးပိုင်ဆိုင်ထားတဲ့ မိုးယုစံက သားလေးအတွက် ကောင်းမွန်တဲ့ မိခင်မျိုးဖြစ်စေချင်တယ်လို့ ပြောပြခဲ့ပါတယ်။

”သားလေးက အခုဆို ၉ လ ရောက် နေပြီ။ ဖြည့်စွက်စာကျွေးနေတဲ့ အရွယ် ရောက်နေပြီဆိုတော့ မိုးယုက သူတို့စားတဲ့ အစားအစာတွေထဲမှာ အာဟာရဓာတ်ပြည့် အောင် အသားဆိုလည်း အသား၊ အရွက်ဆို လည်း အရွက်၊ သူတို့အရွယ်မှာ ကျွေးသင့်တာ တွေကို မေးပြီး ကျွေးဖြစ်တယ်။ ပြီးတော့ ကလေးရဲ့ အနာဂတ်ကိုလည်း သိပ်ပြီး မတွေးသေးဘူး။ သူကလည်း ငယ် သေးတော့ အရှည်ကြီး မတွေးဖြစ် ဘူး။ တကယ်လို့ တွေးဖြစ်ခဲ့ရင် လည်း ကိုယ့်သားသမီးအပေါ် တအားကြီး အတ္တမကြီးချင်ဘူး။ ဒါပေမဲ့ ကိုယ်မိခင်နေရာ ရောက် လာတဲ့အခါကျတော့ အရင်တုန်း က ကိုယ့်မိဘနေရာမှာ နားမလည် တာတွေ နားလည်လာတယ်။ အခု အချိန်မှာဖြစ်ချင်တဲ့အရာပေါ့နော်။ နောက် ဖြစ်လာမယ့်အရာကို တွေးဆိုရင် ကိုယ့်သားလေးကို အမြဲတမ်းကိုယ်နဲ့ပဲရှိစေ ချင်တယ်။ တစ်ခါတလေ သူနဲ့ ဆော့ကစားနေရင်းနဲ့ သားသား မေမေနဲ့ပဲအတူတူ နေနော်၊ မိန်းမရလည်း မေမေနဲ့ပဲ အတူနေနော် (ရယ်လျက်) ဆိုပြီး အဲဒီလိုမျိုးလေးတွေ ပြောမိတယ်။ ကိုယ်တိုင်လည်း သားသမီးနေရာတုန်းက မိဘအပေါ် နားမလည်တတ် ခဲ့ပေမယ့် မိဘနေရာဆီ ကိုယ်တိုင်ခံယူနေရချိန်မှာတော့ မိဘတွေအပေါ်မှာ နားလည် တတ်ခဲ့ပြီ။ အခု ကိုယ်က မိခင်နေရာမှာ ဆိုတော့ မိဘတွေရဲ့ စိုးရိမ်စိတ်တွေကို နားလည်လာတယ်။ မိုးယုဆိုရင် ချုပ်ချယ်ခံရတဲ့အထဲမှာပါတယ်။ အပြင်ဆိုလည်း ဘယ်မှမသွားရဘူး။ အရင်တုန်းကဆို ကျောင်းနဲ့ ကျူရှင်နဲ့ အိမ်နဲ့ပြီးနေတာ။ အနုပညာအလုပ်လုပ်တော့လည်း ရှုတင်နဲ့ အိမ်နဲ့ပဲ။ ပြီးတော့ အပြင်ဆိုလည်း ဘယ်မှမသွားရတော့ ချုပ်ချယ်တယ်လို့ ထင်မိတယ်။ အလွန်ပဲစိတ်ကျဉ်း ကျပ်တယ်။ တစ်ခါတလေ မိဘတွေနဲ့တောင် မနေချင်တော့တဲ့အထိ ဖြစ်ခဲ့တယ်။ အိမ်ထောင်ပြု တော့လည်း အိမ်ထောင်ပြုရင် ငါ လွတ်လပ်သွားပြီဆိုတာမျိုး တွေးမိတယ်။ အမှန် တကယ် အိမ်ထောင်ပြုတဲ့အခါကျတော့ အဲဒီစိတ်တွေလည်း မရှိတော့ဘူး။ သွားဆိုရင် တောင်မှ မသွားတော့ဘူး။ နောက်ပြီးတော့ သားသမီးရလာတဲ့ အခါကျတော့ ပိုနားလည်လာတယ်။ အဲဒီလိုမျိုးပဲ အခုကိုယ့်သားလေးအပေါ်မှာလည်း တာဝန်ကျေ တဲ့ မိခင်ဖြစ်ချင်တယ်။ သူတို့ တစ်ခုခုလိုရင် ဖြည့်ဆည်းပေးနိုင်တဲ့ မိခင်မျိုးဖြစ်ချင် တယ်။ သူတို့ဘဝ တိုးတက်သွားအောင် အကောင်းဆုံး တစ်ထောင့်တစ်နေရာကနေ ကူညီပေးနိုင်တဲ့ မိခင်မျိုးဖြစ်စေချင်တယ်။ မိဘတိုင်းကတော့ ကိုယ့်ကလေးတွေ လိုချင် တဲ့အရာတွေကို ဖြည့်ဆည်း ပေးချင်တာက မိဘတွေရဲ့အိပ်မက်ပါ” လို့ မိုးယုစံက ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here