ကက်ဆက်ဇာတ်လမ်းတွဲစီးရီး ဘာကြောင့် အောင်မြင်သလဲဆိုတာ ဧငြိမ်းဖြူဖွင့်ဟ

0
158

သရုပ်ဆောင် ဧငြိမ်းဖြူလို့ပြော လိုက်ရင် နာမည်ကြီးအဆိုတော် မင်း သားရဲ့ ချစ်သူ။ ဒီအကြောင်းအရာကို အရင်ဆုံးပြေးမြင်မိ ကြမှာပါ။ ဧငြိမ်းဖြူကို တွေ့လိုက်တိုင်း အချစ်ရေး အကြောင်းကို အဓိကထားမေးမြန်း ဖြစ်နေတော့ ဖန်တစ်ရာကြေနေပါပြီ။ ဒီ တစ်ခေါက်တော့ ဧငြိမ်းဖြူရဲ့ လှုပ်ရှားမှုတွေအကြောင်းမေးမြန်းဖြစ်ပါတယ်။ ဧငြိမ်းဖြူကသူ ပါဝင်သရုပ်ဆောင်ထားတဲ့ ‘ဘာတဲ့လဲဟေ့ လာ’ရုပ်ရှင်ဇာတ်ကားကြီးရုံတင်ပြသ တော့ မယ့်အကြောင်း၊ ‘မိရိုးဖလာ’ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကူးထားတဲ့ အ ကြောင်း၊ အကနဲ့ပတ်သက်တဲ့ ရုပ်ရှင် ဇာတ်ကားကြီးရိုက်ကူးမယ့် အကြောင်း အစချီလို့ သူ့ရဲ့လှုပ်ရှားမှုတွေ အကြောင်းပြောပြလာပါတယ်။ ကိုယ့် ကိုယ်ကိုယ် ‘ဧ(A)ကလေ …၊ A ကလေ’ လို့ ပြောတတ်တဲ့ ဒီကောင်မလေး က ဒါရိုက်တာဝိုင်းနဲ့ ရိုက်ကူးမယ့် အကဇာတ်ကားအတွက် တော်တော်လေး ပြင်ဆင်နေတာပါ။

“အဲဒီဇာတ်ကားကို ညီမတအား ကြိုးစားချင်တဲ့အတွက် တော်တော်အချိန်ယူရမယ်။ ဘာဖြစ်လို့လဲဆို တော့ ဒါက အက ဇာတ်ကားဖြစ်တဲ့အတွက် ညီမအကြောပျော့ရမယ်။ အကက တစ်မျိုးတည်း မဟုတ်ဘူး။ အကမျိုးစုံပါတဲ့အတွက် ညီမက ဘန်ကောက်မှာကျောင်းသွားတက်ရမယ်။ ဇာတ်ကား မရိုက် ကူးခင် တစ်နှစ်လောက်တော့ အချိန်ယူရမယ်။ ညီမ အခု လောက်ကစပြီး Train မယ်ဆိုရင် နောက်နှစ်လောက်မှ စပြီးရိုက်ကူးဖြစ်မယ်” လို့ ဧငြိမ်းဖြူက ပြောပါတယ်။

ဧငြိမ်းဖြူရယ်၊ သူ့အစ်မ စောယုနန္ဒာရယ်၊ သူတို့ကေမနူ ဗမအျ က သရုပ်ဆောင်တွေရယ် သရုပ်ဆောင်ကြတဲ့ ကက်ဆက် ဇာတ်လမ်းတွဲ စီးရီး က ပရိသတ်အားပေးမှုရှိတဲ့ စီးရီးပါ။ ‘ပန်းကံ့ကော်ဒိုင်ယာရီ’ဆိုတဲ့ ဇာတ်လမ်းတွဲကိုလည်း မကြာ ခင်လွှင့်တော့မှာပါလို့ ဧငြိမ်းဖြူကပြောပါတယ်။ ကက်ဆက် ဇာတ်လမ်းတွဲတွေကို ပြန်လည်ဆန်းသစ်ပြီး ရိုက်ကူး ပြသတဲ့အခါ ဘာဖြစ်လို့ အောင်မြင်တယ် ထင်လဲလို့ သူ့ကို မေးမြန်းတဲ့အခါမှာတော့ …

” တော်တော်များများကတော့ ကြိုက်ကြတယ်။ ညီမတို့ ကက်ဆက်ခွေဇာတ်လမ်းတွဲတွေစပြီးတော့ သရုပ် ဆောင်တော့ အလွန်တာဝန်ကြီးတယ်။ ဘာဖြစ်လို့လဲ ဆိုတော့တစ်ခေတ်တစ်ခါက လျှမ်းလျှမ်းတောက် အောင် မြင်ကျော်ကြားခဲ့တဲ့ အနုပညာရှင်ကြီးတွေရဲ့ အသံနဲ့ ညီမတို့ရုပ်နဲ့ သရုပ်ဆောင်ရတာ ဖြစ် တဲ့ အတွက်သူတို့အသံတွေကို ညီမ တို့ အိုက်တင်တွေက မလိုက်နိုင်မှာ တအားကြောက်ခဲ့ရတယ်။ အဲဒါ ကြောင့်မို့လို့ ဒိုင်ယာလော့ခ်နဲ့ တစ်ထပ်တည်း ကျအောင် စာတွေကျက်ခဲ့ရတယ်။ ပြီးတော့ သူတို့ငိုရင် ငိုသံက အစ၊ ရယ်ရင်ရယ်သံကအစ တစ်ထပ်တည်းကျအောင် သရုပ် ဆောင်ခဲ့ရ တယ်။ ညီမတို့ အများ ကြီးကြိုးစား ခဲ့သလောက်ပရိသတ် တွေအားပေးလို့ ပင်ပန်းရကျိုးနပ်ပါတယ်” လို့ ဧငြိမ်းဖြူက ပြောပြခဲ့ပါတယ်။

မျိုးမောင်၊
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here