Single အဖြစ်ရပ်တည်သွားတော့မယ့် အဆိုတော်ချမ်းချမ်း

0
225

အဆိုတော် ချမ်းချမ်းရဲ့ အိမ်ထောင်ရေး အခြေအနေကို ပရိသတ် အားလုံးလည်း သိရှိထားပြီးသားပါ။ တစ်ယောက်နဲ့ တစ်ယောက် စိတ်သဘော ထားချင်း မတိုက်ဆိုင်တော့တဲ့အတွက် လမ်းခွဲသွားခဲ့ကြတာဖြစ်ပြီး အခုချိန်မှာ သူတို့နှစ်ယောက်ကဘဝကို ဘယ်လိုဘယ်ပုံဖြတ်သန်းနေကြလဲဆိုတာကို ချမ်းချမ်းက …

”အစ်မဘဝအတွက်၊ အစ်မရဲ့ သမီးလေးအတွက် အစ်မ ကြိုးစား မယ်။ သူလည်း သူ့ဘဝကို သူကြိုးစားမယ်။ သူ့အလုပ်နဲ့ သူ့အောင်မြင်မှု ကလည်း တအားအရေးကြီးပါတယ်။လူတစ်ယောက်က ဘဝမှာ သူလုပ် ချင်တဲ့အလုပ်ကို လုပ်ခွင့်ရမှ အောင် မြင်တာ။ မရရင် မအောင်မြင်ဘူး။ အမြဲစိတ်ဓာတ်ကျနေမှာ လေ။ အဲဒီအတွက်ကြောင့်သူလည်း အောင်မြင်လာတယ်။ သူ့အတွက် ဝမ်းသာပါတယ်။ သူက အစ်မအတွက် မိတ်ဆွေကောင်းပါ။ သမီးလေး အတွက် လည်း အကောင်းဆုံးအဖေ တစ်ယောက်ဖြစ်သလို အစ်မကလည်း အကောင်း ဆုံးအမေတစ်ယောက်ဖြစ် တယ်။ ကျန်တာကတော့ အစ်မတို့ Life က Single အနေနဲ့ပဲ သွားကြမှာပါ”လို့ ပြောပြခဲ့ပါတယ်။

အခုချိန်မှာ သူ့ဘဝက လွတ်လပ်ပျော်ရွှင်မှု၊ အေးချမ်းမှုတို့ကို ပိုင်ဆိုင် ထားပြီဖြစ်တာမို့ ဒီလိုဘဝမျိုးပြန်လည်ရရှိနိုင်ခဲ့တဲ့အတွက် ကျေးဇူးတင် ကြောင်း ချမ်းချမ်းက ဆိုပါ တယ်။

”ကိုယ်ချစ်လို့ကိုယ် လက်ထပ်ယူတယ်။ ကိုယ်တွေ အဆင်မပြေလို့ အိမ်ထောင်ကွဲတယ်။ အဲဒီအပေါ် မှာလည်း အစ်မအမည်းစက်ကြီးတစ်ခု၊ ဒုက္ခကြီး တစ်ခုလို့ ခံယူမထားဘူး။ လူတိုင်းမှာ လွတ်လပ် ပိုင်ခွင့်ရှိတယ်။ ပြီးတော့ အစ်မတို့က စိတ် သဘောထားချင်း မတိုက်ဆိုင်လို့ ဖြစ်သွားတဲ့ အတွက်ကြောင့် ဘယ်သူ့ကိုမှ အပြစ်မတင် ချင်ပါဘူး။ အခုချိန်မှာ အစ်မအေးအေး ဆေးဆေးလွတ်လွတ်လပ်လပ်ဖြစ် နေတယ်။ တအားလွတ်လပ်တယ်။ တအားပျော်တယ်။ ဒီလိုအချိန်တွေ ဒီလိုမျိုးဘဝကို ပြန်ရ တဲ့အတွက်ကျေးဇူးတင်ပါ တယ်။ အခု အစ်မပရိသတ်တွေအ တွက် သီချင်းတွေ အများ ကြီး ကြိုးစားသီဆိုနိုင် တယ်။ သမီးလေး အတွက် စီးပွားရေး ဘက်မှာလည်း အ ခြေချတော့မယ်။ အစ်မ ကြိုးစားမယ်။ အဓိကက တော့ အစ်မဘဝကိုအစ်မ ရိုးရိုးလေး ပဲ တည် ဆောက် သွား ချင် တယ်။Life style ကို အဲဒီလိုမျိုးသွားရတာ ကြိုက် တယ်။ ချုပ်နှောင်တာ အစ်မ မကြိုက်ဘူး”လို့ ချမ်းချမ်းက ပြောပြပါတယ်။

ဇင်မာနွယ်၊

ဓာတ်ပုံ- ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here