အချစ်ဇာတ်လမ်းကို အဆုံးသတ်ခဲ့ကြတဲ့ Lee နဲ့ Jung

0
225

Lee Yi kyung နဲ့ Jung in-sun တို့ရဲ့ အချစ်ဇာတ်လမ်းက အဆုံးသတ်ခဲ့ပါပြီလို့ သောကြာနေ့က Lee နဲ့ Jung တို့ရဲ့ အေဂျင်စီများ ဖြစ်တဲ့ HB Entertainment နဲ့ C Jes Entertainment တို့ကအတည် ပြုပေးခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ လမ်းခွဲကာ အချစ်ဇာတ်လမ်း အဆုံးသတ်ခဲ့ကြ ပေမယ့် တစ်ယောက်ကို တစ်ယောက် အမြဲအားပေးသွားဖို့ ကတိပြုခဲ့ကြတယ်လို့ သိရပါတယ်။ သူတို့အတူ တွဲခဲ့ကြတာ တစ်နှစ်လောက်ရှိနေခဲ့ပေမယ့် တွဲနေတဲ့ အကြောင်းကို ပြီးခဲ့တဲ့ ဧပြီလကမှ တရားဝင်ကြေညာခဲ့ပါတယ်။ JTBC ရဲ့ “Laughter in Waikiki” မှာ တွေ့ခဲ့ကြပြီး တိတ်တဆိတ်တွဲခဲ့ကြပါတယ်။ Lee ဟာ ၂ဝ၁၁ ခုနှစ်ကတည်းက အနုပညာလောကထဲ ဝင်ရောက်ခဲ့ပြီှးSchool 2013 ဇာတ်လမ်းတွဲနဲ့ နာမည်ရလာခဲ့ပါတယ်။ သူဟာ နာမည်ကြီး တီဗီစီးရီးများဖြစ် တဲ့“My Love from the Star” ၊ “Descendants of the Sun” ၊ “Confession Couple” ဇာတ်လမ်းတွဲများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါ တယ်။ Jung ကတော့ ကလေးဘဝကတည်းက အနုပညာ အလုပ်တွေကို စတင်လုပ်ကိုင်ခဲ့ပြီး “Secret Healer” ၊ “Naked Fireman” ၊ “Circle” စတဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here