အနုပညာအလုပ်ဆိုတာ တစ်ယောက်တည်းလုပ်လို့မရဘူး လူရွှင်တော် ကောင်းကျော်

0
210

လူရွှင်တော်ကောင်းကျော်နဲ့ ဝိုင်းချစ်တို့ဆိုတာကတော့ ယခင် ရွှေညီကို လူရွှင်တော်အဖွဲ့ စတင်ကတည်းကတွဲလာခဲ့တဲ့ သူငယ်ချင်း တွေပဲဖြစ်ပါတယ်။ ရွှေညီကိုအဖွဲ့ ကွဲပြီးနောက်ပိုင်း တစ်ယောက် နဲ့တစ်ယောက် တစ်နေရာဆီမှာ ရောက်ရှိသွားကြပေမယ့်လည်း အခု အချိန်မှာ တော့ အင်ပါယာ လူရွှင်တော်အဖွဲ့ကို သူတို့နှစ်ယောက်က ပေါင်းပြီး တည်ထောင်ထားပါတယ်။ သူတို့နှစ်ယောက်ရဲ့ သူငယ်ချင်း သံယောဇဉ်ကတော့ နှစ်ပေါင်း ၃ဝ နီးပါးရှိခဲ့ပြီဖြစ်တဲ့အတွက် တစ်ယောက် အကြောင်းတစ်ယောက်လည်း သိလို့နေပါပြီ။ လူရွှင်တော် ကောင်း ကျော်ကလည်း သူငယ်ချင်းဆိုတာဘဝမှာအရေးပါဆုံး သံယောဇဉ် တစ်ခု ပဲလို့ သတ်မှတ်ထားတဲ့သူပါ။

“သူငယ်ချင်းလုပ်ဖော်ကိုင်ဖက် က ပိုပြီးတော့အရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ဦးနဲ့တစ်ဦး နှစ်ကိုယ့်တစ်စိတ်လို သွားရ တာလေ။ ၃ယောက်ဆိုရင်၃ယောက် တစ်စိတ်၊ ၄ယောက်ဆိုရင် ၄ယောက် တစ်စိတ် သွားရတဲ့အပေါ်မှာကျတော့ ပြက်လုံးပြက်တာကအစ သူဘာပြက်ရင် ကိုယ်ဘာပြက်ရမယ်ဆိုတာကအစ ကျွန်တော်ကသိနေပြီ။ အဲဒါက ကြာကြာတွဲလာတဲ့အကျိုးရလဒ်တွေပေါ့။ ရေရှည်ပေါင်းသင်း ဆက်ဆံလာ တာတွေကြောင့် တစ်ယောက်နဲ့တစ်ယောက် အထာသိနေကြပြီ။ အထောက်အပံ့ဆိုတာ ဒါကိုပြောတာပါ။ အနုပညာဆိုတာတစ်ယောက် တည်းလုပ်လို့ မရဘူးလေ။ အဆိုပဲဖြစ်ဖြစ်၊ အရေးပဲဖြစ်ဖြစ် အကပဲဖြစ်ဖြစ် တစ်ယောက်တည်း လုပ်လို့မရဘူး။ အပေါင်းနဲ့အသင်းနဲ့၊ အသိုင်းနဲ့အဝိုင်းနဲ့ သွားကြရတာ။ ဒီလိုပေါင်းနိုင်မှသာလျှင် အဖွဲ့က တည်တံ့မှာပါ။ ပြောချင် တာက ဒီနောက်ပိုင်းလူငယ်တွေက တစ် ယောက်နဲ့တစ်ယောက် သည်းခံ နိုင်စွမ်းတွေ နည်းနေကြတယ်။ သူငယ်ချင်းအပေါင်းအသင်းဆိုတာ သိပ်ကို အရေးကြီးပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်သည်းခံမှု၊ နားလည်မှုတွေနဲ့ ကိုယ်မှားတာလည်း ရှိ မယ်၊ သူမှားတာလည်းရှိမယ်ပေါ့။ ဒါလေးတွေအပေါ်မှာ အတတ်နိုင် ဆုံးသည်းခံ ပြီးသွားရင် အလုပ် မှာရော၊ လူမှုရေးရော၊ စီးပွား ရေးရောအားလုံး ပြေလည်ပါတယ်” လို့ သူငယ်ချင်းဆိုတာဘယ်လောက် အရေးကြီးကြောင်းကို လူရွှင်တော်၊ဟာသ သရုပ်ဆောင်ကောင်းကျော်က ပြောပြပါတယ်။

လင်းအက္ခရာ

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here