မော်ဒယ်လ်သင်တန်းသွားဖို့ ကားခမရှိလို့ သူများဆီက ပိုက်ဆံချေးရတဲ့ အချိန်တွေလည်း မနည်းပါဘူး မော်ဒယ်သရုပ်ဆောင်အောင်လေး

0
326

မိန်းကလေးပရိသတ်တွေ အားပေးကြတဲ့ သရုပ်ဆောင်အောင်လေးက လတ်တ လောမှာတော့ ကြော်ငြာတွေရိုက်ကူးဖြစ်နေပြီး ဒီလထဲမှာပဲ ‘ပိုးကောင်းလေးများ’ စီးရီးတွဲရိုက်ဖို့ရှိတယ်လို့ သိရပါတယ်။ ကာရိုက်တာ ရွေးချယ်ခွင့်မရတဲ့အတွက် ရတဲ့နေရာမှာ အကောင်းဆုံးသရုပ်ဆောင်နေပြီး ကာရိုက်တာရွေးချယ်လို့ရ မယ်ဆိုရင် ဂျစ်ကန်ကန်ပုံစံလေးရိုက်ချင်တယ်လို့ပြောလာတဲ့ အောင်လေး က . . .

”အသစ်တစ်ယောက်ဖြစ်တဲ့အတွက် အများကြီးရွေးချယ်ပိုင်ခွင့် မရှိဘူး။ ပေးလာတဲ့ ကာရိုက်တာကိုပဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားတယ်။ ကြိုးစားတဲ့အချိန်မှာလည်း ကိုယ်သရုပ်ဆောင်တဲ့ ကာရိုက်တာကို အကောင်းဆုံးလုပ်နိုင်အောင် စိတ်ထည့်ပြီး အမြဲတမ်းကြိုးစားပါတယ်။ ကိုယ်က ဒီလောကကို မြတ်နိုးလို့ ဝင်လာခဲ့တာဆိုတော့ အနုပညာနဲ့ပတ်သက်ပြီး အကုန်ချစ်တယ်။ အဲဒီ အတွက် ကာရိုက်တာရွေးချယ်ခွင့်မရလည်း အဆင်ပြေပါတယ်။ တကယ်လို့ကျွန်တော့်ကို ကာရိုက်တာရွေး ချယ်ခွင့်ပေးမယ်ဆိုရင်တော့ ဂျစ်ကန်ကန်ပုံစံမျိုး၊ ပြန်မပြောနားမထောင်တဲ့ လူငယ်တစ်ယောက်လို ပုံစံမျိုး လေးရိုက်ချင်တယ်”လို့ ပြောပါတယ်။

အနုပညာထဲဝင်လာတဲ့အချိန်မှာ အခက်အခဲတွေရှိခဲ့လားလို့ မေးကြည့်တဲ့အခါ မှာတော့ …

”အခက်အခဲတွေအများကြီးရှိခဲ့တယ်။ မော်ဒယ်လ်သင်တန်း စတက်တုန်းက ဆိုသင်တန်းသွားဖို့ တက္ကစီခမရှိလို့ဆိုပြီး ပိုက်ဆံချေးပြီးသွားရတဲ့ အချိန်တွေရှိတယ်။ ပြီးတော့ အမြဲတမ်းလိုင်းကားစီးပြီးတော့ လှိုင်သာယာကနေပုလဲကွန်ဒိုကို ကားနှစ်ဆင့် လောက်စီးရပြီး ပင်ပန်းတာတွေ အမြဲတမ်းရှိတယ်။ ဒါပေမဲ့ ကိုယ်ဖြစ်ချင်တာတစ်ခု အတွက်နဲ့ ဒီလိုလေးဖြစ်တာလောက်တော့ ဘာမှမဖြစ်ခဲ့ပါဘူး။ ရအောင်ကြိုးစား ခဲ့တယ်။ အခုတော့ ကိုယ့်ရဲ့ပန်းတိုင်လည်းရောက်လုနီးပါးရှိတော့ ပင်ပန်းရကျိုးနပ်ပါ တယ်”လို့ အောင်လေးက ပြောပါတယ်။

ပြတ်စဲလုနီးပါးဖြစ်နေတဲ့ အချစ်ရေးနဲ့ပတ်သက်ပြီးလည်း အောင်လေးက…

”အချစ် ရေးကတော့ အေးအေးဆေးဆေးပါပဲ။ ကျွန်တော့်ရဲ့ Fan တွေလည်းသိပါတယ်။ ကျွန်တော်တစ်ယောက်တည်း အေးဆေးဖြစ်နေပြီဆိုတော့ ပွဲတွေသွားရင်တော့ တစ်ခါတလေ သူနဲ့ဆုံဖြစ်တဲ့အပိုင်းတွေရှိတာပေါ့။ တွေ့တော့လည်း စိတ်ထဲမှာ ဘယ်လိုမှမခံစားရဘူး။ လူတစ်ယောက်ကိုတွေ့တယ်။ မြင် တယ်။ အဲဒီလောက်ပဲသဘောထားပါတယ်။ ဘာခံစားချက်မှမရှိပါ ဘူး”လို့ ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here