ရွှေညီကို အဖွဲ့နဲ့ စင်ပေါ်မှာ ပြက်လုံးပြက်တဲ့ အချိန်ကို အမြဲ လွမ်းမိနေသူ လူရွင်တော် ဝိုင်းချစ်

0
213

လူရွှင်တော်ဝိုင်းချစ်ကတော့ အရင်တုန်းကတွဲခဲ့တဲ့ ရွှေညီကိုအဖွဲ့က သူငယ် ချင်းတွေနဲ့နေခဲ့တဲ့အချိန်ကာလတစ်ခုကို အမြဲတမ်းလွမ်းဆွတ် နေတုန်းပါပဲ။ သူနှမြောဆုံးကတော့ စင်ပေါ်မှာ ပြက်လုံးပြက်ရတဲ့အချိန်တွေကိုပဲ ဖြစ်ပြီး အဲဒီအရသာက ဘာနဲ့မှလဲလို့မရဘူးလို့ ပြောပါတယ်။

“ကောင်းကျော်နဲ့ ကိုငြိမ်းချမ်းနဲ့ ပြက်လုံးပြက်နေရင် ကျန်တဲ့သုံးယောက်က လုံးဝအနှောင့်အယှက်မပေးဘူး။ ကိုယ် ပြက်ရမယ့်အလှည့်မရောက်သေးရင် ငြိမ်ပြီးထိုင်နေတာ။ ဝင်ပြက်ရမယ့်အချိန်ကျမှာသာဝင် ပြက်ကြတယ်။ အဲဒီ စည်းကမ်းတွေ အဲဒီအရသာတွေက ရလည်းမရနိုင် တော့ဘူး။ အဲဒါ တွေကတော့တအားနှမြောတယ်” လို့ ယခင်ကာလ သူငယ်ချင်းတွေ နဲ့အတွဲညီခဲ့ပုံကို….

ကိုဝိုင်းချစ်ကပြန်ပြောင်းပြောပြပါတယ်။ ရွှေညီကိုအဖွဲ့ မှာတော့ ငြိမ်းချမ်း၊ကောင်းကျော်၊ထက်ထက်၊ ရှဲဒိုး၊ ဝိုင်းချစ်တို့ ၅ယောက်ကသိပ်ကို အတွဲညီခဲ့တာပါ။ သူတို့တွေဟာ ရွှေညီ ကိုအဖွဲ့မဖွဲ့ခင် ဇာတ်အဖွဲ့တွေမှာ လူရွှင်တော်အဖြစ် ကပြစဉ် ကတည်းက တစ်ယောက်နဲ့တစ်ယောက်ခင်မင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

“အဲဒီတုန်းက ကိုယ့်ပွဲအားရင် သူ့ပွဲဘယ်မှာရှိလဲဆိုတာစုံစမ်း ပြီးသွားတာပဲ။ ဟိုရောက်လို့ နေဖို့ထိုင်ဖို့တောင်မှ ခုတင်က တစ်လုံး ပဲရှိတာလေ။ အဲဒီခုတင်မှာအကုန်လုံး နေလို့ရအောင် လုပ်တယ်။ ခုတင်အပေါ်မှာလည်းနေတယ်။ ခုတင်အောက်မှာ လည်းဖျာခင်းပြီးနေ တယ်။ သူတို့မှာရှိတဲ့ အဝတ်အစားတွေယူဝတ်တယ်။ကိုယ့်ဆီလာလည်း အဲဒီလိုပဲ။ အဲဒီရင်းနှီးမှုတွေက ခိုင်ခိုင်မြဲမြဲဖြစ်သွားကြတာပေါ့”လို့ပျော် ရွှင် စရာကောင်းခဲ့တဲ့ လူငယ်ဘဝအကြောင်းကို ကိုဝိုင်းချစ်က ပြန်လည် ပြောပြတာပါ။

လင်းအက္ခရာ

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here