Looking for something?

Explore the website

Looking for something?

Thursday, April 3, 2025

ငလျင်ဒဏ်ကြုံတွေ့နေရသူများအတွက် WHO ၊ တရုတ်၊...

အင်အားအလွန်ပြင်းထန်သောငလျင်ဒဏ်ကြောင့် အခက်အခဲကြုံတွေ့နေရသူများအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၊ တရုတ်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံနှင့် UNICEF Myanmar တို့မှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းများနှင့် ဆေးဝါးများ ယနေ့...

အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်...

အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ လေပြင်းများ တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုး ပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင် သတိပြုနိုင်ရန် မိုးလေဝသနှင့်ဇလဗေဒ...

ငလျင်ဒဏ်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများမှအတွေ့အကြုံများအား ပြန်လည်မျှဝေပေးစေလိုဟုနီပေါဝန်ကြီးချုပ်အားနစက ဥက္ကဋ္ဌပြော

ငလျင်ဒဏ်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်အတွေ့အကြုံရှိပြီးဖြစ်သည့် နီပေါနိုင်ငံအနေဖြင့် ယင်း အတွေ့အကြုံများကိုပြန်လည်မျှဝေပေးစေလိုသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ နီပေါနိုင်ငံဝန်ကြီးချုပ် Rt. Hon....

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး နေပြည်တော်ရှိ ယူနန်ပြည်နယ်...

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia သည် ယခု ဧပြီ(၁)ရက်နေ့မှ (၃)ရက်နေ့အထိ နေပြည်တော်တွင် ကူညီကယ်ဆယ်ရေးများလုပ်ဆောင်နေသည့် ယူနန်ပြည်နယ် ကယ်ဆယ်ရေးအဖွဲ့များကို...
HomeCelebrities' Newsသီချင်းဆိုပြိုင်ပွဲအကဲဖြတ်ဒိုင်အဖြစ်ဆောင်ရွက်ခဲ့တဲ့လူငယ်တွေအပေါ် နီနီခင်ဇော်...

သီချင်းဆိုပြိုင်ပွဲအကဲဖြတ်ဒိုင်အဖြစ်ဆောင်ရွက်ခဲ့တဲ့လူငယ်တွေအပေါ် နီနီခင်ဇော် ဘယ်လိုမြင်ခဲ့လဲ

ဒီနှစ်က နီနီ့ ဂီတသက်တမ်း ၁ဝ နှစ်ပြည့်တဲ့ အထိမ်းအမှတ်ပေါ့နော်။ ၁ဝနှစ်ပြည့်အထိမ်းအမှတ်မှာ နီနီ့ရဲ့တစ်ကိုယ်တော်ဂီတဖျော်ဖြေပွဲကို ရန်ကုန်မှာ ၂ ရက် ဆက်တိုက်ကျင်းပနိုင်ခဲ့တယ်။ အဲဒီအတွက် ပျော်လည်း ပျော်တယ်။ နီနီ ငယ်ငယ်ကမက်ခဲ့တဲ့ အိပ်မက်တွေကို ၁ဝ နှစ် ပြည့်မှာ အကောင်အထည်ဖော်လိုက် နိုင်တယ်လို့ထင်ပါတယ် . . .

နီနီခင်ဇော်ရဲ့ ဂီတသက်တမ်းက အခုဆိုရင် ၁ဝ နှစ်တင်းတင်းပြည့်ခဲ့ပါ ပြီ။ 2008 Melody World Winner တစ်ယောက်အဖြစ် ဂီတလောကထဲ ကို စတင်ဝင်ရောက်ခဲ့တဲ့ နီနီခင်ဇော် မှာ ထူးခြားတဲ့အသံ ပါရမီရှိတယ်။ နီနီခင်ဇော်သီဆိုတဲ့ သီချင်းအပုဒ် တော်တော်များများက မပေါက်တာ ရှားတယ်။ အဲဒါ သူမရဲ့ ထူးခြားချက် ပါ။ ‘မာရီယို’၊ Super Redနဲ့ U ‘ ဆိုတဲ့ တစ်ကိုယ်တော်အခွေတွေထွက် ရှိထားပြီးဖြစ်တဲ့ နီနီခင်ဇော်က လက် ရှိ အောင်မြင်မှုရရှိနေတဲ့ အဆိုတော် တွေစာရင်းထဲမှာ အပါအဝင်ပါ။ နီနီ ဖြတ်သန်းခဲ့ပြီးတဲ့ ၁ဝ နှစ်တာကာလ ကို ပြန်လည်သုံးသပ်လိုက်မယ်ဆိုရင် ဘာတွေပြန်မြင်ယောင်မလဲလို့ဆို တော့ …

“၁ဝ နှစ်တာကာလလုံးမှာ ခက် ခက်ခဲခဲပဲ ဖြတ်သန်းခဲ့ရတယ်။ ဒါပေ မဲ့လည်း ချစ်တဲ့ပရိသတ်တွေအားလုံး ရဲ့ ခွန်အားနဲ့ နီနီ့မှာ အခက်အခဲကို အခက်အခဲလို့တောင် မြင်ချိန်မရ လိုက်ပါဘူး။ တကယ်ကို ပျော်ပျော် ရွှင်ရွှင်နဲ့ပဲ ဖြတ်သန်းခွင့်ရခဲ့ပါတယ်။ အဲဒီအတွက် ၁ဝ နှစ်တာလုံးလုံး နီနီ နဲ့အတူ လက်တွဲပေးခဲ့တဲ့ ချစ်တဲ့ပရိ သတ်တွေအားလုံးကို ကျေးဇူးတင်ပါ တယ်။ နီနီMelody Worldကနေ စပြီးတော့ အခု ဒီ ၂ဝ၁၈ ခုနှစ်ဆိုရင် ၁ဝ နှစ်ပြည့်ခဲ့ပါပြီ။ ဒါကြောင့်မို့လို့ တောက်လျှောက်အားပေးခဲ့တဲ့ ပရိ သတ်တွေ အားနဲ့ ကြိုးစားခဲ့ခြင်းဖြစ်ပါ တယ်”လို့ နီနီခင်ဇော်ကပြောပါတယ်။

အခုခေတ်ဆိုရင် နီနီတို့ခေတ် မှာတုန်းကထက် မျိုးဆက်တစ်ခုဖြစ် သွားပြီ။ ဒီဘက်ခေတ်လူငယ်တွေကို ကော နီနီဘယ်လိုမြင်လဲ။ ကိုယ်တိုင် လည်း The Voice Myanmar မှာ အကဲဖြတ်ဒိုင်တစ်ဦးအနေနဲ့ ဆောင် ရွက်ခဲ့ဖူးလေတော့လို့ ဆိုတော့ …

“နီနီကိုယ်တိုင်ကလည်း လူငယ် လည်းဖြစ်တယ်။ ပြီးတော့ သူတို့ လျှောက်ခဲ့တဲ့လမ်းမှာပဲ ကိုယ်လည်း လျှောက်လာခဲ့တာဖြစ်တဲ့အတွက် သူတို့ကို အများကြီးအကြံဥာဏ်တွေပေးနိုင်ခဲ့တယ်လို့ထင်တယ်။ ကိုယ် တစ်ချိန်တုန်းက မှားခဲ့တဲ့ အနုပညာ အမှားလေးတွေ မမှားမိအောင်လို့ မောင်နှမတွေကှို့မေန ခွင့်ရခဲ့ တယ်။ နီနီတို့ပြိုင်ခဲ့ရတာထက် အဆ ပေါင်းများစွာ စိတ်ပင်ပန်းတယ်။ ကိုယ့်အဖွဲ့ထဲကလူတွေ သီချင်းဆိုနေ တဲ့အချိန်မှာ ကိုယ်သာပြေးဆိုချင် လိုက်တော့တယ်။ အမှားအယွင်းဖြစ် မှာလည်း စိုးရိမ်တယ်။ ဘာပဲပြော ပြော အခုခေတ်လူငယ်တွေက နီနီတို့ ထက် အများကြီးတော်ပါတယ်။ Talents ပိုင်းမှာလည်း နီနီတို့ထက် အများကြီးသာပါတယ်” လို့ သူက ပြောပါတယ်။ နီနီ့ရဲ့ ဂီတသက်တမ်း ၁ဝ နှစ်ပြည့်မှာလည်း တစ်ကိုယ်တော် ရှိုးပွဲလုပ်ခဲ့သေးတယ်နော်၊ ကျေနပ် ခဲ့ရဲ့လားလို့မေးတော့ …

“ဒီနှစ်က နီနီ့ ဂီတသက်တမ်း ၁ဝ နှစ်ပြည့်တဲ့အထိမ်းအမှတ်ပေါ့ နော်။ ၁ဝနှစ်ပြည့်အထိမ်းအမှတ်မှာ နီနီ့ရဲ့တစ်ကိုယ်တော်ဂီတဖျော်ဖြေပွဲကို ရန်ကုန်မှာ ၂ ရက် ဆက်တိုက် ကျင်းပနိုင်ခဲ့တယ်။ အဲဒီအတွက် ပျော်လည်း ပျော်တယ်။ နီနီ ငယ်ငယ် ကမက်ခဲ့တဲ့ အိပ်မက်တွေကို ၁ဝ နှစ် ပြည့်မှာ အကောင်အထည်ဖော်လိုက် နိုင်တယ်လို့ထင်ပါတယ်။ နီနီလည်း အားရ ကျေနပ်မှု အပြည့်အဝရှိပါ တယ်”လို့ နီနီက ပြောပါတယ်။ ဆက် လက်ပြီး နီနီခင်ဇော်က …

“၁ဝ နှစ်ပြည့် အမှတ်တရလည်း ဖြစ်တယ်။ သီချင်းတွေကလည်း ၈ ပုဒ်လောက် အသစ်လုပ်ထားတော့ အခွေပြန်ထုတ်ဖို့တော့ စီစဉ်နေပါ တယ်”လို့ ၁ဝ နှစ်ပြည့်အမှတ်တရစီး ရီးခွေထုတ်ဖို့အကြောင်း ပြောပြခဲ့ပါ တယ်။

မျိုးမောင်၊
ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071