မိသားစုဘဝ ဖြတ်သန်းမှုနဲ့ညီမဖြစ်သူ ပန်းသွန်းခြယ်အကြောင်းအဆိုတော်ပန်းရောင်ခြယ် ပြောပြ

0
358

အဆိုတော် ဂရေဟမ်ရဲ့ သမီးဖြစ်သူ အဆိုတော် ပန်းရောင်ခြယ်က တော့ လက်ရှိအချိန်မှာ အဆိုတော်တစ်ဦးအဖြစ် ပရိသတ်အခိုင်အမာရရှိထား သူ တစ်ဦးဖြစ်ပါတယ်။ လတ်တလောမှာတော့ သူမရဲ့ ပထမဆုံး တစ်ကိုယ်တော် တေးစီးရီးထွက်ရှိဖို့ ပြင်ဆင်နေပြီး ဂီတနဲ့ပတ်သက်ပြီး အများကြီးကြိုးစားဖို့ လိုသေးကြောင်းနဲ့ ဖခင်ဖြစ်သူဆီကသင်ယူခဲ့ရတဲ့ အကြောင်းကိုလည်း ပန်းရောင်ခြယ်က အခုလိုပြောပြခဲ့ပါတယ်။

“ဒယ်ဒီကတော့ ပန်းရောင်ကို ဂီတနဲ့ပတ်သက်ပြီး သင်ပြပေးတယ်။ အများကြီးလမ်းပြပေးတယ်။ ကြိုးစား ဖို့လည်း အမြဲတမ်းပြောတယ်။ အခု ခေတ်ဆိုရင် ဒယ်ဒီတို့ခေတ်နဲ့ မတူ တော့ဘူး။ သင်ယူချင်ရင်၊ လေ့လာ ချင်ရင်Onlineမှာ သင်ယူလို့ရ တယ်။ တအားလည်း လေ့လာလို့ ကောင်းတယ်။ အဓိကကတော့ ကြိုးစားဖို့အမြဲပြောတယ်။ ရေရှည်အောင် မြင်ဖို့ဆိုတာကလည်း သမီးရဲ့ကြိုးစားမှု အနုပညာဝမ်းစာနဲ့ ဆိုင်တယ်လို့ အမြဲပြောပါတယ်။ ဒယ်ဒီက စည်းကမ်းတော့ ကြီးတယ်။ ဒါပေမဲ့ သူငယ်ချင်းလိုလည်း ပေါင်းသင်းဆက် ဆံလို့ရတဲ့အဖေမျိုးပါ။ အဖေဆိုတော့ ကိုယ်ကလည်း respect အပြည့်ရှိ တယ်။ သူငယ်ချင်းလိုပဲ ပေါ့ပေါ့ပါးပါးပေါင်းသင်းဆက်ဆံပါတယ်”လို့ ပြောပြခဲ့ ပါတယ်။

လက်ရှိအချိန်မှာတော့ ပန်းရောင်ခြယ်ရဲ့ ညီမဖြစ်သူ ပန်းသွန်း ခြယ်ကပါ အစ်မလိုအဆိုတော်တစ် ယောက်ဖြစ်ချင်တဲ့အတွက် ဂီတနဲ့ ပတ်သက်ပြီး လေ့လာသင်ယူနေပါပြီ။ ညီအစ်မနှစ်ယောက်လုံးက ဂီတဝါ သနာပါကြတာမို့ အနုပညာအလုပ်ကိုလုပ်ခဲ့ကြတာပါလို့ ပြောလာတဲ့ပန်း ရောင်ခြယ်က …

“ညီမလေးကတော့ ပန်းရောင်ထက်အေး တယ်။ စကားလည်းနည်းတယ်။ အေး အေးဆေးဆေးပဲ။ စာဖတ်တာ အလွန်ဝါ သနာပါတယ်။ ဝတ္ထုတွေ တစ်အုပ်ပြီး တစ်အုပ် အမြဲဖတ်တယ်။ မနက် အစောကြီးဆိုရင် အိမ်မှာပီယာနိုထကျင့်နေပြီ။Music ကိုလည်းသိပ်ဝါသနာပါတယ်။ အဆို တော်သိပ်ဖြစ်ချင်တဲ့အတွက် အခု ကတည်းက လေ့လာပြီး ပြင်ဆင် နေပါတယ်။ ပန်းရောင်တို့ ညီအစ်မ နှစ်ယောက်စလုံးကို မိဘနှစ်ယောက် စလုံးကအနု ပညာ အလုပ်ကိုလုပ်လို့ လည်းမပြောကြပါဘူး။ မလုပ်နဲ့လို့ လည်းမပြောကြပါဘူး။ ပန်းရောင်တို့ ညီအစ်မနှစ် ယောက်စလုံးက ဖေ ဖေ့သွေးပါလို့ ဂီတ ကိုအလွန်ဝါသနာပါ ကြတာပါ”လို့ ပြော ပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here