အနုပညာနှင့် ပေါ်ပြူလာ လူငယ်နှင့် အောင် မြင်မှု

0
139

ခေတ်တိုင်းလိုလိုပင် အနုပညာလောကထဲကို လူငယ်တွေ တိုးဝင်လာခဲ့ကြပြီး တချို့လူငယ်တွေက ပေါ်ပြူလာဖြစ်ချင်စိတ်နဲ့ ဝင်ရောက်ကြတာမို့ ကြာကြာမခံဘဲ ဆုတ်ခွာပျောက်ကွယ်သွားကြသလို တချို့လူငယ်တွေက အနုပညာရူးသွပ်မှု ဗီဇစိတ်အရင်းခံနဲ့ ဇွဲလုံ့လဝီရိယအပြည့်ထား မဆုတ်မနစ်ကြိုးစားကာ မိမိတို့ ဘဝရည်မှန်းချက်ပန်းတိုင်ဆီ အရောက်လှမ်းချီပြီးတော့ အောင်မြင် ကျော်ကြားတဲ့ ထိပ်တန်းအနုပညာရှင်တွေဖြစ်သွားကြပါတယ်။ ဒါကြောင့်မို့ ပေါ်ပြူလာဂျာနယ် ၂၁ နှစ်ပြည့်နှစ်ပတ်လည်အထူးတင်ဆက်မှုအဖြစ် ‘အနုပညာနဲ့ ပေါ်ပြူလာ၊ လူငယ်နဲ့ အောင်မြင်မှု’ကဏ္ဍလေးကနေပြီးတော့ လူငယ်အနုပညာရှင်များဖြစ်ကြတဲ့ မေသက်ထားဆွေ၊ ဝင်းခန့်မိုးနဲ့ ကောင်းစစ်မင်း တို့ရဲ့ အမြင်ခံယူချက် စကားသံများကို မေးမြန်းကာ ဖော်ပြလိုက်ရပါတယ်။

—————————————————————————————————————

မေသက်ထားဆွေ

ဂီတလောကထဲစရောက်ရှိခဲ့ပုံ

“သမီးက ငယ်ငယ်ကတည်းက ဂီတကိုဝါသနာပါပါတယ်။ ဒါကြောင့် ငယ်ငယ်တုန်းက သီချင်းဆိုပြိုင်ပွဲတွေမှာဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်။ အသက် ၆ နှစ်၊ ၇ နှစ်လောက်မှာ ပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ရင်းနဲ့ ဆရာတွေနဲ့ လည်း စနစ်တကျ သင်ယူရင်းနဲ့ ဒီလောကထဲကို ဝင်ရောက်ခဲ့တာပါ။ ငယ်ငယ်တုန်းက တော့ ကိုယ်ဝါသနာ ပါတဲ့အလုပ်ကို လုပ်တဲ့အခါမှာ ပြိုင်ပွဲတွေမှာဝင်ရောက်ယှဉ် ပြိုင်လို့ ပထမဆုတွေရခဲ့တုန်းက အလွန်ပျော်ခဲ့ရတာပေါ့။ ပြိုင်ပွဲဆိုကတည်းက ပထမဆုကိုရချင်ကြတာပဲလေ။ နောက်ထပ်ပြိုင်ပွဲတွေလည်း ထပ်ပြိုင်ချင်သေး တယ်။ ပြီးတော့ပရိသတ်ချစ်တဲ့၊ ပြည်သူချစ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ် ချင်တဲ့ ဆန္ဒကလည်း အဲဒီတုန်းက ပြင်းပြခဲ့ပါတယ်”

အနုပညာအပေါ်ခံယူချက်

“ဂီတမှာ အဆိုဝါသနာပါတဲ့အတွက် အဆိုပညာရပ်တစ်ခုကို ဆရာတွေ ဆီမှာ စနစ်တကျထပ်မံသင်ယူပါတယ်။ ပညာဆိုတာ ကုန်တယ်လို့မရှိပါဘူး။ ဒါကြောင့်ပညာတွေကို ထပ်မံပြီးတော့ သင်ယူနေဦးမယ်။ သမီးက ကိုယ့်ကိုယ် ကိုယ် အမြဲတမ်းလေ့လာနေသူအဖြစ်ခံယူထားပါတယ်။ မြန်မာသံစဉ်တွေဆိုရင် လည်း သမီးတို့လူငယ်တွေက ပြန်လည်ဖော်ထုတ်ကြမှဖြစ်မှာပါ။ ဒါဟာ မြန်မာသံစဉ်တွေ မပျောက်ပျက်အောင် ထိန်းသိမ်းတဲ့နည်းတစ်မျိုးပါပဲ။ သမီး ရဲ့ ဖျော်ဖြေပွဲတွေက ဘာသာရေးပွဲတွေလည်းများတယ်။ ဥပမာ-တိပိဋက ပူဇော်ပွဲတွေ၊ စာအောင်သံဃာပူဇော်ပွဲတွေ၊ မွေးနေ့ပူဇာပွဲတွေ ဒီလိုမျိုး ပူဇော် ရတာများပါတယ်။ သမီးတတ်ကျွမ်းတဲ့ အဆိုပညာလေးနဲ့ ပူဇော်ရတဲ့အတွက်လည်း ကုသိုလ်ရတယ်။ အဲဒီအတွက်လည်းဝမ်းသာပါတယ်။ ဆရာ တော်တွေရဲ့ ဆိုဆုံးမမှုတွေကိုလည်း အများ ကြီးနာခံရပါတယ်။ အခုဆိုရင် ပိုဆိုးတာပေါ့။ ဆယ်တန်းတက်နေရပြီဆိုတော့ ဖျော်ဖြေရေးပွဲ တွေမသွားနဲ့တော့။ စာကိုပဲသေသေချာချာ အားစိုက်ပြီးလုပ်တော့။ ဒီတစ်နှစ်ကိုလေ ကိုဖြစ်ချင်တဲ့ ရည်မှန်းချက်အတွက်အကောင်း ဆုံးကြိုးစားပြီး ဖြစ်အောင်လုပ်ဖို့ ဘုန်းဘုန်း တွေက မိန့်ပါတယ်”

မြန်မာဝတ်စုံနဲ့လှပတဲ့ဖက်ရှင်

“မြန်မာဝတ်စုံဝတ်တာကတော့ ပင်ကိုကလည်း သဘောကျလို့ပါ။ ဘာဖြစ်လို့လဲဆိုတော့ သမီးရဲ့အလုပ်ကလည်း မြန်မာသံစဉ်ဆိုတာ တစ် ကြောင်းရယ်၊ ပြီးတော့သမီးတို့ မြန်မာမိန်းကလေးတွေဆိုတော့လည်း မြန်မာ အင်္ကျီလေးတွေ ဝတ်ဆင်လို့ရှိရင် ပိုပြီးတော့ကျက်သရေရှိတယ်ထင်လို့ပါ။ သမီးကိုယ်တိုင် လည်း မြန်မာဝတ်စုံဝတ်ဆင်ရတာကို အလွန်ကြိုက်နှစ်သက် ပါတယ်”

ပညာရေးပိုင်းနဲ့ရည်မှန်းချက်

“Pressureကတော့ နည်းနည်းရှိတာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ တက္က သိုလ်ဝင်တန်းတက်တဲ့အခါမှာ တစ်ဖက်မှာ အနုပညာရှင်ကလည်းဖြစ်၊ ပရိ သတ်တွေကလည်း ဒီနှစ်မှာဘယ်လိုလာမလဲပေါ့။ စောင့်ကြည့်ကြတဲ့အခါမှာ နည်းနည်းတော့ဖိအားရှိတာပေါ့။ ဒါပေမဲ့ အကောင်းဆုံးကြိုးစားမယ်။ အစွမ်း ကုန်ကြိုးစားပြီးတော့ ဖြေဆိုပါ့မယ်”

လင်းအက္ခရာ၊ မျိုးမောင်၊ ဇင်မာနွယ်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here