Samsung Myanmar မှ Galaxy J Music Festival နဲ့အတူ Galaxy J4 နဲ့ Galaxy J6 စမတ်ဖုန်းနှစ်လုံး စတင်မိတ်ဆက်

0
118

Samsung Myanmar မှ ကျင်းပပြုလုပ်တဲ့ Galaxy J Music Festival Show ကို ဇွန်လ ၉ ရက် နေ့က ရန်ကုန်မြို့၊The One Entertainment park မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ Galaxy J Music Festival Show ပွဲမှာ Galaxy မျိုးဆက်သစ် စမတ်ဖုန်းများဖြစ်ကြတဲ့ Galaxy J4 နဲ့ Galaxy J6 တို့ကိုပါ မိတ်ဆက်ခဲ့ပါတယ်။ စတင်မိတ်ဆက်လိုက်တဲ့ Galaxy J4 ၊ Galaxy J6 တို့နဲ့ပတ်သက်ပြီး Samsung Myanmar ရဲ့ IT and Mobile ကို ဇာနည်ဝင်းထက်က အခုလိုပြောပြခဲ့ပါတယ်။

”အခုနောက်ဆုံးထွက်ရှိလာတဲ့ Galaxy J Series စမတ်ဖုန်းတွေဟာ ဆိုရင် အခုခေတ်လူငယ်လေးတွေအတွက် အဓိကဦးစားပေးထုတ်လုပ် ပေးထားတာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ မူပိုင်Super AMOLED နည်း ပညာနဲ့အတူ သုံးစွဲသူတွေအတွက် ပြိုင်ဘက်ကင်းပြီး တကယ့်ကိုကောင်းမွန် တဲ့ ဖျော်ဖြေရေးဆိုင်ရာ ကြည့်ရှုမှုအတွေ့အကြုံကို ပေးစွမ်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအနေနဲ့လည်း Samsung ရဲ့ ထူးခြားတဲ့ အထင်ကရ အဆုံးအစမဲ့ မျက်နှာပြင် ဒီဇိုင်းကွိုGalaxy J Series မျိုးဆက်သစ် စမတ်ဖုန်းဖြစ်တဲ့ Galaxy J6 မှာ ထည့်သွင်းပေးထားတဲ့အတွက် ဒီဇိုင်း စတင်ပြောင်းလဲလာတာကို သူတို့ သတိထားမိကြမှာပါ”လို့ ပြောပြခဲ့ပါတယ်။
အဆိုပါ Galaxy Music Festival Show ပွဲမှာBig Bag ၊ လင်းလင်း၊ ဝေလ၊ နေမင်းအိမ်၊ Key၊ တင်ဇာမော်၊ ဖြူဖြူကျော်သိန်း၊ အိမ့်ချစ်၊ မီးနိုစတဲ့ နာမည်ကြီးအဆိုတော်များက တေးသီချင်းများ သီဆိုဖျော် ဖြေခဲ့ကြပါတယ်။

သတင်း ၊ ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here