ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောက် စဖို့ဒ် ဆရာတော် ဓမ္မာစရိယ၊ အဂ္ဂမ ဟာ သဒ္ဓမ္မဇောတိကဓဇ ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ၊ဓမ္မကထိက ဗဟုဇနဟိတဓရ ရှမ်းပြည်နယ် ဗုဒ္ဓ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အရှင်ဓမ္မသာမိ DPhil(Oxford) ဆရာတော်ရဲ့ တရားသင်တန်း အလှူတော်အခမ်းအနားကို ဇွန် လ ၁၄ ရက်နေ့က နံနက် ၉နာရီမှ ညနေ ၄နာရီထိ မန္တလေးကွန်ဗင်းရှင်း စင်တာမှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။
ဆရာတော်က ‘အချင်းချင်းတည် မှီရတဲ့ လူ့လောကအတွက် ရှိကိုရှိရ မည့်သတိအခြေခံကရုဏာ’ ခေါင်း စဉ်ဖြင့်တရားသင်တန်းကို ပထမပိုင်း၊ ဒုတိယပိုင်း၊ တတိယပိုင်း သုံးပိုင်း ခွဲကာ ဟောပြောပို့ချခဲ့ပြီး စုပေါင်း တရားထိုင်ခြင်းနဲ့ သင်တန်းတက် ရောက်လာသူများက သိလိုတဲ့ တရားဓမ္မဆိုင်ရာများကို မေးမြန်း လျှောက်ထားခြင်းများ ပြုလုပ်ခဲ့ကြ ပါတယ်။
တရားသင်တန်းကို ဆေးတက္က သိုလ်၊ မြန်မာ့သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၊ မန္တလေး တက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်၊သူနာပြုတက္ကသိုလ်(မန္တလေး)၊ အားက စားနှင့် ကာယပညာသိပ္ပံ (မန္တလေး) တို့မှ ကျောင်းသား၊ကျောင်းသူများ၊ မန္တလေးမြို့ပေါ်ရှိ ကိုယ်ပိုင်အထက် တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ တရားနာပရိသတ်များ စုစု ပေါင်း ဦးရေ (၁ဝဝဝ) ခန့် တက် ရောက်နာယူခဲ့ကြပါတယ်။
အောက်စဖို့ဒ်ဆရာတော်ရဲ့ တရားသင်တန်းကို မန္တလေးတိုင်းဒေ သကြီးအစိုးရအဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ နယူးစတားလိုက်ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်က ကျင်းပလှူဒါန်း ခဲ့တယ်လို့ သိရှိရပါတယ်။