ရှစ်ခွင်တိုင်း တေးအယ်လ်ဘမ်အတွက် Fan Meeting လုပ်ဖို့ စီစဉ်နေတဲ့ ပိုပိုဟေသာ

0
239

တေးရေးဇဝါရဲ့ သမီးငယ် ပိုပိုဟေသာက မေလအတွင်းကမှ ‘ရှစ်ခွင်တိုင်း’ ဆိုတဲ့ ဒုတိယတစ်ကိုယ်တော် တေးစီးရီးထွက်ရှိထားသူပါ။ ပိုပိုဟေသာဟာ သီချင်းဆွေးဆွေးလေးတွေနဲ့ ခံစားမှုလေးတွေပါတဲ့ သီချင်းတွေဆိုတတ်သူလေးဆို တာ ပထမထွက်ရှိထားတဲ့ ‘ကမ္ဘာဦးရည်းစား’ ဆိုတဲ့ တစ်ကိုယ်တော်အခွေမှာ ကတည်းက သက်သေပြထားပြီးသားပါ။ အခုလည်း ‘ရှစ်ခွင်တိုင်း’ က သီချင်း လေးတွေက ပျံ့နှံ့နေပြီး သူမဘက်က လိုအပ်ချက်တစ်ခုရှိ သွားတဲ့အတွက် တောင်းပန်ပါတယ်ဆိုတဲ့ ပိုပိုဟေသာက…..

”ဟေသာက ပရိုမိုးရှင်းရော၊ စာနယ်ဇင်းပွဲရော မလုပ်လိုက်ရတဲ့အခါကျ တော့ ပရိသတ်ကြီးနဲ့ အဆက်အစပ်မရှိသလိုမျိုး ဖြစ်သွားတယ်။ အဲဒီအတွက် လည်း အားနာပါတယ်။ ဆက်ပြီးတော့လည်း တခြားတခြားသော Fan Meeting လိုမျိုးတော့ ဟေသာ လုပ်ဖြစ်မယ်ထင်ပါတယ်” လို့ သူမက ပြောပါ တယ်။ အသက် ၂ဝနှစ်အရွယ် အဆိုတော် ကောင်မလေး ပိုပိုဟေသာ။ YUFL မှာ နောက်ဆုံးနှစ် တက်ရောက်နေသူလေးလည်းဖြစ်ပါတယ်။ ပိုပိုဟေသာ ကတော့ သူမရဲ့ ‘ရှစ်ခွင်တိုင်း’ အယ်လ်ဘမ်လေးကို အများကြီးမျှော်လင့်မထား ပေမယ့် အကောင်းဆုံးကြိုးစားထားတဲ့အတွက် ခံစားချက်ချင်းတိုက်ဆိုင်ရင် နားထောင်ကြည့်ကြပါလို့ တိုက်တွန်းစကား ဆိုလိုက်ပါတယ်။ အသက်အရွယ် အားဖြင့် ငယ်ရွယ်သေးတဲ့ ပိုပိုဟေသာကို သရုပ်ဆောင်ဖို့ရော ဝါသနာပါသေး လားလို့မေးတော့ …

”ညီမက သူများသရုပ်ဆောင်ရတာကို ကြည့်ရတာ ပိုပြီးဝါသနာပါတယ် ပြီးတော့ ဟေသာက Script ရေးတာမျိုးကို ပိုပြီးတော့ စိတ်ဝင်စားပါတယ်။ သရုပ်ဆောင်ဖို့ကတော့ ဟေသာ့ရဲ့ Music Video တွေမှာပဲ သရုပ်ဆောင်ဖြစ် ဖို့ များပါတယ်” လို့ ပိုပိုဟေသာက ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here