ရန်ကုန်တိုင်း သဘင်အစည်းအရုံးမှ ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများကို ဆုချီးမြှင့်မည်

0
259

ရန်ကုန်တိုင်းဒေသကြီး၊ သဘင်အစည်းအရုံးမှ (၂ဝ၁၇/၂ဝ၁၈ ) ခုနှစ် အခြေခံပညာအထက်တန်း စာမေး ပွဲ ဖြေဆိုအောင်မြင်သူများကို ဇွန်လ ၂၃ ရက်နေ့၊ နံနက် ၁ဝ နာရီ၊ အနုပညာယဉ်ကျေးမှု အထက်တန်းကျောင်း၊ ဗဟန်းမြို့နယ်တွင်မှာ ပညာရည်ချွန်ဆု ချီးမြှင့်မယ်လို့ သိရ ပါတယ်။

ဒါကြောင့်အခုနှစ်မှာ အောင်မြင်ခဲ့တဲ့ အနုပညာရှင်များ ရဲ့ သား /သမီးများ မပျက်မကွက်တက် ရောက်ပေးစေလို ကြောင်း ရန်ကုန်တိုင်းဒေသကြီး သဘင်အစည်းအရုံးက ထုတ်ပြန်ထားပါတယ်။ ရန်ကုန် တိုင်းဒေသကြီး သဘင် အစည်းအရုံးအနေနဲ့ ပညာရည်ချွန်ဆုချီးမြှင့်ဖြစ်ပုံကို တော့…

”အခုနှစ်က ပထမဆုံးအကြိမ် ပါပဲ။ ဆယ်တန်းစာမေးပွဲ ရိုးရိုးအောင်တဲ့သူတွေရော၊ ဂုဏ်ထူးရတဲ့ သူတွေရော အားလုံးဆုချီးမြှင့်ပေးသွားမှာပါ။ ဆုအနေနဲ့ကတော့ စာမေးပွဲ အောင်တာ ရိုးရိုးအောင်တာကို ဘယ်လောက်၊ ဂုဏ်ထူးနဲ့ကို ဘယ်လောက်ဆိုပြီး သတ်မှတ်ပြီးပေးဖို့ အစည်းအဝေး မလုပ်ရသေးပါဘူး။ စာရင်းပိတ်တာကတော့ ၁၅ရက်နေ့ မှာပိတ်ပါတယ်။ နောက်နှစ်တွေမှာ ဆက်လက်ချီးမြှင့်ပေးသွားဖို့ အစီအစဉ်ရှိပါတယ်” လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ သဘင်အစည်းအရုံးအနေနဲ့ ကျောင်းဖွင့်ချိန်တွေမှာလည်း စာအုပ်တွေနဲ့ စာရေးကိရိယာ များကို ကူညီထောက်ပံ့ပေးလျက်ရှိနေပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here