လာမယ့်နွေရာသီမှာ လက်ထပ်ကြတော့မယ့် ဂွင်စတက်ဖနီ နဲ့ ဘလိတ်ခ်ရှယ်လတန်

0
176

ကိုယ်ဝန်လွယ်ထားရပြီဆိုတဲ့ သတင်းတွေတီးတိုး ပေါ်ထွက်လာပြီးတဲ့နောက် No Doubt အဖွဲ့ရဲ့ အဆိုတော်ဂွင်စတက်ဖနီနဲ့ အမေရိကန်အဆိုတော် ဘလိပ်ခ်ရှယ်လတန်တို့ဟာ လာမယ့်နွေရာသီမှာ လက်ထပ် ကြတော့မယ်လို့ သတင်းဦးထွက် ပေါ်လာခဲ့ပါတယ်။ ကာယကံရှင် တွေကလည်း ဒီသတင်း မှန်ကန်တယ် လို့ Hollywood Life သတင်းစာမျက်နှာ တွေမှာ ဝန်ခံပြောကြားလိုက်တယ်လို့ဆိုပါတယ်။ ”သူငယ်ချင်းတွေရော နှစ်ဖက်မိဘတွေပါ မကျန် အလွန်စိတ် လှုပ်ရှားနေကြတယ်” ”မကြာခင်သိပ်ကြီးကျယ်တဲ့ ကြေညာချက်တစ်ခု ကြားသိရတော့မယ်”လို့ သတင်းတွေက ရေးသားနေကြပါပြီ။

မင်္ဂလာသတင်းကို အရင်က လျှို့ဝှက်ထားပေမယ့် အခုတော့ ဂွင်ကိုယ်တိုင် သူတို့မင်္ဂလာပွဲကို ခင်ပွန်းလောင်းနေထိုင်ရာ နက်ရှဗီးမှာပဲ ပါတီပွဲအကြီးကြီးလုပ်ပြီး ကျင်းပသွားမယ်လို့  ထုတ်ဖော် ပြောဆိုလာပါတယ်။ Tragic Kingdom , Just a Girl အစရှိတဲ့ အယ်လ်ဘမ်တွေနဲ့ အလွန် အောင်မြင်ခဲ့တဲ့ No Doubt တီးဝိုင်းခေါင်းဆောင်အဆိုတော် ဂွင်ဟာ တေးရေး၊ တေးဆို ဖက်ရှင် ဒီဇိုင်နာတစ်ဦးဖြစ်ပြီး ခင်ပွန်းလောင်း ဘလိတ်ခ်ကတော့ ဘီလ်ဘုတ် ထိပ်တန်းစာရင်းတွေမှာ ခဏခဏဝင်ရောက်နေရာယူခဲ့တဲ့အမေရိကန် ကျေးလက်ဂီတသမား တစ် ယောက်ပါ။

Ref: Hollywood Life

ဝဿန်


LEAVE A REPLY

Please enter your comment!
Please enter your name here