ဒီကလေးလေး မွေးပြီးရင် သားကြောဖြတ်ဖို့အထိ စဉ်းစားထားတယ်ဆိုတဲ့ ဟာသသရုပ်ဆောင်ကြာစိရဲ့ ဇနီးဖြစ်သူ မဆုဟန်နီဖြိုး

0
184

လူရွှင်တော် ဟာသသရုပ် ဆောင် ကြာစိရဲ့ ဇနီးဖြစ်သူ မဆုဟန် နီဖြိုးဟာ ကြာစိရဲ့ ရင်သွေးလေးကို လွယ်ထားရတာ ၅ လကျော်ရှိပါပြီ။ သားလေးလိုချင်တဲ့ ကြာစိတစ် ယောက်အတွက်တော့ ဇနီးဖြစ်သူက အာထရာဆောင်းရိုက်ကြည့်တဲ့အခါ မှာ သမီးလေးဖြစ်နေတာမို့ မျှော်လင့်ချက်ထပ်တူမကျဘူးဆိုရ ပေမယ့် ဝမ်းသာပျော်ရွှင်နေတာ တွေ့ရပါတယ်။ အာထရာဆောင်း ရိုက်ကြည့်တဲ့အခါမှာ သမီးလေးဖြစ် နေတဲ့အတွက် ဝမ်းသာပြီး ဒီကလေး တစ်ယောက်မွေးပြီးရင် သားကြော ဖြတ်မယ်လို့ ကြာစိရဲ့ ဇနီးဖြစ်သူ ဆုဟန်နီဖြိုးကပြောပါတယ်။

”အစ်မ ဟိုနေ့က စဉ်းစားမိတာ ကိုယ်ဝန်က လည်း ၅ လကျော်ပြီ။ အာထရာ ဆောင်းသွားရိုက်ကြည့်ရင် ကောင်း မယ်ဆိုပြီး သွားရိုက်ကြည့်တော့ မိန်း ကလေးဖြစ်နေတယ်။ အမှန်အတိုင်း ပြောရရင် အလွန်ပျော်တယ်။ အရင် က အစ်မ April Fool မှာ ရင်သွေး လေးက ယောက်ျားလေးဆိုပြီး နောက်ခဲ့တာ။ အခုတကယ် သွား ရိုက်မှ မိန်းကလေးဖြစ်နေတာ။ သူ လည်းပျော်နေတယ်။ ဒါပေမဲ့ သူက ယောက်ျားလေးပိုလိုချင်တယ်။ သား လေးဆိုရှင်ပြုအလှူလေးလုပ်လို့ ရတယ်ဆိုပြီး သားလေးကိုပိုလိုချင် တယ်လို့ပြောတယ်။ ဒါပေမဲ့ အခု မိန်းကလေးရတော့လည်း ပျော်နေပါ တယ်။ အစ်မ အမေတို့ကလည်း မိန်း ကလေးတွေချည်းပဲမွေးခဲ့တာဆို တော့ မိန်းကလေးကို ပိုခင်တွယ်တာ ပေါ့။ ဒီကလေးလေးကို ၁ဝ လပိုင်း ထဲမှာမွေးရမှာပေါ့။ ကျန်းမာရေး ကောင်းကောင်းလေးနဲ့ မွေးလာ အောင်ပဲ အမြဲဆုတောင်းတယ်။ ပြီး တော့ ဒီကလေးလေး မွေးဖွားပြီးရင် သားကြောဖြတ်ဖို့အထိ စဉ်းစား ထားတယ်။ ဒီကလေးလေး ယူခဲ့တာ လည်း အခုကလေးလေးတွေနဲ့ မောင် နှမချင်း ပိုရင်းနှီးပြီး အစ်မတို့ မိသား စုပိုပြီး ချစ်ချစ်ခင်ခင်ဖြစ်မယ်ဆိုတဲ့ စိတ်နဲ့ ရင်သွေးယူခဲ့တာပါ။ သမီး ငယ်ကလည်း အငယ်လေး တအား လိုချင်တာနဲ့ ယူဖြစ်ခဲ့တာပါ။ ဒီက လေးလေးတောင် အစ်မအတွက်သိပ် ခက်ခဲတယ်။ ကလေးပျက်ကျမလိုဖြစ် တာလည်း နှစ်ခါတောင်ရှိပြီ။ အဲဒီ အတွက် အစ်မ သန္ဓေခိုင်ဆေးတွေ လည်း ထိုးထားရတယ်ဆိုတော့ တော် တော် ခက်ခဲတယ်။ ပြီးတော့ အစ်မ က ငယ်ငယ်ကတည်းက ကျန်းမာရေး က သိပ်မကောင်းဘူး။ နှလုံးအား နည်းပြီး သွေးအားနည်းတာ အမြဲဖြစ် တယ်။ အရင်ကတည်းက သွေးတွေပါ အန်တတ်တဲ့ အကျင့်ရှိတယ်။ ငယ် ငယ်က ၆ လတစ်ကြိမ်လောက် သွေး သွင်းရတယ်။ ဒီလိုမျိုးကျန်းမာရေး မကောင်းတဲ့သူကို ယူခဲ့တဲ့ သူ့ကို လည်း ကျေးဇူးတင်တယ်။ သူက အလွန်ဂရုစိုက်တယ်။ အခုချိန်ထိ ကိုယ့်အဝတ် ကိုယ်လျှော်မဝတ်ရဘူး။ အစ်မစားချင်တာရှိရင်လည်း သူ့ အားရက်ဆို ကိုယ်တိုင်ချက်ကျွေး တယ်။ မိဘထက် မလျော့အောင် ချစ်ခြင်းတွေပေးခဲ့တဲ့အတွက် အလွန် ပဲကျေးဇူးတင်ပါတယ်”လို့ မဆုဟန်နီ ဖြိုးက ပြောခဲ့ပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here