ဝေဖန်မှုတွေ၊အခက်အခဲတွေကြောင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပိုရှိသွားတယ် သရုပ်ဆောင် အေးဝတ်ရည်သောင်း

0
139

လတ်တလောမှာတော့ သရုပ် ဆောင်အေးဝတ်ရည်သောင်းက ကြော်ငြာ၊ ဓာတ်ပုံတွေ ရိုက်ကူးဖြစ်နေပြီး သြဂုတ်လထဲမှာ ဇာတ်လမ်းတွဲ တစ်ခု ရိုက်ကူးဖို့ရှိတယ်လို့ သိရပါတယ်။ မကြာခင်ကလည်း ကိုယ့်အ သက်နဲ့ ပတ်သက်ပြီး ဝေဖန်ခံရတာတွေ ရှိနေပါတယ်။ အဲဒီလို ဝေဖန်တဲ့သူတွေကို မှတ်ပုံတင်နဲ့တကွ ကြော်ငြာလိုက်တဲ့ အကြောင်းကို လည်း အေးဝတ် ရည်သောင်းက …

”မွေးနေ့မှာ ပေါက်စီ အသက် ကို ပြောလိုက်တဲ့အချိန်မှာအသက်က အဲဒီလောက် မဟုတ်ဘူး။ လိမ်ပြီး ကြော်ငြာနေတယ်ဆိုပြီး ဝေဖန်သံတွေ ထွက်လာတယ်။ အဲဒီလို ဝေဖန်တဲ့သူတွေကို မြင်ရတော့ စိတ်မကောင်းဘူး။ အဲဒါနဲ့ ဖေ့စ်ဘုတ်ခ်ပေါ်မှာ မှတ်ပုံတင်ကို ဓာတ်ပုံရိုက်ပြီး ကြော်ငြာပေးလိုက်တာပါ။ လိုအပ်မယ်ထင်လို့ပါ။ ဒါပေမဲ့ တကယ်တမ်းတော့ ဘဝမှာအသက်ထက်ကိုယ်က ပတ်ဝန်းကျင် ကို ဘယ်လောက်ထိ အကျိုးပြုတဲ့ သူဖြစ်မှာလဲ၊ ကိုယ်ဘယ်လောက် ထိ ကောင်း တဲ့သူဖြစ်မှာလဲ၊ အဲဒါ တွေက ပိုအရေးကြီးတယ်လို့ ပေါက် စီထင်ပါတယ်။ အမှန်တကယ်တော့ ပေါက်စီအသက်ကို မွေးနေ့ကျမှ ကြော်ငြာလို့ ပြောကြတာလို့ ထင်နေမှာပေါ့။ ဒါပေမဲ့ အရင်တုန်းကလည်း လူတွေက အသက်နဲ့ပတ်သက်ပြီး ဇဝေဇဝါဖြစ်တဲ့သူတွေ အများ ကြီးပါပဲ။ အဲဒီလိုတွေကြောင့် ဖြစ်မယ်လို့ ထင်ပါတယ်။ အခုတော့ အဲဒီဝေဖန်သံတွေ မရှိတော့လောက်ပါဘူး။ ကြာနေပြီဆိုတော့ လေ(ရယ်လျက်)။ ဝေဖန်မှုတွေက ခဏပါပဲ။ အခုတော့ ပြီးသွားပါပြီ။ ဒီကိစ္စတစ်ခုဖြစ်တာနဲ့ ဘာမှမဖြစ်သွားပါဘူး။ အခက်အခဲက လူတိုင်း မှာ ရှိတာပေါ့။ အဲဒီအခက်အခဲကိုတတ်နိုင်သလောက် ဖြေရှင်း နိုင်သ လောက် ဖြေရှင်းတယ်။ အခက်အခဲကတော့ ကောင်းတာလည်း ရှိ မယ်။ ဆိုးတာလည်း ရှိမယ်။ ဒီအခက်အခဲတွေကြောင့်မို့လို့ ကိုယ့်ကိုယ်ကိုယ် ပိုပြီးတော့ ယုံကြည်မှု ရှိသွားတာဆိုတော့ ပေါက်စီက စိန်ခေါ်မှုကို ကြိုက် တယ်။ အခက်အခဲတိုင်းကို လည်းကြိုက်တယ်။ အဲဒီအခက်အခဲတွေကို ကျော်ဖြတ်ရ တာကို ပိုကြိုက်တယ်။ ပေါက်စီကို ဝေဖန်တဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဝေဖန်တာကလည်း ကောင်းပါတယ်။ ပေါက်စီ အဖေ အမြဲတမ်းဆုံးမသလို ကောင်းတဲ့သူတစ်ယောက်တည်း ရှိပြီး တော့အပေါ်မတက်နိုင်သလိုပဲ။ အတောင်နှစ်ဖက်ဖြန့်မှ ကောင်းတဲ့သူ ရော၊ ဆိုးတဲ့သူပါ နှစ်ဖက်စလုံး အသုံးပြုပြီးမှအပေါ်ကို ပြန်တက် နိုင်မှာပါ။ အဲဒီအတွက် ဆိုးတဲ့သူ တွေကိုလည်း သဘောကျတယ်။ အတူတူပါပဲ။ အဲဒါကို ပေါက်စီအတွက် စိတ်ညစ်စရာအခက်အခဲလို့မထင်ပါဘူး”လို့ အေးဝတ်ရည်သောင်း က ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here