အနုပညာလောကထဲကို ဘယ်သူ့အကူအညီမှမယူဘဲဝင်ရောက်ခဲ့တဲ့ မော်ဒယ်လ်၊ သရုပ်ဆောင် ထက်ထက်ထွန်း

0
220

မော်ဒယ်လ်သရုပ်ဆောင် ထက်ထက်ထွန်းကတော့ လတ်တလောမှာ သူပါဝင်သရုပ်ဆောင်ထားခဲ့တဲ့ ၆ ကားမြောက် ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ မင်္ဂလာမောင်နှံရုပ်ရှင် ဇာတ်ကားကို ဇူလိုင်လဆန်းလောက်ကျရင် မန္တလေးမှာ သွားရောက် ရိုက်ကူးဖို့ရှိတယ်လို့ ပြောပါတယ်။ ကိုယ်သရုပ် ဆောင်တဲ့ သက်တမ်းတိုတိုလေးအတွင်းမှာ ပါဝင်ရုပ်ရှင်ဇာတ်ကား ကြီးတွေ မှာ ပါဝင်ရိုက်ကူးဖြစ်နေတဲ့ အကြောင်းကို သရုပ်ဆောင်ထက် ထက်ထွန်းက…

”ထက်ဒီနှစ်ထဲမှာပဲ အခု မင်္ဂလာမောင်နှံဇာတ်ကားနဲ့ဆို ခြောက်ကား မြောက်ရှိပါပြီ။ ရုံတင်ပြသတာကတော့ နောက် ၁ နှစ်၊ ၂ နှစ်နေရင် တင်မှာပါ။ ရှေ့မှာရိုက်ကူးထားတဲ့ ၅ ဇာတ်ကားက ညစ်တွန်း၊ ပင် လယ်ရယ် သံ၊ လူကြီးလူကောင်း၊ ဘောစိ (၂) ရယ်၊ နောက်တစ်ခုက ဂွင်ကြီးဂွင်ကျယ်နဲ့ အခုရိုက်ကူးမယ့် ကားနဲ့ဆိုရင် ခြောက်ကားမြောက်ရှိပါပြီ။ ခြောက်ကား မြောက်ကို အချိန်တိုလေးအတွင်းမှာ ရိုက်ကူးနိုင်တယ်ဆိုပေမယ့် ကိုယ် တိုင် ရုန်းကန်လာရတဲ့ အနုပညာသက်တမ်းကလည်း ၈ နှစ် ရှိပြီဆိုတော့ ဒီလောက်ကတော့ မျှတတယ်လို့ထင်တယ်။ ထက်ဒီလောကထဲ ဝင် ရောက်လာကတည်းက ဘယ်သူ့အကူအညီမှလည်းမပါဘူး။ ထက်က သရုပ် ဆောင်သင်တန်းတက်ထားတာလည်း မရှိဘူး။ မော်ဒယ်လ်လုပ်ကတည်းက လည်း မော်ဒယ်လ် သင်တန်းတက်ခဲ့တာ မရှိဘူး။ ထက်အနေနဲ့ကတော့ အမြဲတမ်း ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့သူတွေကို မြင်ဆရာ၊ ကြားဆရာလို့ စိတ်ထားပြီးတော့ အမြဲတမ်းသင်ယူတယ်။ လေ့လာတယ်။ အဲဒါကြောင့်လည်း အခုဒီလိုဇာတ် ကားလေးတွေမှာ ပါဝင်ရိုက်ကူးလို့ရခဲ့တာပါ။ ထက် ဒီလောကကို မော်ဒယ်လ်အနေနဲ့ စဝင်တယ်။ ပြီးတော့ Miss ပြိုင်ပွဲတွေ ဝင်ပြိုင်တယ်။ ၂ဝ၁၁ ခုနှစ်မှာ မဟော်ဂနီနဲ့ စာချုပ်ချုပ်မိသွားပြီး သရုပ်ဆောင်လုပ်ခဲ့တယ်။ အဲဒီမှာ အတွေ့အကြုံတွေတော့ ရလိုက်ပါတယ်။ စုစုပေါင်း ဗီဒီယို ၆ ကားလောက်ပါဝင်ရိုက်ကူးဖြစ်ပြီး အဲဒီနောက်မှာ အနုပညာလုပ်တာရပ်သွားခဲ့ရတယ်။ ၂ဝ၁၆ ခုနှစ်လောက်မှ Miss ပြိုင်ပွဲ ဝင်ပြိုင်ပြီး အခုအနုပညာလောကထဲ ပြန်လည်ဝင်ရောက်လာခဲ့တဲ့ အချိန်မှာ ဒီလိုမျိုးရုပ်ရှင်ဇာတ်ကားတွေ ကမ်းလှမ်းတာကိုခံခဲ့ရတဲ့အတွက် ကျေးဇူး တင်ပါ တယ်” လို့ ထက်ထက်ထွန်းက ပြောပါတယ်။

အချစ်ရေးနဲ့ပတ်သက်ပြီး မေးကြည့်တဲ့အခါမှာတော့ ထက် ထက် ထွန်းက ”သူက ထက်ထက် အသက်ကြီးတယ်။ ပြီးတော့ သူက အနုပညာ လောကထဲကပါပဲ။ သူက ကိုယ့်ထက် အသက်ကြီးတယ်လို့သာ ပြောတာ သူက မချစ်တတ်ဘူး။ ကိုယ်က အချစ်ခံပြီးတော့ အလိုလိုက် ခံချင်တာလေ။ ဒါပေမဲ့ သူက မချစ်ပြတတ်ဘူး။ အသက်ပဲကြီးလို့လားတော့ မသိဘူး။ ဒါပေ မဲ့ ထက်ကိုတော့ အလွန်ဂရုစိုက်ပါတယ်။ အဲဒီအတွက်လည်း ကျေးဇူး တင်ပါတယ်” လို့ ထက်ထက်ထွန်းက ပြောပါတယ်။

သဲစုလှိုင်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here