အကယ်ဒမီဆု လိုချင်တယ်လို့ ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်တဲ့ ရွှေမှုံရတီ

0
206

အသက် ၂ဝအရွယ်သာ ရှိသေး တယ်ဆိုပေမယ့် ရုပ်ရှင်လောကမှာ ပရိသတ်အခိုင်အမာရှိနေပြီး အောင် မြင်မှုတွေ ရယူပိုင်ဆိုင်ကာ ရှေ့ဆက် လျှောက် လှမ်းနေတဲ့ မင်းသမီးလေး ကတော့ ရွှေမှုံရတီပါ။ သူက လက်ရှိမှာ ရွှေထူးနဲ့ ‘နှလုံး သားတံခါးကို ဝင်ချည် ထွက်ချည် လုပ်တဲ့ ဧည့်သည်’ ရုပ်ရှင် ဇာတ်ကားရိုက်ကူးနေပါတယ်။ ပြီးရင် တော့ ပြင်ဦးလွင်မှာ အောင်ရဲလင်းနဲ့ နောက်ထပ်ရုပ်ရှင်ဇာတ်ကားတစ်ကား ရိုက်ကူးတော့မယ်လို့သိရ ပါတယ်။ အဓိကမေးဖြစ်တာက ရွှေမှုံရတီရဲ့ သရုပ်ဆောင်ချက်တွေပါ။ ‘နှလုံးသား တံခါးကို ဝင်ချည်ထွက်ချည်လုပ်တဲ့ ဧည့်သည်’ ရိုက်ကွင်းမှာ ရွှေထူးနဲ့ ဆုံတဲ့ အခန်း တွေဆိုရင် ရွှေမှုံရတီရဲ့ သရုပ် ဆောင်ချက်တွေက Good Shot တွေ လို့ပြောလို့ရပါတယ်။ သူမရဲ့ သရုပ် ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး နောက်ကွယ်မှာ ဘာတွေလုပ်နေသ လဲ ဆိုတာကိုတော့ ရွှေမှုံရတီက ……

”စိတ်ငြိမ်ဖို့ပါပဲ။ စိတ်တွေက အဲဒီလို ယောက်ယက်ခတ်နေတာတို့၊ ဒေါသကြီးတာတို့ဆို အဆင်မပြေဘူး။ သဲ ရုပ်ရှင်စရိုက်တုန်းကဆိုယောက် ယက်ခတ်တယ်။ ဒေါသကြီးတယ်။ အလုပ်လုပ်ဖို့အတွက်ကို တအားပူပင် သောကတွေရောက်တယ်။ ကိုယ်လုပ် နိုင်ပါ့မလားပေါ့။ နောက် ပိုင်းကျတော့ အဲဒါတွေက အလုပ်ကိုသက်ရောက် မှုအလွန်ရှိတယ်။ တကယ်လုပ်နိုင် နေ ရင်တောင်မှ အဲဒါတွေက ဝင်လာ ရင် အိုက်တင်တွေက ပျက်စီးကုန်ရော။ အဲဒီတော့ တစ်နှစ် နှစ်နှစ်လောက် ရိုက်ကူးပြီး သဲဘာကိုနားလည် လာလဲ ဆိုတော့ ဘုရား၊တရားများ များလုပ် တယ်။ စိတ်ကို တည်ငြိမ်အောင် တရား ထိုင်တာတို့၊ ပုတီးစိပ်တာတို့လုပ်တယ်။ သဲလုပ်သင့်တဲ့အရာမို့လို့ ကြိုးစားပြီး လုပ်တယ်။ အချိန်တစ်ခုရောက်လာ တယ်။ သဲတကယ်တည်ငြိမ်သွားတယ်။ ကောင်းကောင်းလည်း စုစည်းနိုင် တယ်။ ဘုရားတရားများများလုပ် လိုက် တဲ့အချိန်မှာသူ့ဟာလေးနဲ့သူဒီအလုပ် မှာအံဝင်ခွင်ကျဖြစ်သွားတယ်” လို့ ပြောပါတယ်။

အသက်ကလည်း ငယ်ရွယ်တယ်။ အောင်မြင်မှုတွေလည်းရနေပြီ။ သရုပ် ဆောင်ရာမှာလည်းတော်တဲ့ မင်းသမီး ဖြစ်နေပြီဆိုတော့ ပရိသတ်တွေက အကယ်ဒမီ ရွှေမှုံရတီဆိုပြီး ဘယ်တော့ လောက်မြင်ရ မလဲဆိုတာ သူမကိုမေး တော့ …..

”သဲ ဘယ်အရာကိုမှ မျှော်လင့် မထားဘူး။ တစ်ခုပဲ။ အလုပ်လုပ်တဲ့ အချိန်မှာ ငါလုပ်တဲ့အလုပ်တစ်ခုကို အကောင်း ဆုံးဖြစ်အောင်လုပ်မယ် ဆိုတဲ့စိတ်ပဲ။ အလုပ်တစ်ခုကို တာဝန် ကျေပွန်ချင်တယ်။ အဲဒီ အပေါ်မှာ ရလဒ်ကကောင်းတာ၊ ဆိုးတာအကုန် လက်ခံတယ်။ အကောင်းဆုံးတွေဖြစ် လာခဲ့ရင်လည်း ကျေနပ်သလို အဆိုး ဆုံးတွေဖြစ်လာရင်လည်း သဲကျေနပ် တယ်။ အကယ်ဒမီဆိုတဲ့အရာက အနု ပညာရှင်တိုင်းလိုချင်တဲ့အရာတစ်ခုပါ။ သဲကိုယ်တိုင်လည်း လို ချင်တယ်။ ဒါပေမဲ့ သဲလုပ်တဲ့အ လုပ်ပေါ်မှာ မူတည်တယ်။ သဲလုပ်တဲ့လုပ်ရပ်က သဲကို ကောင်းသွားစေမလား၊ ဆိုးသွားစေမလားဆိုတာ ဇာတ်ကားတွေ ရုံတင်ပြသတဲ့အခါမှသာလျှင် သိမှာ ပေါ့။ အဲဒီအချိန်မှာပဲ လူကြီးတွေအကုန်အကဲ ဖြတ်ပြီး သွားတဲ့အချိန်မှာ ကောင်းတာ၊ ဆိုးတာအားလုံးကို သဲကလက်ခံတယ်။ ဘာဖြစ်လို့လဲဆို သဲကိုယ်တိုင်လုပ် ခဲ့တဲ့အလုပ်တွေဖြစ်နေလို့ပါ။ လူကြီးတွေ ဆုံးဖြတ်မှာ ပဲလေ။ မရသေးဘူး ဆိုရင် သဲသည် လုံးဝလိုအပ်နေသေး လို့ပါ။ ရသွားပြီဆိုလို့ရှိရင်လည်း လူကြီးတွေ မျက်လုံး ထဲမှာ နေရာတစ်ခုလေးရှိနေလို့။ ဒီလိုပဲ သဲကိုယ်သဲ စိတ်ဖြေထားတယ်။ စိတ်ဖြေထားတယ်ဆိုတာကတော့ အလုပ်ကို အကောင်းဆုံးလုပ်ပေးချင်တယ်ဆိုတဲ့ စိတ်ကလေး ပျောက်သွားမှာစိုးလို့ပါ။ အဓိကက တော့ ဒါပါပဲ” လို့ ရွှေမှုံရတီကပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here