ရွှေမှုံရတီကို ‘ဂေါ်မှုံရတီ’ လို့ ချီးမွမ်းခန်းဖွင့်လိုက်တဲ့ ရွှေထူး

0
364

‘နှလုံးသားတံခါးကို ဝင်ချည် ထွက်ချည်လုပ်တဲ့ ဧည့်သည်’ ရုပ်ရှင် ဇာတ်ကားကတော့ ရိုက်ကူးပြီးစီးဖို့ သိပ်မလိုတော့ပါဘူး။ ရွှေထူးရယ်၊ ရွှေမှုံရတီရယ်၊ နေခြည်ဦးရယ်၊ ဧည့်သည် သရုပ်ဆောင်အနေနဲ့ ဖြိုးငွေစိုးတို့က ပါဝင်အားဖြည့်ပေးထားကြပါတယ်။Hard Rock Cafe မှာ ရိုက် ကူးနေတဲ့ ရိုက်ကွင်းကို သွားရောက်ဖြစ်တဲ့အခါ ရွှေထူးရယ်၊ ရွှေမှုံရတီရယ် ၂ ယောက်ဆုံတဲ့ ဇာတ်ဝင်ခန်းလေး ရိုက်ကူးနေတာ တွေ့ရပါတယ်။ ဇာတ်ကား ရိုက်ကူးရတာ တော်တော် လေးအဆင်ပြေပါတယ်ဆိုတဲ့ ရွှေထူးက နောက်ထပ် ရုပ်ရှင်ဇာတ်ကား တစ်ကားကိုလည်း နာမည်ကြီးသရုပ်ဆောင်တွေနဲ့ အတူပါဝင်ရိုက်ကူးမယ့် အကြောင်းပြောပြရာမှာတော့ …

”ဒဏ္ဍာရီမိုးကတော့ ကျွန်တော်ရယ်၊ ကိုရဲတိုက်ရယ်၊ ဒေါင်းရယ်၊ မကစ် (ဝတ်မှုံ ရွှေရည်)ရယ်ပေါ့နော်။ ဇာတ်ကိုကြိုက်တယ်။ ဒါပေမဲ့ ကြောက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သရုပ်ဆောင်ကောင်းတဲ့သူတွေနဲ့ သရုပ်ဆောင်ရမှာဆိုတော့ ကျွန်တော် လန့်စိတ်ဖြစ်မိ တယ်။ ဒေါင်းသရုပ်ဆောင်တာတော့ ကျွန်တော် မမြင်ဖူးဘူး။ ကိုရဲတိုက် သရုပ်ဆောင် တာကတော့ သိတဲ့အတိုင်း တော်တော်လေးကောင်းတာကိုး။ ပြီးတော့ မကစ်ဆိုရင်လည်း ပြောစရာမလိုဘူးလေ”လို့ ရွှေထူးကပြောပါတယ်။ လက်ရှိ အတူတူ သရုပ်ဆောင်နေတဲ့ ရွှေမှုံရတီရဲ့ သရုပ်ဆောင်ချက်တွေကို လည်း ရွှေထူးက တော်တော်လေး သဘောကျနေ ပါတယ်။

”ကျွန်တော်အကြိုက်ဆုံး မင်းသမီးရွေးပြပါဆိုရင် ပွင့်ပွင့်လင်းလင်းပြောရရင် အကုန်လုံး တော်တော်များများတော့ ကြိုက်တယ်။ အခုလက်ရှိမှာ သရုပ်ဆောင်နေတာ ရွှေမှုံကတော့ ကျွန်တော်တို့ Rapper စကားနဲ့ပြောရမယ်ဆိုရင် ကြမ်းတယ်ဗျာ။ ကြမ်းတယ်ဆိုတာ သူ့ကို သွားမစမ်းနဲ့ သေသွားမယ်ဆိုတဲ့အထာပဲ။ လုံးဝ ကြမ်းတယ်။ သရုပ်ဆောင်တာ။ လုံးဝဂေါ်တယ်။ ဂေါ်မှုံရတီပဲ” လို့သူကပြောပါတယ်။ ရွှေထူးတို့ အဆိုတော်တွေ သရုပ်ဆောင်အလုပ်ကို လုပ်တဲ့ အခါချစ်တဲ့ ပရိသတ်ကလည်းချစ်ကြတယ်၊ အားပေးကြတယ်။ သို့သော် ဝေဖန်တဲ့သူတွေလည်း များစွာရှိတယ်နော်လို့ဆိုတော့ …

”ပြောတဲ့သူကတော့ ပြောမှာပဲဗျ။ ဟိုနေ့တုန်းကတောင်မှ မဖြူဖြူကျော်သိန်းပြောထားတဲ့ Video File လေးကိုတောင် ကျွန်တော် Share ထားလိုက်သေးတယ်။ တကယ်ပညာရှိပါတယ်။ တော်တော်လည်း သဘောကျတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သူပြောတဲ့စကားလေးတွေ တော်တော်လေးနားထောင်ဖြစ်တယ်။ သူပြောတာကတော့ ဝေဖန်တာနဲ့ နှိမ့်ချပြောဆိုတာမတူဘူးလေ။ အဲဒီတော့ ဝေဖန်တယ်ဆိုတာက ကျွန်တော်တို့ကိုကောင်းစေချင်လို့ဝေဖန်တာ။ နှိမ့်ချပြော ဆိုတယ်ဆို တာကတော့ သူ့ အပေါ်မှာပဲ မူတည်တာပေါ့။ ကျွန်တော် ကိုယ်တိုင်လည်း အရင်တုန်းက ဆိုရင် ကျွန်တော့်ကို ပြောလာရင်ပြန်ပြီး တုံ့ပြန်တယ်။ နောက်ပိုင်းကတော့မရှိတော့ပါဘူး။ ဘာဖြစ် လို့လဲဆိုတော့ ကျွန်တော်တို့ အလုပ်ကို ကျွန်တော် ကောင်းကောင်း လုပ်ရမယ်။ ပြောတာကတော့ သူတို့ အပိုင်း။ သူတို့လည်း ဒါသူတို့အလုပ်ပဲ။ သူတို့ပြောပိုင်ခွင့်ရှိတယ်။ သူတို့ကတော့ ပရိသတ် တော့ မဟုတ်ဘူးလေ။ ရုပ်ရှင်ကို ကြည့်ရှုအားပေးသူနေရာကနေ ကျွန်တော့်ကိုလည်း ပြောကြတာ ကရုပ်ရှင်မင်းသား မဟုတ်ဘူး၊ ဘာဘူး၊ ညာဘူးပေါ့။ ဒါပေမဲ့လည်း ကျွန်တော့် အလုပ်ကိုတော့ ကျွန်တော်အကောင်းဆုံးလုပ် ရမှာပဲလေ။ အဲဒီတော့ ကျွန်တော့်ကို အားပေးသည်ဖြစ်စေ၊ အားမပေး သည်ဖြစ်စေ ကျွန်တော်ကတော့လုပ်နေရမှာပဲ” လို့ ရွှေထူးက ပြောပြခဲ့ ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here