ဇွန်လ ၁၃ ရက်နေ့က ရွေးကောက်ပွဲကျင်းပခဲ့တဲ့ Korea

0
248

ဇွန်လ ၁၃ ရက်နေ့ဟာ ကိုရီးယားရဲ့ ရွေးကောက်ပွဲနေ့ ပါ။ အဲဒါကြောင့် MBC ရုပ်သံလိုင်းကနေ ညနေ ၄ နာရီခွဲတိုင်း ပုံမှန်ထုတ်လွှင့် နေကျ Radio star အစီ အစဉ်နဲ့ Come and Hug Me အစီအစဉ် ရုပ်သံလိုင်း ထုတ်လွှင့်မှုကို ရပ်နားခဲ့ပါတယ်။ ဒီလိုပဲ အခြားနာမည်ကြီး ရုပ်သံလိုင်းဖြစ်တဲ့ SBS ကလည်း ထုတ်လွှင့်နေကျ “Einstein” ၊ “The Undateables”၊ “Romance Package” စတဲ့အစီအစဉ်တွေကို ခေတ္တရပ်နားခဲ့ကြ တယ်လို့ သိရပါတယ်။ တခြားရုပ်သံလိုင်းများကလည်း ၁၃ ရက်နေ့ ညနေပိုင်းထုတ်လွှင့်မှုတွေ ကို ရပ်နားခဲ့ကြပါတယ်။

KBS ကတော့ သူတို့ရဲ့ရှိုးပွဲတွေကို KBS ကနေ ပုံမှန် အတိုင်း ထုတ်လွှင့် ပြသခဲ့သလို ဒရာမာဇာတ် လမ်း တွဲ တွေကိုတော့ KBS 2TV က ထုတ်လွှင့်ပြသ ခဲ့ပါတယ်။ သူတို့ရဲ့ရွေးကောက်ပွဲကို KBS 1TV က တိုက် ရိုက် ထုတ်လွှင့်ပြသခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ၂ဝ၁၈ ဇွန်လ ၁၃ ရက်နေ့က တောင်ကိုရီး ယားနိုင်ငံသမိုင်းမှာ ကြုံတောင့်ကြုံခဲနေ့တစ်နေ့အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အကြောင်းကနိုင်ငံရဲ့၇ကြိမ် မြောက်အထွေထွေရွေးကောက်ပွဲကြီး ကျင်းပတဲ့ နေ့ရက် ဖြစ်ပြီး တိုက်တိုက်ဆိုင်ဆိုင်ကြားဖြတ်ရွေးကောက်ပွဲနေ့နဲ့ လည်းတစ်ရက်တည်း ဖြစ်နေခဲ့တာဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here