ဧရာဝတီ တိုင်းဒေသကြီး၊ သဘင်အ စည်းအရုံး အမှုဆောင် ကော်မတီသစ် ပြန်လည် ရွေးချယ်တင်မြှောက်မည်

0
179

ဧရာဝတီတိုင်းဒေသကြီး၊ သဘင်အစည်းအရုံးအမှုဆောင် ကော်မတီသစ်ကိုဇွန်လ၂၁ရက်နေ့တွ ပြန်လည်ရွေးချယ်တင် မြှောက်မည်ဖြစ်ကြောင်းသိရသည်။အဆိုပါတိုင်းဒေသကြီး သဘင်အစည်းအရုံး၊ အမှုဆောင်ကော်မတီကို ၂ဝ၁၆ခုနှစ် က မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံး (ဗဟို)မှ ဖွဲ့စည်းပေးခဲ့သည်။ ၂ဝ၁၇ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးသဘင်ဥက္ကဋ္ဌဦးသန်းအေး၏ ကွယ်လွန်ခဲ့သည့် အတွက် တိုင်းသဘင်အစည်းအရုံးအမှုဆောင်များ သဘောတူညီမှုဖြင့် လက်ရှိတာ ဝန်ထမ်းဆောင်နေသော ဦးရဲနောင်အား ဥက္ကဋ္ဌအဖြစ်ဆက်လက်တာဝန် ယူစေခဲ့ သည်။ ယခုအခါဧရာဝတီ တိုင်းဒေသကြီး သဘင် အစည်းအရုံးအနေဖြင့် စွမ်းဆောင်နိုင်မှုနည်းနေသည် ကိုတွေ့ရှိရပြီး တိုင်းဥက္ကဋ္ဌကိုယ်တိုင်သည်လည်း တာဝန် မှ နုတ်ထွက်ခွင့်ကို သဘင်အစည်းအရုံး(ဗဟို)သို့ တင်ပြထားသည်။

မြန်မာနိုင်ငံသဘင် အစည်းအရုံး (ဗဟို) ရွေးချယ်တင် မြှောက်ခြင်းဆိုင်ရာ စည်းမျဉ်းအ ပိုဒ်(၈)အရ ရွေးချယ်တင်မြှောက် ခံရသော လူပုဂ္ဂိုလ် (သို့မဟုတ်)အမှု ဆောင်ကော်မတီအနေဖြင့် သဘင် အစည်းအရုံးတိုးတက်ရာတိုးတက် ကြောင်း မဆောင်ရွက် နိုင်ခြင်း၊ အားနည်းခြင်း၊ အများကလက်ခံနိုင်မှု မရှိခြင်း စသည့်အကြောင်းအရာတို့ကို သုံးသပ်တွေ့ရှိလာပါက သဘင်(ဗဟို)အနေဖြင့် ပြန်လည်သုံးသပ်စိစစ်ရွေး ချယ်သွားမည်ဟု ဖော်ပြပါရှိသည့် အတိုင်း ဧရာဝတီ တိုင်းဒေသကြီး သဘင်အစည်းအရုံးအမှု ဆောင်ကော် မတီအသစ်အား ဇွန်လ၂၁ရက်နေ့ နံနက်၁၁နာရီ၊ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ပြန်လည်ရွေးချယ် တင် မြှောက်သွားမည်ဖြစ်ကြောင်းသိရသည်။ ထို့အပြင် မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) အနေ ဖြင့်ဇွန်လ ၁၁ ရက်နေ့က ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ်အား သွားရောက်ဂါရဝပြုတွေ့ဆုံခဲ့ပြီး တိုင်းဒေသကြီးအတွင်းရှိသဘင့် အရေးကိစ္စများနှင့် စပ်လျဉ်းပြီး ဆွေးနွေးခဲ့ကြသည်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here