စစ်ကိုင်းတောင်မှာ ၇ ရက်တာ တရားအားထုတ်နေတဲ့ မင်းသမီးကြီး နန်းခင်မွှေး (ခ) ဆရာလေး ပညာစာရီ

0
211

သဘင်မင်းသမီးကြီး နန်းခင်မွှေးက ဇွန်လ ၁ဝ ရက်နေ့ကမန္တလေး တိုင်းဒေသကြီး သဘင်လူမှုကူညီ စောင့်ရှောက်ရေးမှ ကြီးမှူးကျင်းပတဲ့ စုပေါင်းရှင်ပြု၊ ရဟန်းခံအလှူပွဲမှာ ပါဝင်ကုသိုလ်ယူတဲ့အနေနဲ့ သီလ ရှင်ဝတ်ခဲ့ပါတယ်။ သူ့အနေနဲ့ စစ်ကိုင်း တောင်ရိုးက ဟံသာဂီရိပရိယတ္တိ စာသင်တိုက် မှာတရားအားထုတ်နေပြီဖြစ်ပါတယ်။ အရင်နှစ်ကလည်း သီလရှင်ဝတ်ခဲ့ပေမယ့် ကျန်းမာရေး အခြေအနေကြောင့် တရားအား ထုတ်မှုမှာအားနည်းခဲ့ရပြီး အခုတစ်ခေါက်မှာတော့ တရားအားထုတ်မှုကို အချိန်ပြည့်ပြုလုပ်သွားမှာဖြစ်ကြောင်း သူက ပြောခဲ့ပါတယ်။

”သီလဆောက်တည်ချင်တယ်။ ၇ရက်လောက်ဝတ်မယ်။ကုသိုလ် ကောင်းမှုတွေကိုပဲ အန်တီမွှေး အောက်မေ့သွားမယ်” လို့ မင်းသမီး ကြီး နန်းခင်မွှေး(ခေါ်) ဆရာလေး ဒေါ်ပညာစာရီက ပြောပါတယ်။ မင်းသမီးကြီး နန်းခင်မွှေးဆိုတာကတော့ ဂီတစာဆိုနန်းတော်ရှေ့ ဆရာ တင်ရဲ့ မြေးတစ်ဦးဖြစ်သလို သဘင်မင်း သားကြီး ရွှေနန်းတင်ရဲ့ သမီး တစ်ဦးလည်းဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here