သီချင်း ဆိုတာပဲဖြစ်ဖြစ်၊ သရုပ်ဆောင်ခွင့်ရတာပဲဖြစ်ဖြစ် ကျွန်တော် အစွမ်းကုန်ကြိုးစားသွားမှာပါ ရဲရင့်အောင်

0
320

‘ငါ့ကိုနမ်းတဲ့ မုန်တိုင်း’ ရုပ်ရှင်ဇာတ်ကားက တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ပရိသတ်တွေတောင်း ဆိုမှုအရ ရုံတင်ပြသခွင့်ရခဲ့တာ တတိယပတ်ထဲတောင် ရောက်ရှိသွားပြီဆိုတော့ အောင်မြင်တယ်လို့ ဆိုရမှာပါ။ ဒီဇာတ်ကားထဲမှာ ‘သြရထူး’ ဆိုတဲ့ ကာရိုက်တာကို ပီပီပြင်ပြင် သရုပ်ဆောင်သွားနိုင်သူ အဆိုတော် ရဲရင့်အောင်ကတော့ ပျော်နေ ပါတယ်။

”ကျွန်တော်လုပ်ထားတာလေးတွေ အရာထင်ခဲ့တာပေါ့နော်။ ကျွန်တော်သရုပ်ဆောင်တုန်းက ကျွန်တော် ဘာတွေလိုအပ်နေမလဲကြည့်တယ်။ ပြီးတော့ ကျွန်တော်ကိုယ်တိုင်လည်း ပရိသတ် တစ်ယောက်လို ခံစားတယ်။ သဘောကျတယ်။ ကျွန်တော် သရုပ်ဆောင်ခဲ့တာကို ကျွန်တော်ကျေနပ်ပါတယ်”လို့ ရဲရင့်အောင်က ပြောပါတယ်။ ကိုယ်ကလည်း သရုပ်ဆောင်ရတာ ဝါသနာပါတယ်။ ပီပီပြင်ပြင်လည်း သရုပ်ဆောင်တတ်နေပြီဆိုတော့ နောက်ထပ် ကမ်းလှမ်းမှုတွေ ရှိပြီလား၊ တကယ်လို့များ ကမ်းလှမ်းလာခဲ့ရင်ရောလို့ဆိုတော့ …

”လောလောလတ်လတ်တော့ ဘာဇာတ်ကား ရိုက်ကူးမယ်ဆိုပြီးတော့ ကျွန်တော့်မှာ မရှိဘူး။ ဒါပေမဲ့ ကျွန်တော် ဇာတ်ကားရိုက် ကူးချင်သေးတယ်”လို့ သူက ဆက်ပြောပါတယ်။

တစ်ကိုယ်တော်အခွေလည်း မကြာခင်ထွက်ဖို့ ရှိနေတဲ့ ရဲရင့်အောင်က …

”ကျွန်တော် နောက်ထပ်လုပ်မယ့် အနုပညာတွေမှာ ပိုပြီးကောင်းအောင်ကြိုးစားနေပါတယ်။ အရာရာတိုင်းပါ။ သီချင်း ဆိုတာပဲဖြစ်ဖြစ်၊ သရုပ်ဆောင်ခွင့်ရတာပဲဖြစ်ဖြစ် ကျွန်တော် အစွမ်းကုန်ကြိုးစားသွားမှာပါ” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here