သူရရှိတဲ့ အနုပညာကြေးနဲ့ မိဘကို ထောက်ပံ့ပေးတဲ့အတွက် ဝမ်းသာမိတယ်လို့ ဖြူဖြူထွေး ရဲ့ မိခင် ဒေါ်မိဆယ် ပြော

0
284

လူငယ်ပရိသတ်တွေရဲ့ အားပေးမှုတွေနဲ့ အနုပညာလောကထဲကိုရောက်ရှိလာခဲ့တဲ့ သူကတော့ ဖြူဖြူထွေးပဲဖြစ်ပါတယ်။ အကဗီဒီယိုဖိုင်တွေများနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတဲ့အချိန်မှာ တချို့ပရိသတ်များက သူ့ရဲ့အကတွေနဲ့ပတ်သက်ပြီး ဝေဖန်မှု တွေရှိခဲ့ပါတယ်။ အဲဒီလိုဝေဖန်မှုတွေနဲ့ပတ်သက်ပြီး ပရိသတ်တွေကို ကျေးဇူးတင် ကြောင်း ဖြူဖြူထွေးရဲ့မိခင်ဖြစ်သူ ဒေါ်မိဆယ်က ပြောပြတာကတော့ …

”သမီးကို ဝေဖန်တဲ့သူတွေက အများကြီးပါ။ ဝေဖန်တဲ့သူတွေ၊ ဆဲတဲ့သူတွေ ကို အပြစ်လည်းမမြင်ပါဘူး။ အကုန်လုံးကို ကျေးဇူးတင်ပါတယ်။ မကောင်းပြော တဲ့သူတွေကို သင်ဆရာ၊ မြင်ဆရာလို့ပဲ သဘောထားပါတယ်။ သမီးလေးကို အားပေးကြတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်”လို့ ပြောပါတယ်။

သမီးဖြစ် သူကို အနုပညာလောကထဲထိရောက်အောင် ဘယ်လိုထောက်ပံ့မှုတွေလုပ် ပေးခဲ့လဲလို့ ထပ်မံမေးကြည့်တဲ့အခါမှာတော့…

”အန်တီတို့မှာ သားသမီး ၅ ယောက်ရှိ ပါတယ်။ သူက အငယ်ဆုံးပေါ့။ အငယ်ဆုံးဆိုတော့လည်း ဆိုးတာပေါ့။ စိတ်ကလည်း အမြဲတမ်းတိုနေတယ်။ အခုလည်း ဒီအတိုင်းပါပဲ။ ငယ်ငယ်က ကျောင်းသွားလည်း အဲဒီလိုပဲ။ အသွားကောင်းကောင်းမွန်မွန်သွားရင် အပြန်တစ်ခုခုဖြစ်လာတယ်။ စက်ဘီး ကို ဆောင့်တွန်းပြီးဝင်လာတာတို့လိုမျိုးတွေ အမြဲတမ်းဖြစ်တယ်။ အငယ်ဆုံးလည်းဖြစ်တော့ ဆုံးမတဲ့အပိုင်းမှာကျတော့ ရိုက်နှက်ဆုံးမလို့မရဘူး။ သူနားဝင်အောင် လိမ္မာယဉ်ကျေး အောင် အမြဲတမ်းအေးအေးဆေးဆေးပြောရတယ်။ ပြီးတော့သူက ပညာရေးဘက်မှာ လည်း ထူးချွန်တယ်။ ငယ်ငယ်ကတည်းကနေ အခုထိ တစ်နှစ်တစ်တန်းအောင်တယ်။ တစ်တန်းမှမကျသေးဘူး။ အခုလည်း နောက်ဆုံးနှစ်ရောက်နေပြီဆိုတော့ အကောင်းဆုံး တော့ ပံ့ပိုးပေးပါတယ်။ သူက ၉ တန်းအထိရွာမှာပဲ ကျောင်းတက်တယ်။ ၁ဝ တန်းရောက်တော့ သူ့အစ်မတွေက ရန်ကုန်ကိုခေါ်တော့ ရန်ကုန်မှာ ပညာသင်နေရင်းနဲ့ ဒီလိုမျိုး အနုပညာလောကထဲကို ရောက်ရှိလာတာပေါ့။ အန်တီတို့က ငယ်ငယ်ကတည်းက ကိုယ့်သားသမီးတွေကို ပညာတတ်တွေဖြစ်အောင် ရုန်းကန်ပြီးထောက်ပံ့ပေးခဲ့ရတယ်။ အခု သူအနုပညာရှင်ဖြစ်တဲ့အခါမှာလည်း အန်တီတို့က ရွာမှာနေတော့ အခုသမီးက လည်း ရန်ကုန်မှာဆိုတော့ အသွားအပြန်ပေါ့နော်။ သူလို’အပ်မယ့်ဟာတွေ၊ ရှုတင်တွေ ဆိုရင်လိုက်သွားဖြစ်တယ်။ အခုဆိုရင် ရွာနဲ့ ရန်ကုန်နဲ့က အသွားအပြန်ဖြစ်နေတာပေါ့။ အဲဒီလိုမျိုးပဲ သူ့အတွက်ထောက်ပံ့ပေးဖြစ်တာပေါ့။ အခုသူကလည်း သူရတဲ့အနုပညာ ကြေးလေးတွေနဲ့ မိဘကို ထောက်ပံ့တယ်ဆိုတော့ ကျေနပ်မိတယ်။ ပီတိလည်းဖြစ်မိ တယ်။ သူနဲ့ ရွယ်တူတွေဆို ရွာမှာ အိမ်ထောင်တွေ ဘာတွေကျတာလည်းတွေ့တယ်။ အခုသမီးက ဒီလိုမျိုးလေးလူသိလာတဲ့ သူတစ်ယောက်ဖြစ်ပြီဆိုတော့ ဂုဏ်ယူမိ ပါတယ်”လို့ ဒေါ်မိဆယ်က ပြောပါတယ်။

သဲစုလှိုင်

ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here