ထရမ့်နဲ့ ကင်တို့ တွေ့ဆုံမှုအပေါ် သုံးသပ်ချက်အမြင်များ

0
209

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားသမ္မတ ကင်ဂျုံအွန်းတို့ဟာ စင်ကာပူနိုင်ငံ ဆန်တိုတာကျွန်းက Capella Hotel မှာ ဇွန်လ ၁၂ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ ကြပါတယ်။ ဆွေးနွေးပွဲအပြီးမှာ သဘောတူစာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီတွေ့ဆုံပွဲဟာ အမေရိကန်နဲ့ မြောက်ကိုရီးယားနိုင်ငံအကြား ကာလရှည်ကြာ တင်းမာမှုတွေကို လျှော့ချပြီး ပိုမိုကောင်းမွန်တဲ့ အခြေအနေကို ဖန်တီးနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး နိုင်ငံတကာသုတေသီ ဦးကိုကိုလှိုင်နဲ့ ဗဟိုစာရင်းအင်းအဖွဲ့ရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်တို့ရဲ့ သုံးသပ်ချက်အမြင်တွေကို စုစည်းဖော်ပြလိုက်ပါတယ်။

ဦးကိုကိုလှိုင်

ဒီထိပ်သီးတွေ့ဆုံပွဲဟာ တစ်ချိန် က တစ်ဖက်ကိုတစ်ဖက် မီးလောင် တိုက်သွင်းပစ်မယ်လို့ ကြိမ်းဝါးခဲ့ကြ တဲ့ ရန်ဘက်ခေါင်းဆောင်နှစ်ယောက် လည်ပင်းဖက်ပြီး ရယ်မောနေနိုင်ခဲ့တဲ့ အဆင့်ကို ပြသနိုင်ခဲ့လို့ ထူးခြားပါ တယ်။ ဒီလိုလည်ပင်းဖက်နိုင်တာက လည်း နှစ်ယောက်စလုံးမှာ ဘုံအကျိုး စီးပွားရှိနေသလို၊ နိုင်ဖဲကိုယ်စီ ရှိနေ ကြလို့ပါ။ ဒီတွေ့ဆုံပွဲကြောင့် အ နောက်နိုင်ငံမီဒီယာတွေမှာ လူဆိုး ဗီလိန်၊ ဦးနှောက်မမှန်သူတွေအဖြစ် ပုံဖော်နှိပ်ကွပ်ခံခဲ့ရတဲ့ သူတို့နှစ် ယောက်စလုံး လူလိမ္မာသူရဲကောင်း ကြီးဘဝ ချက်ချင်းပြောင်းလဲသွားခဲ့ တာ ဘုံအကျိုးစီးပွားပါ။ နိုင်ဖဲဆိုတာ ကတော့ မြောက်ကိုရီးယားမှာ အဏု မြူလက်နက်ပိုင်ဆိုင်ထားပြီမို့ စမ်း သပ်တဲ့ ကွင်းကို ဖျက်ပြလို့လည်း ဘာမှဆုံးရှုံးစရာမရှိဘူး။ သုံးပုံဖဲ စကားနဲ့ပြောရင် ဖူလုံသွားပြီလေ။ အမေရိကန်ကလည်း မြောက်ကိုရီး ယားကို ဗန်းပြပြီး တရုတ်ကိုထိန်းချုပ် ဖို့ ဒုံးခွင်းဒုံးတပ်ဖွဲ့တွေ တောင်ကိုရီး ယားမှာ ချထားပြီးပြီလေ။ မြောက် ကိုရီးယား အန္တရာယ် လျော့သွားရင် အမေရိကန်ရေတပ်ကို ပစိဖိတ် အနောက်ပိုင်းမှာလျှော့ပြီး အိန္ဒိယ သမုဒ္ဒရာဘက် တိုးချဲ့လှုပ်ရှားဖို့ ပြင် ဆင်ထားပြီးပြီမို့ သူ့အတွက် အကွက် ကောင်းပါပဲ။

တကယ်တော့ ဒီရွှေ့ကွက်က အခုမှ အဖွင့်ကစားကွက်ပဲရှိသေး တယ်။ နောက်ပိုင်းမှာ ဒီထက်ပိုရှုပ် ထွေးတဲ့ ကစားကွက်တွေ လာပါလိမ့် ဦးမယ်။ တစ်ကွက်တည်းနဲ့ ပွဲပြီးပြီလို့ ပြောဖို့စောပါသေးတယ်။ ကင်ဂျုံအန် ရဲ့ နောက်ကွယ်မှာ တရုတ်သမ္မတ ရှီကျင်းဖျင် ရှိနေတယ်ဆိုတာလည်း သိထားဖို့ လိုပါလိမ့်မယ်။ ကင်ဟာ ထရမ့်နဲ့မတွေ့ခင် ရှီနဲ့နှစ်ကြိမ်တိုင် တိုင် တွေ့ထားခဲ့တာဖြစ်ပါတယ်။

ဒေါက်တာဝါဝါမောင်

ဘာ​တွေ​ဆွေး​နွေးတာမှန်း ​သေ ချာမသိ​ပေမယ့်​ အပြုံး​တွေShake hands ​တွေ မြင်​ရတယ်​။ ထိုအပြုံး တို့ရဲ့ ​နောက်​ကွယ်​မှာလည်း Hidden Agenda ​ ​တွေရှိနိုင်​ပါတယ်။ မည်​သို့ ဆို​စေ International Community မှာ​တော့ တကယ့်​မှတ်​​ကျောက်​ Milestone တစ်​ခုပါ။ ယုံကြည်​မှု (Trust) တည်​​ဆောက်​ကြည့်တာ ဖြစ်​မှာ​ပေါ့။ Dialogue လုပ်​ကြည့်​တာ ဖြစ်​မှာ​ပေါ့။

Trump က Kim ကို က​လေး တစ်​​ယောက်​ရဲ့ ​ကျောကို သပ်​လိုက်​ ရင်းရင်းနှီးနှီး​ပြောလိုက်​၊ ဒီချာတိတ်​ကို ဘယ်​လိုလုပ်​ရမလဲ​ပေါ့၊ ဘယ်​လိုကိုင်​တွယ်​ရမလဲ။ အ​တော်​မလွယ်​တဲ့ ​ကောင်​​လေးလို့​တော့ စိတ်​ထဲမှာ ယုံကြည်​ထားပုံပဲ။ Kim က ​တော်​​တော်​ အ​လေးအနက်​ထားနား​ထောင်​ပုံပဲ။ Kim ကို ​ခေါင်းမာပြီး ရက်​စက်​တတ်​တယ်​လို့ ဆိုကြ​ပေမယ့် သူ turnaround strategy ကို သုံး​နေ ပြီ။ သူ့ကိုယ်​သူ ယုံကြည်​ပုံရတယ်။ သူ့လူ​တွေ သူပိုင်​နိုင်​ပုံရပါတယ်​။ ၃ဝ ​ကျော်​ လူငယ်​တစ်​​ယောက်​အ​နေနဲ့ ​​International မှာ သူနဲ့သူ့နိုင်​ငံရဲ့မ​ကောင်း​သော ​ကျော်​​စောမှု Natorious နဲ့ အာဏာကို လုရယူမှု Dictatorship ကို Strategically Turnaroundလုပ်​ပြီး Opportunity အ​နေနဲ့ ပြန်​လည်​ဖန်​တီးပြီး အကောင်း ဆုံး အသုံးချသွားတာ၊ ဒီအဆင့်​ထိ ​ရောက်​​အောင်​လုပ်​လာနိုင်​တဲ့ Kim ရဲ့ အရည်​အချင်းက ​ခေသူမဟုတ်​ပါ။

Singapore ကိုလည်း ချီး ကျူးတယ်​။ Trump နဲ့ Kim ​တွေ့ ဆုံမှုကို အိမ်​ရှင်​အဖြစ်​လက်​ခံ​ပေးခဲ့ တာရယ်​၊ လုံခြုံ​ရေး တင်းကျပ်​မှု တာဝန်​က ကြီးသလို Singapore ကို ​တွေ့ဆုံမှုရဲ့ ကြား​နေ Location အဖြစ်​​ Kim နဲ့ Trump က​ရွေးချယ်​ တာဟာလည်း Singapore ရဲ့ ကြား​နေ Liberalism နဲ့ သူတို့ရဲ့ ​ဆွေး​နွေး တဲ့ အ​ကြောင်းအရာ​တွေ​ပေါ်မှာ နိုင်​ငံ​ရေး အမြတ်​ထုတ်​မယ့်​ နိုင်​ငံမဟုတ်​လို့လို့ ယူဆလို့လား စဉ်းစားစရာပါ။ နိုင်​ငံ​ရေးအမြတ်​ထုတ်​သည်​ ဖြစ်​​စေ၊ မထုတ်​သည်​ဖြစ်​​စေ စင်​ကာပူက နိုင်​ငံ​ရေး အမြတ်​ရပါတယ်​။ Peace process မှာ ပါဝင်​ခွင့်​ရတယ်။ ဒီနှစ်​ ကစင်​ကာပူအတွက်​ ASEAN Chairmanship ​ဆောင်​ရွက်​​နေတဲ့ အချိန်​မှာ Regional Peace ကို ​ပါဝင်​​ ဆောင်​ရွက်​နိုင်​တဲ့အတွက်​ထူးခြားသော Milestone တစ်​ခုလို့ မြင်​ပါတယ်​။


LEAVE A REPLY

Please enter your comment!
Please enter your name here