ရေလွှမ်းဒေသက စကားသံများ

0
268

ဒီတစ်ပတ်မှာတော့ ပေါ်ပြူလာစာဖတ်ပရိသတ်တွေအတွက် ရေကြီးနေတဲ့ နေရာဒေသတွေမှာ နေထိုင်သူတွေရဲ့ စကားသံတွေနဲ့ သူတို့လိုအပ်နေတဲ့ အကူအညီတွေ၊ အစိုးရကို အကြံပေးတောင်းဆိုချင်တဲ့ ရင်ထဲက စကားသံတွေကိုစုစည်းပြီး ‘ရေလွှမ်းဒေသက စကားသံများ’ ခေါင်းစဉ်နဲ့ စုစည်းဖော်ပြလိုက်ရပါတယ်။

ဦးသိန်းဦး (အောင်လံ)

အရင်က လေးငါးနှစ်မှတစ်ခါ လောက်ရေတက်တာ။ အခုကနှစ်တိုင်း လိုလို ရေကကြီးနေတာ။ ပြဿနာက စိုက်ခင်းတွေ ပျက်စီးကုန်တော့ အ ကြွေးတင်လာတာပေါ့။ တကယ်တော့ မိုးရာသီရောက်တိုင်း ရေကြီးလာမယ် ဆိုရင် အစိုးရကတစ်ခုခုဖြေရှင်းပေး ရတော့မှာပေါ့။ ပရဟိတအဖွဲ့တွေက တော့ အဝတ်တွေ စားစရာတွေ လာ ကူညီကြပါတယ်။ ဒါကို ကျေးဇူးတင် ပေမယ့် နှစ်တိုင်းသူများအကူအညီနဲ့ နေရမယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ဦး တို့မှာလည်း အလုပ်လုပ်နိုင်စွမ်းရှိသ လို ကိုယ့်ခြံကိုယ့်မြေနဲ့ပါ။ ဒါကို မြစ် ရေတိုးတိုင်း ရေနစ်မြုပ်တာက မြစ် ကြောင်းတစ်လျှောက်ဘာတွေဖြစ်နေ သလဲ၊ ရေတားတမံတွေဘယ်လို တည် ဆောက်မလဲဆိုတာမျိုးတွေ အစိုးရက စီမံချက်နဲ့လုပ်သင့်တာပေါ့။ အခု ရေ ကြီး အခုလာကူညီ ခဏနေပြန်သွား နောင်နှစ်လည်း ဒါမျိုးဖြစ်ဆိုတော့ ကြာရင် လူတွေရဲ့စီးပွားရေးက အ တော်ကသီလာမှာပေါ့။ ဒါကြောင့် ပစ်မထားကြပါနဲ့လို့။ ရေတိုအတွက် လည်း ကူညီရင်းရေရှည်အတွက် လည်း စဉ်းစားပေးကြပါလို့။

မဆုမွန်ကျော် (မကွေး)

လမ်းပန်းဆက်သွယ်ရေးက အ တော်ဒုက္ခရောက်တာပေါ့နော်။ ရေ က ပုံမှန်ထက် ပိုတက်လာတဲ့အချိန်မှာ ရွှေ့ရပြောင်းရတာလည်း ကသီလင်တ ဖြစ်တာပေါ့။ နောက်ြေ>ွမပါး ကင်းပါး ကလည်း ကြောက်ရသေးတယ်လေ။ အိမ်မှာက လူကြီးတွေများတော့ လူ ငယ်ဖြစ်တဲ့ ကိုယ်ကပဲအစစလုပ်ပေး ရတော့ အလုပ်အကိုင်လည်းပျက်။ အကူအညီတွေတော့ရပါတယ်။ ဒါ ပေမဲ့ ရေကြီးတာနှစ်တိုင်းဆိုတော့ နည်းနည်းတော့ ပြောင်းဖို့စဉ်းစားရ တော့မှာ။ ကိုယ့်မြို့ကို သံယောဇဉ်ရှိပေ မယ့် အဲဒီလိုနှစ်တိုင်းဖြစ်လာတော့ တခြားရေမကြီးတဲ့ဒေသကိုပြောင်းချင် လာပြီ။ အစိုးရကိုလည်း ဒီလိုမျိုးတွေ မဖြစ်ရအောင်လုပ်ပေးစေချင် တယ်။

မမေဇင်ဦး(ပြည်)

အရင်က ရေကြီးတယ်ဆိုတာ နှစ်တွေ အကြာကြီးနေမှ၊ အခုဟာက ဒီအချိန်ဆို ရေကတက်နေပြီ။ ကြိုပြီး ပြင်ဆင်ထားပေမယ့်လည်း တကယ့် တကယ်ရေတက်လာတော့ သယ်ရ ရွှေ့ရတာ မလွယ်ဘူး။ ငါးကန်တွေ ဆိုလည်း ရေတက်လာတော့ အကုန် ထွက်ကုန်တာ။ ဆုံးရှုံးတာပေါ့။ ဘယ် လိုမွေးမလဲ ငါးဆိုလည်း။ ကျန်းမာ ရေးဘက်ကကြည့်ရင်လည်း လူကြီး တွေဆို အတော်ဒုက္ခရောက်တယ်။နောက်သူ့ဆီလည်း ကိုယ်မလာနိုင် ကိုယ့်ဆီလည်း သူမသွားနိုင်လမ်းတွေ က ရေကျော်တော့ ပိတ်ကုန်ရောလေ။ ဒါက မြစ်ရေတိုးတာဖြစ်လို့ မြစ် ကြောင်းတစ်လျှောက် တမံတွေရေ တားတွေ လုပ်ပေးစေချင်တယ်။ လမ်းတွေ ရေကျော်ရင်လည်း အစိုး ရက ကားတွေ သွားလာလို့ရအောင် ဆွဲတဲ့ကားတွေကို ကူညီစေချင်တယ်။

ကိုဇော်မင်းဦး (မင်းပြား)

ဒီနှစ်က ရေပိုတက်တယ်။ မြို့ မြောက်​ဘက်က ရွာတွေဆိုရင်လည်း ရေကြီး​နေပြီး ​အမြင့်​​က ၄ ​ပေကနေ ၆ ​ပေ အထိ တက်​​လာလို့ ကုန်းမြင့်​ ဘက်ကိုအ​ရေး​ပေါ်​ပြောင်း​ရွှေ့နေကြ ရပါတယ်။ ဒီနှစ်က တစ်မြို့လုံးလိုလို ရေတက်တာက လျှပ်စစ်မီးတွေလည်း ခုဆိုမရတော့ဘူး။ ဖုန်းလိုင်းတွေလည်း ပြတ်တောက်သွားပြီး လမ်းတွေက လည်း ရေကျော်တွေနဲ့ဆိုတော့ အ ကုန်လုံး ဒုက္ခရောက်ကုန်တာပေါ့။အကူအညီတွေလည်း အဲဒီလောက်ထိ ဒီနှစ်မလာနိုင်ကြဘူး။ အဓိကက တော့ လူကောင်းတွေက ပြေးလို့လွှား လို့ ရတယ်။ လူနာတွေ အသက်ကြီးသူ တွေက ဘယ်လိုလုပ်မလဲ ဆေးရုံ တွေလည်း ရေကတက်တာ။ ဈေးတို့ ကျောင်းတို့လည်း ပိတ်ထားတယ်။အစိုးရလူကြီးတွေအနေနဲ့ အမြန်ဆုံးလာကူညီကြပါလို့ပြောချင်ပါတယ်။

ဒေါ်စိန်မြင့် (ကံပြား)

ရှိသမျှ စိုက်ခင်းတွေလည်း ကုန် ပါပြီ။ ကားလမ်းတွေ ရေကျော်တော့ လမ်းပန်းဆက်သွယ်ရေးကလည်း မ ကောင်းတော့ဘူး။ အိမ်ကလည်း အ နိမ့်ပိုင်းဆိုတော့ အခုက ဘုန်းကြီး ကျောင်းမှာ ပြောင်းနေရတာပေါ့။ ဒီနှစ်ကတံတားတွေပါ ကျိုးတော့ ပိုဆိုးတယ်။ ရေက တစ်နှစ်ထက် တစ်နှစ် ပိုများဆိုးနေသလား မသိ တော့ဘူး။ မိုးတွင်းရောက်မှာ ကြောက်နေတယ်။ ကိုယ်ကလည်း တောင်ယာပဲ လုပ်တတ်တာဆိုတော့ ဘယ်မှလည်း ပြောင်းမှာမဟုတ်ပါ ဘူး။ ကိုယ့်နယ်မှာပဲ ခေါင်းချတဲ့ အထိနေမှာ။ အကူအညီလာသည် ဖြစ်စေ၊ မလာသည်ဖြစ်စေ ကိုယ့်ဘာ သာတော့ ဒီလိုပဲနေရမှာပေါ့။ အစိုးရ မှာလည်း ကြည့်ရတာ အပူတွေနဲ့ ထင်ပါတယ်။ ဘာလုပ်ပေး ညာလုပ် ပေးလည်း ပြောမနေတော့ပါဘူး။ မိုး ရွာလို့ ရေကြီးတာကိုက အဲဒီလို ရေ ကြီးတဲ့နေရာမှာနေတော့ ကိုယ်လည်း ဒုက္ခခံရတာပေါ့လေ။

အောင်ပြည့်စုံ


LEAVE A REPLY

Please enter your comment!
Please enter your name here