တေးအယ်လ်ဘမ်အသစ်ထွက်တဲ့ မီမီဝင်းဖေ

0
471

ဂီတသက်တမ်း နှစ် ၃ဝကျော်ဆိုတာ နည်းတဲ့နှစ်ပေါင်းမဟုတ်ပါဘူး။ ဖြတ်သန်းခဲ့တဲ့ကာလတွေမှာ အောင်မြင်မှုတွေနဲ့။ သူမမှာ တည်ငြိမ်အေးချမ်းတဲ့ အသံပါရမီရှိတယ်။ ပြင်ပနေထိုင်မှုမှာလည်း အေးချမ်းတယ်။ သူမနာမည် ကတော့ မီမီဝင်းဖေ။ သူမက ‘ပန်ဆင်မယ်ဆို’ လို့ အမည်ပေးထားတဲ့ တေး အယ်လ်ဘမ်ကို ဇွန်လ ၁၇ ရက်နေ့မှာ လှိုင်းတေးသံသွင်းကနေ တစ်နိုင်ငံလုံး ကို ဖြန့်ချိလိုက်ပြီဖြစ်ပါတယ်။ အရင်က မီမီဝင်းဖေနဲ့ အခု မီမီဝင်းဖေ ဘာတွေ ကွာခြားသွားပြီလဲလို့ မေးတော့…

”အများကြီးကွာခြားပါတယ်။ အခွေအသစ်မထွက်တာ ကြာတာ တစ်ခု အပြင် Generation အရလည်း ကိုယ့် Generation တွေ ကိုယ်တိုင် မဆုံကြ ဘူးပေါ့။ ပရိသတ်နဲ့ မမီတို့ကိုယ်တိုင် မဆုံကြတာကြာပြီ။ ပြန်ဆုံရမှာဖြစ်တဲ့ အတွက် စိတ်လှုပ်ရှားပါတယ်ပေါ့” လို့ သူမက ပြောပါတယ်။ ‘ပန်ဆင်မယ်ဆို’ လို့ အမည်ပေးဖြစ်ပုံက …

”အခွေထဲမှာ အဲဒီသီချင်းလေးပါတယ်။ သီချင်းထဲမှာတာ့ စာသားလေး က မိန်းကလေးတစ်ယောက်က သူ့ကိုချစ်တယ်ဆိုရင် သစ္စာရှိပါ၊ တကယ်ချစ် ပါ။ ပန်ဆင်မယ်ဆိုတာက တကယ်ချစ်မယ်ဆို ရင်ပေါ့နော်။ တကယ်ချစ် မယ်ဆိုရင် ဖြစ်စေချင်တာ လေးတွေ ဆိုထားတဲ့ သီချင်း ပါ”လို့ မီမီဝင်းဖေထံမှ သိရ ပါတယ်။ အခွေသစ်နဲ့ပတ် သက်ပြီး မီမီဝင်းဖေ အနေ နဲ့ ပရိသတ်ကို ညွှန်းချင်တာ က …

”သီချင်းကတော့ ချို ချိုအေးအေး မွှေးမွှေး အဲဒီ လိုလေး ညွှန်းချင်ပါတယ်။ မမီက သီချင်းနားထောင်တဲ့ အချိန်ကျရင် အတီးလေး တွေက အစ လိုက်နားထောင် ဖြစ်တဲ့ အခွေလေးပါ။ မမီ ပြောချင်တာ မိုးပျံလန်နေ အောင် ပညာတွေပြပြီး တီး ထားတဲ့ အတီးမျိုးတွေမဟုတ် ပါဘူး။ ဒါပေမဲ့ နိုင်ဇော်တို့၊ ဥက္ကာတို့သည် မမီသီချင်း လေးတွေကို ချိုနေအောင် သူတို့ တီးပေးထားတယ်။ အဲဒီလိုမျိုးအထိ ဒီအခွေ လေးအပေါ်ကို စိတ်ဝင်စား ပါတယ်။ ကြိုက်နှစ်သက်ပါ တယ်” လို့ မီမီဝင်းဖေက ပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here