နာမည်ကျော်တွေနဲ့ ရိုက်ကူးထားတဲ့ Music Video ထွက်မဲ့ ပိုပို

0
128

 

‘Master Piece’အခွေရဲ့ Music Video ကို ပိုပိုတစ်ယောက် နာမည်ကြီးသရုပ်ဆောင်တွေနဲ့ ရိုက်ကူးနေပြီး မကြာခင် ထွက်ရှိတော့မယ်လို့ သိရပါတယ်။

”Music Video က ၇ လပိုင်းထဲလောက် ဆိုရင် ထွက်ရှိမှာပါ။ ရက်ကတော့ အတိအကျ မသိသေးဘူးပေါ့။ ဒါပေမဲ့ ၇ လ ပိုင်းထဲမှာ ထွက်ရှိမယ်။ ပိုပိုတစ်နှစ်ကျော်ကြာ အချိန် ယူပြီးတော့ ရိုက်ထားတာပါ” လို့ ပိုပိုက ပြောပါတယ်။ ပိုပိုက အဆိုပိုင်းမှာ သာမက သရုပ်ဆောင်ပိုင်းမှာလည်း ဝါသနာပါပုံရပါတယ်။ တလောက ထွက်ရှိထားတဲ့ ‘ဒိုင်ယာရီအသစ် အချစ်က ဆိုက်ကို’ ဗီဒီယိုဇာတ် ကားမှာ ပိုပို့ရဲ့ သရုပ်ဆောင်ချက်တွေက အသစ်တစ် ယောက်နဲ့တောင် မတူပါဘူး။ အကောင်းဆုံး ကြိုးစားခဲ့ပါ တယ်ဆိုတဲ့ ပိုပိုက …

”ပိုပို့ရဲ့ ပရိသတ်တွေကတော့ ကြိုက်တာပေါ့။ ဘယ်အခန်း မှာ ပိုပို ဘယ်လိုသရုပ်ဆောင်သွားတယ်။ ဘယ်လိုပေါ့။ သူတို့ Feedback ကတော့ အကောင်းချည်းပဲ ကြားနေရတော့ ကျန်တာ မသိဘူး။ စာနယ်ဇင်းတွေကလည်း ပြောတယ်။ သရုပ်ဆောင်တာ အင်္ကျီတွေ မကုန်ဘူးလားတဲ့။ ပိုက်ဆံတွေရော ကျန်ရဲ့လားတဲ့။ မကျန်ဘူးလို့။ အကုန်ကုန်သွားပြီ။ ကုန်တဲ့အပြင် ထပ်စိုက်ရတယ်လို့ (ရယ်လျက်)။ အဓိက ကတော့ ဖက်ရှင်ပိုင်းပေါ့နော်။ ဖက်ရှင်ပိုင်း တွေကို လုံးဝမကျအောင် အားစိုက်ထုတ်ခဲ့တယ်” လို့ ပြောပါတယ်။ ပိုပို့ဆီမှာ ကိုယ်ပိုင်ကင်မရာတွေနဲ့ ရိုက်ကူးရေးတွေလုပ်နေတာ ဆိုတော့ ရုပ်ရှင်ဘက်ကို ကူးဦးမလားလို့ မေးတဲ့အခါ …

”ဒါကတော့ အခွင့်အရေးရှိရင်တော့ လုပ်ချင်တာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ အနုပညာသမားဆိုတော့ ပိုပိုက အကုန် လုပ်ချင်တယ်။ သရုပ်ဆောင်ပိုင်းရယ်၊ ပြီးတော့ ဒါ ရိုက်တာပိုင်းကို ဝါသနာပါတယ်။ Story စဉ်းစားတတ်တယ်။ အကောင်းဆုံး ဖန်တီးပြီး ရိုက်တတ်တယ်။ ဒါပေမဲ့ ပရော်ဖက်ရှင်နယ်ဖြစ် ဖို့က အများကြီးလေ့လာသင်ယူရဦးမယ်”လို့ ပိုပိုက ပြောပြ ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here