စင်ကာပူမှာ အနုပညာအလုပ်တွေလုပ်မယ့် သရုပ်ဆောင်မေမြတ်နိုး

0
195

Model တစ်ဦးဖြစ်သလို သရုပ်ဆောင်တစ်ဦးလည်းဖြစ်တဲ့ မေမြတ်နိုး ကတာ့ လက်ရှိမှာ ပြည်ပနိုင်ငံများမှာပါ အနုပညာအလုပ်တွေ လုပ်ကိုင်နေသူ တစ်ဦးလည်းဖြစ်ပါတယ်။ လတ်တလောမှာ ဒါရိုက်တာသားညီ ရိုက်ကူးတဲ့ Twenty-five percent (25%) ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေ ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်မှုနဲ့ပတ်သက်ပြီး သရုပ် ဆောင် မေမြတ်နိုးကို မေးမြန်းဖြစ်ခဲ့ပါတယ်။

”အခုလက်ရှိ မြတ်နိုး Twenty-five percent (25%) ရုပ်ရှင်ဇာတ်ကား ရိုက်ကူးနေပါတယ်။ မြတ်နိုးပါဝင်တဲ့ အခန်းတွေကတော့ ပြီးသင့်သလောက် ပြီးသွားပါပြီ။ ကျန်တဲ့အခန်းတွေကတော့ မိုးရာသီဖြစ်နေတဲ့အတွက် Outdoor ရိုက်တာတွေဖြစ်တဲ့အတွက် အခက်အခဲတွေရှိနေပါတယ်။ ဒါပေမဲ့ ဒါရိုက်တာ ကို သားညီကတော့ အကောင်းဆုံး ကြိုးစားပြီးတော့ ရိုက်နေတယ်။ သရုပ် ဆောင်တွေကလည်း အများကြီးဆိုတော့ တစုတစည်းတည်း ရိုက်တဲ့အတွက် သေချာပြင်ဆင်ရတယ်။ အားလုံး စည်းလုံးမှုကိုလည်း ဒီကားလေးက ဖော်ပြပါ တယ်။ မြတ်နိုးက ဒီရုပ်ရှင်ကားထဲမှာ ကာရိုက်တာနှစ်မျိုး Change ပြရတယ်။ Change ပြရတဲ့အတွက် အဲဒီကာရိုက်တာ နှစ်ခုကို ကွဲပြားအောင် ကြိုးစားရပါ တယ်။ အဲဒါကြောင့် နည်းနည်းလေးတော့ ပင်ပန်းပါတယ်။ ဒါပေမဲ့ ဒါရိုက်တာ ရဲ့ ကြိုးစားမှုနဲ့ ကျန်တဲ့ သရုပ်ဆောင်တွေရဲ့ ပံ့ပိုးမှုကြောင့် မြတ်နိုး အများကြီး သက်သာပါတယ်” လို့ ပြောပြခဲ့ပါတယ်။

စင်ကာပူနိုင်ငံမှာ မဂ္ဂဇင်းတစ်ခုသွားရိုက်ဖို့ရှိတယ်လို့ ပြောလာတဲ့ သရုပ် ဆောင်မေမြတ်နိုးက …

”မြတ်နိုးစင်ကာပူသွားဖို့လည်း ရှိပါတယ်။ စင်ကာပူနဲ့ Agency နဲ့ လည်း အလုပ်လုပ်ဖို့ရှိပါတယ်။ စင်ကာပူနဲ့ Agency နဲ့ လက်တွဲပြီး လုပ်ဖြစ်တာကတော့ ကြာပါပြီ။ အခုက ဒီလကုန်မှာ မဂ္ဂဇင်းတစ်ခုရိုက်ဖို့ ကမ်းလှမ်းထားတာရှိပါ တယ်။ သေချာရင်တော့ မြတ်နိုးရဲ့ Facebook ကနေ ပရိသတ်ကို ပြောပြ ပေးပါမယ်။ ဘယ်မဂ္ဂဇင်းလဲဆိုတာပေါ့။ မြတ်နိုးက မြန်မာနိုင်ငံမှာလည်း အနု ပညာအလုပ်တွေ ကြိုးစားလုပ်ကိုင်နေတဲ့အတွက် မြန်မာပြည်က ပရိသတ်တွေရဲ့ အချစ်ကို အရင်လိုချင်ပါတယ်။ ပြီးတော့ နိုင်ငံခြားမှာလည်း မြတ်နိုးကြိုးစား ကြည့်ချင်တယ်။ နှစ်ခုစလုံး မျှလုပ်နေတာဖြစ်တဲ့အတွက် ဖြည်းဖြည်းချင်းသွား ချင်တယ်။ မြန်မြန်ရောက်သွားရင် မြန်မြန်ပြုတ်ကျတာမျိုး မြတ်နိုးမလိုချင်ပါဘူး” လို့ လည်း ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင် ၊

ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here