အနုပညာအလုပ်တွေစလုပ်တဲ့အချိန်မှာ အိမ်က သဘောမတူဘူး Nay Chi

0
314

မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုအဖြစ် ပါဝင်နေတဲ့ Rose Quartz အဖွဲ့ထဲ က Cindy နဲ့ Nay Chi ဟာ မြန်မာပရိသတ်တွေရော၊ ထိုင်းပရိသတ်တွေရဲ့ အားပေးမှုကိုပါ အချိန်အနည်းငယ်အတွင်းမှာ ရရှိလာခဲ့ပါတယ်။ အရင်က Rose Quartz အဖွဲ့ဝင် Nay Chi ကို ဝေဖန်တဲ့သူတွေလည်း များစွာရှိနေခဲ့ပါ တယ်။ အဲဒီအတွက်လည်း ပရိသတ်တွေရဲ့ ကျေးဇူးကြောင့် သူဒီလိုမျိုး ခွန်အား တွေရလာလို့ ကျေးဇူးတင်ကြောင်းကို Nay Chi က ….

”အရင်က Nay Chi ပြောခဲ့တဲ့ ကိစ္စတွေကိုလည်း တောင်းပန်ပါတယ်။ ပရိသတ်တွေက အဲဒီလိုမျိုးတွေ ဝေဖန်ခဲ့လို့ ညီမ အကောင်းဆုံးကြိုးစားခဲ့တာ ပရိသတ်တွေ အားပေးလာတဲ့အတွက် အရမ်းကျေးဇူးတင်မိတယ်။ အခုဆို လည်း ပရိသတ်တွေက ညီမတို့ သီချင်း ၂ ပုဒ်ကိုလည်း အားပေးတဲ့အတွက် အရမ်းဝမ်းသာမိပါတယ်”လို့ ပြောပါတယ်။ အနုပညာအလုပ်ကို စတင်လုပ်ကိုင် ချိန်မှာ အိမ်က သဘောမတူခဲ့ပေမယ့် အခုဆိုရင် အိမ်ကလည်း သဘောတူပြီး ထောက်ပံ့ပေးဖြစ်ပုံကို Nay Chi က …

”အနုပညာစလုပ်တဲ့အချိန်မှာ အိမ်က လုံးဝသဘောမတူဘူး။ ညီမ Galaxy Star ပြိုင်ပွဲဝင်တဲ့အချိန်မှာ တစ်ယောက်တည်း ကြိုးစားတာတွေကို တွေ့တော့မှ ညီမအနုပညာကို ဘယ်လောက် ဝါသနာပါလဲဆိုတာသိတာ။ နောက်တော့ မိသားစုကို ထောက်ပံ့ပေးခဲ့တာ အခုထိပါပဲ။ ညီမ ထိုင်းမှာနေတဲ့ အချိန် အိမ်ကိုလွမ်းတယ်။ ပြီးတော့ ရန်ကုန်ရောက်တော့လည်း အိမ်က မော်လမြိုင်မှာဆိုတော့ မပြန်နိုင်ဘူး။ အဲဒီအတွက်ကြောင့် အိမ်နဲ့ အမြဲတမ်း ဖုန်းနဲ့ပဲ အဆက် အသွယ်လုပ်တယ်။ ပြီးတော့ မိသားစုကလည်း အားပေးတဲ့ အတွက် အရမ်းအားတွေရှိတယ်”လို့ ပြောပါတယ်။K-Pop ကို စိတ်ဝင်စားကြ တဲ့ လူငယ်တွေအတွက်လည်း ဘယ်လိုစကားမျိုးပြောချင်လဲလို့ မေးကြည့်တဲ့ အခါမှာတော့ Nay Chi က …

”ညီမတို့ ဒီလိုပထမဦးဆုံးအနေနဲ့ မြန်မာနိုင်ငံရဲ့ Selection အဖြစ် ရွေးချယ်တဲ့အတွက်လည်း ညီမတို့အတွက် တာဝန်ကြီးတယ်။ ပြီးတော့ ညီမတို့ မြန်မာနိုင်ငံမှာ ဒီလိုမျိုး audition တွေ ခေါ်တာတွေက သိပ်ခေတ်မစားသေး ဘူး။ နောက်ပိုင်းတွေမှာ အဲဒီလိုမျိုး K-Pop အတွက် ရွေးချယ်တာတို့ မြန်မာနိုင်ငံမှာ ဖြစ်စေချင်တယ်။ မြန်မာနိုင်ငံမှာ ဝါသနာပါတဲ့ လူငယ်တွေ အများကြီးရှိတဲ့အတွက် နောက်ပိုင်းလည်း အဲဒီလိုမျိုးဖြစ်လာလို့ရှိရင် မြန်မာ နိုင်ငံကို စိတ်ဝင် စားမှုတွေရှိရင် အရမ်းကောင်းမှာပဲလို့ ညီမထင်မိတယ်။ အခုညီမတို့လို K-Pop ကို ဝါသနာပါတဲ့သူတွေ မြန်မာနိုင်ငံမှာအများကြီး ရှိတဲ့အတွက် အရမ်းဝမ်းသာမိတယ်” လို့ ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here