အချစ်ရေးမှာ Single ပြန်ဖြစ်နေတဲ့ ယွန်းရဲ့ Myanmar Idol – 3 မျိုးဆက်တွေအတွက် အကြံပြု စကား

0
241

အချစ်ရေးက လတ်တလော မှာတော့ Single ပြန်ဖြစ်နေပါ တယ်လို့ ဆိုလာတဲ့ ယွန်းကို မြန်မာအိုင်ဒေါလ် Season-3 မှာ တွေ့ဆုံဖြစ်တော့ မြန်မာအိုင်ဒေါလ်က တည်းက သူ့ကိုအစဉ်တစိုက် ဂရုစိုက်ပြီး အားပေးလာခဲ့ကြတဲ့ ပရိသတ် တွေကို အင်မတန် ချစ်မြတ်နိုးရပြီး အဲဒါကြောင့်လည်း အခုအချိန်မှာ သူမရဲ့ တစ်ကိုယ်တော် အယ်လ်ဘမ်ထွက်ရှိနိုင်ဖို့အတွက် အားစိုက်ကြိုးစားနေတဲ့အကြောင်း ယွန်းက သတင်းကောင်းပါး တဲ့အပြင် အွန်လိုင်းပေါ်မှာလည်း သီချင်းသစ်တစ်ပုဒ်တင်သွားဖို့ အဆင်သင့်ဖြစ် နေပြီမို့ စောင့်မျှော်အားပေး ကြပါဦးလို့ ဖိတ်ခေါ်စကားခေါ်ခဲ့ပါတယ်။ ဆက်လက်ပြီး မြန်မာအိုင်ဒေါလ် Season-3 လည်းစတင်တော့မှာမို့ ယွန်းတို့ နှစ်တုန်းက အကြောင်းလေး တွေအခုနှစ်မျိုးဆက်တွေအတွက် အတွေ့အကြုံတွေကိုဝေမျှပြောပေးပါ ဦးဆိုတော့ . . .

”ဒီနှစ်က ထူးထူးခြားခြား နောက်ဆုံးပြိုင်ပွဲဝင်အဆင့်မှာ ၁၁ ဦးရွေးခဲ့တာဆိုတော့ ယွန်းတို့ ပြိုင်တဲ့ နှစ်ကထက်ယှဉ်ရင် အပြိုင်အဆိုင်ကတော့ ပိုများလာတယ်လို့ ပြောရမှာဖြစ်တယ်။ ပိုပြီး ကြည့်လို့ကောင်း မယ် လို့ ယုံကြည်တယ်။ ဒီနှစ်အဆိုရှင်တွေက တအားလည်း တော်ကြတယ်။ အလွန်ပဲ၊ အားရနေပါတယ်။ သူတို့တွေ ကိုဘယ်လိုအတွေ့အကြုံတွေ မျှဝေချင်လဲဆိုရင် ကိုယ်ဖြစ်ချင်တာက ဘာလဲကိုယ်လုပ်ချင်တာက ဘာလဲ ဆိုတာကို သိလို့ရှိရင် ရပြီလို့ ပြောပြချင်ပါတယ်။ ကိုယ်ဘာဖြစ်ချင်တာလဲ သိနေပြီဆိုရင် အဲဒီသိတဲ့ အတိုင်းကို ကြိုးစားလိုက်ရင် အားလုံး အဆင်ပြေ သွားမှာဖြစ်တယ်။ ပြိုင်ပွဲဝင်နေတဲ့ အချိန် ဆင်ခြင်ရမှာတွေ ရှိသေး တယ်။ အဲဒါကအစားအသောက်ပါပဲ။ ယွန်းတုန်းကဆို အစားအသောက်တွေကို မဆင်ခြင်ခဲ့မိဘူး။ ပြိုင်ပွဲဝင် ခါနီးရင် အခက်တွေ့စေတယ်။ လည်ချောင်းနာတာတွေ၊ ချွဲကပ်တာတွေ၊ ချောင်းဆိုးတာတွေ ဖြစ်ပြီဆိုရင် ဖျားပြီဆိုရင် အလွန်ဒုက္ခပေးပြီပဲ။ အဲဒီလို နေမကောင်းဖြစ်ပြီဆိုရင် စိတ်တွေနောက်ပြီး စိတ်တွေပါ ကျသွားနိုင်တယ်။ အဲဒီတော့ အသံပိုင်းဆိုင်ရာတွေကို ဂရုစိုက်ရပါမယ်” လို့ ပြောပြပေး ခဲ့ပါတယ်။ တစ်ကိုယ် တော်အခွေအတွက်ကတော့ သီချင်းပုဒ်ရေ အလုံအလောက်ရှိနေပြီ ဖြစ်ပေမယ့် သီချင်းတွေကို စိတ်တိုင်းမကျ သေးတာကြောင့်ပြန်လည် စိစစ်ရွေးချယ်နေပြီး အားလုံးစိတ်တိုင်းကျ ဖြစ်ပြီဆိုတာနဲ့ပရိသတ်ကိုအမြန်ဆုံးချပြသွားမှာဖြစ်တယ်လို့ ယွန်းက ဆိုပါတယ်။

”စိတ်တိုင်းမကျရတဲ့ အပိုင်းတွေက ယွန်းက ပထမဦးဆုံး တစ်ခေါက်ဆိုလိုက်ပြီးအသံသွင်းလိုက်တဲ့ အချိန်ကောင်းတယ်လို့ထင်တယ်။ ပြီးတော့ ပြန်နားထောင်ပြီးရင် သိပ်မကောင်းဘူးထင်ပြီးတော့ ပြန်ပြီး အသံသွင်းတယ်။ နောက်တစ်ခေါက်သွင်းတဲ့ အခါမှာလည်း မကောင်းတော့ပြန်ဘူး။ ပြင်လေမကောင်းလေ ဖြစ်နေတာပေါ့။ အဲဒါနဲ့ အထပ်ထပ်အခါခါ ပြန်သွင်းရင်းနဲ့ တစ်ပုဒ်တစ်ပုဒ်ကို အကြာကြီး ဖြစ်သွားတယ်။ အဲဒါကြောင့် တစ်ကိုယ်တော် အခွေကကြန့်ကြာနေတာ” လို့ တစ်ကိုယ်တော် အခွေနဲ့ ပတ်သက် ပြီး ယွန်းက ပြောပြပေးခဲ့ပါတယ်။

ထက်လူ

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here