ချစ်သူသက်တမ်း လေးနှစ်ကျော်မှာ စေ့စပ်လိုက်တဲ့ ဒါရိုက်တာဏကြီး နဲ့ အကယ်ဒမီ သရုပ်ဆောင် ပိုင်ဖြိုးသု

0
410

မောင်ဥာဏတင်ဦး (ခ) ဒါရိုက် တာဏကြီးနဲ့ အကယ်ဒမီသရုပ် ဆောင် ပိုင်ဖြိုးသုရဲ့ စေ့စပ်ကြောင်း လမ်းခြင်းမင်္ဂလာပွဲအခမ်းအနားကို ဇွန်လ ၂၁ ရက်နေ့ မနက် ၉ နာရီက ဆီဒိုးနားဟိုတယ်မှာ ပြုလုပ်ခဲ့ပါ တယ်။ ချစ်သူသက်တမ်းလေးနှစ်ကျော်အကြာမှာ စေ့စပ်ပွဲပြုလုပ်ခဲ့တာ ဖြစ်ပြီး ချက်ချင်းကြီး စေ့စပ်ပွဲပြုလုပ်ခဲ့တဲ့အပေါ် သရုပ်ဆောင်ပိုင်ဖြိုးသုက  …

”ဒီစေ့စပ်ပွဲလေးအတွက် စီစဉ်ထားတာကြာပါပြီ။ ဒါပေမဲ့ သုတို့ကမပြောဖြစ်ဘူး။ မီဒီယာတွေကိုလည်း မပြောဖြစ် ဘူး။ ပြီးတော့ ပရိသတ် တွေကိုလည်း မပြောဖြစ်ဘူး။ သုနဲ့ အလွန်ရင်းနှီးတဲ့ပရိသတ်တွေတော့ သိကြပါတယ်။ တခြား ပရိသတ်တွေ ကိုတော့ မကြေညာဖြစ်သေးတာပါ။ သူလည်း အားတဲ့နေ့၊ သုလည်းရှုတင်မရှိတဲ့နေ့ အဲဒီလိုမျိုးလေးတွေ ကြုံကြိုက်တိုက်ဆိုင်သွားလို့ ဒီပွဲကို စီစဉ်လိုက်ရတာပါ။ ဗြုန်းစားကြီးတော့စေ့စပ်လိုက်ရတာ မဟုတ်ဘူး။ အစောကြီး ကတည်းက ဒီရက်ပိုင်း လေးလုပ်မယ်ဆိုပြီးတော့။နှစ်ယောက်သားတိုင်ပင်ပြီးသားပါ။  ဒါ ပေမဲ့ အသိမပေးဖြစ်သေးတော့ အခု မှသိရတဲ့သူတွေအတွက်တော့ Surprise ဖြစ်သွားတာပေါ့။ နောက်ပြီးတော့ သုတို့နှစ်ယောက်တွဲ နေတာကလည်း လေးနှစ်ကျော်ပြီဆို တော့နှစ်ဖက်မိဘတွေလည်း အကုန်သိပြီးသား။ အနုပညာအသိုင်းအဝိုင်း ကလည်း အကုန်လုံးက သိတယ်။ ပြီးတော့သုတို့နှစ်ယောက်နဲ့ ရင်းနှီးတဲ့လူတွေ အကုန်သိတယ်ဆိုတော့ အခုမှစေ့စပ်ဖြစ်သွားတာပါ။ မင်္ဂလာ ပွဲကိုတော့ သုတို့ နှစ်ယောက်စလုံးက Simple လေးပဲ ကြိုက်တယ်ဆိုတော့ ရိုးရိုးရှင်းရှင်း မင်္ဂလာပွဲလေးပဲဖြစ် မှာပါ”လို့ ပြောပါတယ်။

စေ့စပ်ပွဲ လုပ်ပြီးပြီဆိုတော့ မင်္ဂလာပွဲကရော ဘယ်အချိန်လောက် ကျင်းပ ဖြစ်မလဲ လို့ မေးကြည့်တဲ့ အခါမှာတော့ ဒါရိုက်တာဏကြီးက …

”ဒီစေ့စပ်ပွဲလုပ်ဖို့လည်း အစက တည်းက အစီအစဉ်ရှိပြီးသားပါ။ ပရိသတ်တွေကို အခုမှ အသိပေးဖြစ်တာ ဆို တော့ အားနာမိတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေ သုသုလည်း အားတဲ့ရက်လေးရှိတာနဲ့ ရက်ကောင်းရက် မြတ်လေး ရွေးပြီးတော့လုပ်ဖြစ်သွားတာပါ။ မင်္ဂလာပွဲကတော့ သုသု အလုပ်အပေါ်မှာလည်း မူတည်တယ်။ ကျွန်တော့် အလုပ်အပေါ်မှာလည်း မူတည်တယ်။ ဒီမင်္ဂလာဆောင်ဖို့ရက်အတိအကျသိရရင်တော့ အကုန်လုံး ကို ပြန်ပြောပြပေး သွားမှာပါ။ အလုပ်တွေက တစ်ယောက်နဲ့ တစ်ယောက် မအားကြတဲ့အတွက် အားတဲ့အချိန် မှာ တိုင်ပင်ဆွေးနွေးပြီးတော့ ဒီရက် လုပ်မယ်၊ ဒီနေရာမှာ လုပ်မယ်ဆိုပြီး ဖြစ်သွားတော့ ပရိသတ်တွေကို အသိ မပေးသလိုဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ်” လို့ ဒါရိုက်တာ ဏကြီးက ပြောပါတယ်။

သဲစုလှိုင်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here