ချစ်သူအကြောင်းပြောပြပြီဖြစ်တဲ့အကယ်ဒမီနေတိုး

0
114

အကယ်ဒမီ သရုပ်ဆောင်နေ တိုးက လတ်တလောမှာတော့ ရုပ်ရှင်ဇာတ်ကားများမှာ ပါဝင်ရိုက်ကူးနေပြီး ဇွန်လ ၂၇ ရက်နေ့မှာ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) ရိုက်ကူးမယ့် ‘နိုင်ငံကြီးသား’ ဇာတ်ကားမှာလည်း ပါဝင် သရုပ်ဆောင် ထားတယ်လို့ သိရပါတယ်။ ‘နိုင်ငံကြီးသား’ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ဖြစ်ပုံနဲ့ ပတ်သက်ပြီး အကယ်ဒမီနေတိုးက

”ဒီဇာတ်ကားက အက်ရှင်နဲ့ရောထားတဲ့ လက်ရှိရန်ကုန်ကအဖြစ်အပျက် တွေကို အခြေခံထားတာပါ။ ကာရိုက်တာပိုင်းအရတော့ ကုမ္ပဏီပိုင်းက နည်းနည်းလေး လျှို့ဝှက်ထား ခိုင်းတယ်။ ကျွန်တော့်အနေနဲ့ ကာရိုက်တာပိုင်းကို ပြောပိုင်ခွင့်မရှိဘူး။ ဇာတ်လမ်းအမျိုးအစားကတော့ အက်ရှင် အမျိုးအစားပါ။ ဒီဇာတ်ကားက ဘယ်လိုပညာပေးချင်လဲဆိုတော့ နိုင်ငံတစ်နိုင်ငံမှာနေတဲ့ လူတွေရဲ့ စိတ်ဓာတ် ပိုင်းဆိုင်ရာ တကယ်နိုင်ငံကြီး သား ပီသဖို့လိုတယ်ဆိုတဲ့ အဓိပ္ပာယ်ကို ပေးချင် တာပါ”လို့ ပြောပါတယ်။ မကြာမီ ‘တိမ်တိုက်တံတား’ ရုပ်ရှင်ဇာတ်ကားလည်း ရုံတင်ပြသတော့မှာနဲ့ ပတ်သက်ပြီး အကယ်ဒမီနေတိုးက …

”ဒီဇာတ်ကားထဲမှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်း တွေက တကယ့်ကို စိတ်ထဲမှာ ခံစားမှုဖြစ်လာအောင် အနီးစပ်ဆုံး သရုပ်ဆောင်ခဲ့ရတဲ့ အခန်းတွေ တော်တော်များများ ပါတယ်။ ဗီယက်နမ်မင်းသမီးဆိုရင် သူက သရုပ်ဆောင်နဲ့တော့ နည်းနည်း လေးဝေးတဲ့အထဲမှာပါတယ်။ အဓိကကတော့ ကျွန်တော်တို့ သူ့ရဲ့သရုပ်ဆောင်မှုတွေကို ကြည့် တယ်။ သူသရုပ်ဆောင်တဲ့အပေါ်မှာ သူ့ရဲ့ Talent ကဘယ်လောက် ရှိလဲ။ ကျွန်တော်တို့က ဘယ်လောက်သင်ပြ ပေးရမလဲဆိုတာကို မူတည်ပြီးတော့မှ ဇာတ်လမ်းကို တည်ဆောက်ထားတာဆိုတော့ သူ့အတွက် အခက်အခဲသိပ်မရှိ ခဲ့ဘူး။ အကုန်လုံးအံဝင်ခွင်ကျဖြစ်တယ်” လို့ပြောပါတယ်။

သရုပ်ဆောင်နေတိုးက သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး .. ”ချစ်သူကအနုပညာလောက ထဲက မဟုတ်ပါဘူး။ အပြင် လောက ထဲကပါ။ မင်္ဂလာပွဲတွေ သွားတိုင်း လည်း အမြဲတမ်း မေးနေကြတဲ့သူတွေအတွက် အခုဆိုရင် ပုံမှန်အခြေအနေ တွေထက် လေးနက် တဲ့အခြေအနေ တစ်ခုကိုရောက်နေပါပြီ။ သူကအပြင် လောကက ဖြစ်နေတဲ့အတွက် နား လည်မှု ဆိုတာ တည်ဆောက်ယူရ တယ်ဆိုတော့ ဒီလိုပဲ သူနားလည် အောင် နားလည်မှုတွေကို တည် ဆောက်ယူသွားမှာပါ” လို့ နေတိုးက ပြောပါတယ်။

သဲစုလှိုင်၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here