ကိုရီးယားနိုင်ငံမှာ ကလေးသရုပ်ဆောင် အဖြစ်သွားရောက် သရုပ်ဆောင်ရမယ့်အနုပညာပါရမီရှင်လေးရှင်းသန့်စင်

0
268

အသက် ၁၁ နှစ်အရွယ်သာ ရှိ သေးပေမယ့် အနုပညာအရည်အ သွေး တောက်ပလွန်းသူကတော့ အ ဆိုတော်မလေး ရှင်းသန့်စင်ပဲဖြစ်ပါ တယ်။ သူက ဂီတတံခါးလေးဖွင့်ပါဦး သီချင်းဆိုပြိုင်ပွဲမှာ ပထမဆုရရှိထား သူပါ။ အခုအချိန်မှာတော့ ဒဂုံ(၁)မှာ ဆဋ္ဌမတန်း တက်ရောက်ပညာသင် ကြားနေပါတယ်။ သူက ပညာရေး ပိုင်းကိုလည်း မလစ်ဟင်းရအောင် ကြိုးစားရင်း ဝါသနာပါတဲ့ တေးသီ ချင်းတွေကိုလည်း သီဆိုဖျော်ဖြေနေ လျက်ရှိပါတယ်။

”သမီးက ၆ နှစ်လောက်က တည်းက သီချင်းစ သီဆိုဖြစ်ခဲ့တယ်။ အစ်ကိုကလည်း အဆိုတော်ဆိုတော့ သူ သီချင်းဆိုသွားရာနောက် လိုက် ရင်းနဲ့ သမီးလည်းသီချင်း ဆိုဖြစ်သွား တယ်။ မမမေသက်ထားဆွေကိုတော့ သမီးတအား ကြိုက်ပါတယ်”လို့ ရှင်း သန့်စင်က သူသီချင်းစဆိုဖြစ်ခဲ့ပုံကို ပြောပြပါတယ်။

သူဟာ အစ်ကိုဖြစ်သူ ညီညီသန့် စင်နဲ့အတူ မြန်မာပြည်အနှံ့ သီချင်း တွေ လိုက်လံသီဆိုနေပါပြီ။ ဒါ့အပြင် မကြာခင် မှာလည်း မောင်နှမ နှစ် ယောက်ပေါင်းပြီး စီးရီးခွေထွက်ဖို့ စီစဉ်နေပါတယ်။ ရှင်းသန့်စင်က အနုပညာမှာ ပါရမီပါလာတယ်လို့ ပြောရမှာပါ။ ဘာကြောင့်လဲဆိုတော့ သူဟာ ကိုရီးယားနိုင်ငံမှာ ရိုက် ကူးမယ့် ရုပ်ရှင်ဇာတ်ကားမှာလည်း ကလေးသရုပ်ဆောင်အဖြစ် ပါဝင် သရုပ်ဆောင်ဖို့ ရွေးချယ်ခံခဲ့ရပါ တယ်။ သရုပ်ဆောင်ပြိုင်ပွဲမှာ ဝင် ပြိုင်ဖြစ်တဲ့အကြောင်းကိုတော့ …

”သူတို့က ပထမဆုံးအင်တာဗျုး လုပ်တယ်။ ပြီးတော့နောက်နေ့ကျ တော့ သရုပ်ဆောင်ပြရမယ်လို့ ပြောတယ်။သရုပ်ဆောင်ပြရမယ်ဆိုတော့ သမီးကလည်း ရိုးရိုးလေးပဲထင်တာ ပေါ့နော်။ ဟိုလည်းရောက်ကော စင် မြင့်ကြီးပေါ်မှာတက်ပြီး သရုပ်ဆောင် ပြရတယ်။ သမီးလည်း ကြောက်တာ ပေါ့။ စိတ်လည်း လှုပ်ရှားတယ်။ အဲဒါနဲ့စင်ပေါ်လည်း ရောက်ရော ဒီအတိုင်းပဲလုပ်ပြလိုက်တယ်။ ကိုယ့် ကိုယ်ကိုယ် ရွေးချယ်ခံရမယ်တောင် မသိဘူး။ ပြီးတော့မှ ရွေးချယ်ခံ လိုက်ရတယ်။ နောက်တစ်နေ့  အိုက် တင်ထပ်လုပ်ပြရတယ်။ စင်ပေါ်မှာ တော့ မဟုတ်တော့ဘူး။ အခန်းလေး ထဲမှာ တစ်ယောက်ချင်းစီခေါ်ပြီး သရုပ်ဆောင်ပြရတာပါ။ အဲဒါနဲ့ ရွေးချယ်ခံလိုက်ရပါတယ်” လို့ ရှင်း သန့်စင်ကပြောပါတယ်။ သူဟာ အခု အချိန်မှာတော့ ဒါရိုက်တာစိုင်းဆီ မှာ သရုပ်ဆောင် သင်တန်း တက် ရောက်နေပြီး ကိုရီးယားနိုင်ငံမှာ သွားရောက်ရိုက်ကူးရမယ့် ရုပ်ရှင် ဇာတ်ကားအတွက်လည်း ပြင်ဆင်နေ ပါပြီ။

”အဲဒီဇာတ်ကားမှာတော့ က လေးသရုပ်ဆောင်နေရာကနေ သရုပ်ဆောင်ရမယ်လို့ သိရပါတယ်။ဟိုရောက်ရင်လည်း အစွမ်းကုန်ကြိုး စားသွားပါမယ်။ မြန်မာနိုင်ငံက မင်း သားတွေထဲမှာဆိုရင် ကိုကြီးမြင့်မြတ် ကို တအားသဘောကျတယ်။ မင်း သမီးထဲမှာဆိုရင် မမဝတ်မှုံရွှေရည် ကိုသဘောကျတယ်”လို့ သူက ပြောပြပါတယ်။ ဇာတ်ကား ရိုက်ကူး ရေးအတွက် ကို တော့ ဇူလိုင်လထဲမှာ ကိုရီးယားနိုင်ငံကိုသွားရောက် ရမှာ ဖြစ်ပြီး ဘယ်လောက်ကြာမယ် ဆိုတာ မသိသေးဘူးလို့ ပြောပါ တယ်။ သူ့ရဲ့ အနုပညာ plan အနေနဲ့ကတော့ ဂီတနဲ့ သရုပ်ဆောင်ပိုင်းကို မျှပြီး လုပ်ကိုင်သွားမှာဖြစ်ပြီး ပရိသတ် တွေ အနေနဲ့လည်းအားပေးကြစေလိုပါ တယ်။

လင်းအက္ခရာ၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here