တောင်ကြီးသားလေး တေးသံရှင် ခွန်ဖြူရဲ့ တစ်ကိုယ်တော် တေးစီးရီး မိတ်ဆက်ပွဲ

0
209

အနုပညာလောကကို ပထမဆုံး ခြေလှမ်းသစ်နဲ့ စတင်ဝင်ရောက်လာတဲ့ အဆိုတော် ခွန်ဖြူရဲ့ လှမ်းမယ့်ခရီး တေးစီးရီး အယ်လ်ဘမ်သစ်မိတ်ဆက်ပွဲကို Orchid Hotel  မှာ ဇွန်လ ၁၆ ရက် နေ့လယ် ၁၁ နာရီခန့်က ကျင်းပ ပြုလုပ် ခဲ့ပါတယ်။  အဲဒီပွဲနဲ့ပတ်သက်ပြီး တေးသံရှင်ခွန်ဖြူက  …

”ဒီအခွေနာမည်လေးက သီချင်းလေးတစ်ပုဒ်ရှိတယ်။ အချစ်သီချင်း လေးပါ။ ဒီအခွေထဲမှာတော့ မပါဘူး။ ကျွန်တော်ကြိုက်လို့ ပေးဖြစ်တဲ့ နာမည် လေးပါ။ ဒီအခွေမှာ သီ ချင်းစုစုပေါင်း ၁ဝ ပုဒ်ပါတယ်။ ကျွန်တော် ရေးထား တာ ၇ ပုဒ်ပါပါတယ်။ နောက်ထပ်တေးရေးတွေက ကျွန်တော့်သူငယ်ချင်း ခွန်မျိုးငဲမောင်တို့ ရေးပေးထားပါတယ်။ သီချင်း အမျိုးအစားတွေကတေွာျ့သခု ကို အခြေခံထားတဲ့တေးသီချင်းတွေပါ။ ကျွန်တော်ဒီအခွေကို အချိန်ယူ ပြီးအများကြီး ကြိုးစားထားပါတယ်။ အားပေးကြပါ”လို့ ပြောကြားခဲ့ပါ တယ်။ ဒီအခွေကို Bo Bo Music Production ကနေ ဇွန်လ ၂၁ ရက် နေ့ကစတင်ပြီး တစ်နိုင်ငံလုံးကို ဖြန့်ချိသွားလိုက်ပြီဖြစ်ပါတယ်။

ခိုင်ဝါဝင်း

ဓာတ်ပုံ-နောင်နောင်


LEAVE A REPLY

Please enter your comment!
Please enter your name here